Spots news

ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စီးရီးအေထိပ်သီးကလပ် ပြင်ဆင်

Unicode Version

အင်တာမီလန် အသင်းဟာ သူတို့ရဲ့ ကစားသမား အဲရစ်ဆင်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အေစီမီလန် ကွင်းလယ် ကစားသမား ချာဟာနိုဂလူးကို

ပစ်မှတ်ထား နေတဲ့အပြင် အသင်းမှာ ပွဲထွက်ခွင့်မရနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကိုပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဒိန်းမတ် ကွင်းလယ် ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ သူရဲ့နှလုံးပြသာနာအတွက် ဘောလုံးသမားဘဝကို ကျောခိုင်းရဖွယ် ရှိနေတာကြောင့်

သူရဲ့ကလပ်အသင်း အင်တာမီလန် ဟာလည်း အဲရစ်ဆင်နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကစားသမားသစ် တစ်ယောက်ကို အလိုရှိ နေပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန် နေခဲ့ရသလို

အရန်ကစားသမား အဖြစ်နဲ့ အချိန်ကုန် နေရတာကြောင့် သူရဲ့ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။

ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးတို့လို ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမားတွေလောက် အသင်းမှာ နေရာမရတဲ့ ဗန်ဒီဘိခ်ကို

ဥရောပ အသင်းပေါင်း များစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ စီးရီးအေ ကလပ် အင်တာမီလန်ပါ ပါဝင်လာခဲ့ပါတယ်။

အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံအသင်း အင်တာမီလန်က ယခင်ကလည်း ယူနိုက်တက်အသင်းကနေ လူကာကူ ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့လို

ကစားသမား တွေကို ခေါ်ယူခဲ့ဖူးသလို အခုလည်း ဗန်ဒီဘိခ်ကို ခေါ်ယူချင် နေတာကြောင့် ဆက်သွယ်မှုတွေ စတင် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

အီတလီ သတင်းမီဒီယာ တွေရဲ့ ဖော်ပြချက် အရ အင်တာဟာ ဗန်ဒီဘိခ်ကို တစ်ရာသီအငှားစာချုပ်နဲ့ အငှားသက်တမ်း ပြည့်ချိန် အပြီးသတ်ခေါ်ယူနိုင်ခွင့်တို့နဲ့သာ

ကမ်းလှမ်းလာ နိုင်တယ်လို့ ဖော်ပြထားခဲ့ပြီး ယူနိုက်တက် ဘက်ကတော့ ဗန်ဒီဘိခ်ကို ရောင်းချသွားဖွယ် မရှိပဲ ပိုမိုနေရာ ပေးဖွယ်သာ ရှိနေပါတယ်။

Zawgyi Version

အင္တာမီလန္အသင္းဟာ သူတို႔ရဲ႕ ကစားသမား အဲရစ္ဆင္ရဲ႕ေနရာမွာ ျပန္လည္အစားထိုးဖို႔အတြက္ ေအစီမီလန္ ကြင္းလယ္ကစားသမား ခ်ာဟာနိုဂလူးကို ပစ္မွတ္ထားေနတဲ့အျပင္ အသင္းမွာ ပြဲထြက္ခြင့္မရေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဒြန္နီ ဗန္ဒီဘိခ္ကိုပါ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

ဒိန္းမတ္ ကြင္းလယ္ကစားသမား ခရစၥတီယန္အဲရစ္ဆင္ဟာ သူရဲ႕ႏွလုံးျပသာနာအတြက္ ေဘာလုံးသမားဘဝကို ေက်ာခိုင္းရဖြယ္ ရွိေနတာေၾကာင့္ သူရဲ႕ကလပ္အသင္း အင္တာမီလန္ဟာလည္း အဲရစ္ဆင္ေနရာမွာ ျပန္လည္အစားထိုးဖို႔အတြက္ ကစားသမားသစ္တစ္ေယာက္ကို အလိုရွိေနပါတယ္။

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီကမွ ေအဂ်က္စ္ကေန ယူနိုက္တက္အသင္းဆီကို ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ အသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရသလို အရန္ကစားသမား အျဖစ္နဲ႕ အခ်ိန္ကုန္ ေနရတာေၾကာင့္ သူရဲ႕ယူနိုက္တက္ကစားသမားဘဝ အနာဂတ္ အေနအထားေတြက မေရမရာ ျဖစ္လာခဲ့ရပါတယ္။

ေပါ့ဘာ ဖာနန္ဒက္စ္ ဖရက္ဒ္ တြမ္မီေနးတို႔လို ယူနိုက္တက္ရဲ႕ ကြင္းလယ္ကစားသမားေတြေလာက္ အသင္းမွာ ေနရာမရတဲ့ ဗန္ဒီဘိခ္ကို ဥေရာပအသင္းေပါင္းမ်ားစြာကေန ေစာင့္ၾကည့္လ်က္ရွိေနၿပီး ဒီအသင္းေတြထဲမွာ စီးရီးေအ ကလပ္ အင္တာမီလန္ပါ ပါဝင္လာခဲ့ပါတယ္။

အီတလီစီးရီးေအၿပိဳင္ပြဲရဲ႕ ခ်န္ပီယံအသင္း အင္တာမီလန္က ယခင္ကလည္း ယူနိုက္တက္အသင္းကေန လူကာကူ ဆန္းခ်က္ဇ္နဲ႕ အက္ရွ္ေလယန္းတို႔လို ကစားသမားေတြကို ေခၚယူခဲ့ဖူးသလို အခုလည္း ဗန္ဒီဘိခ္ကို ေခၚယူခ်င္ေနတာေၾကာင့္ ဆက္သြယ္မႈေတြ စတင္လုပ္ေဆာင္ဖြယ္ ရွိေနပါတယ္။

အီတလီ သတင္းမီဒီယာ ေတြရဲ႕ ေဖာ္ျပခ်က္အရ အင္တာဟာ ဗန္ဒီဘိခ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႕ အငွားသက္တမ္းျပည့္ခ်န္ အၿပီးသတ္ေခၚယူနိုင္ခြင့္တို႔နဲ႕သာ ကမ္းလွမ္းလာနိုင္တယ္လို႔ ေဖာ္ျပထားခဲ့ၿပီး ယူနိုက္တက္ဘက္ကေတာ့ ဗန္ဒီဘိခ္ကို ေရာင္းခ်သြားဖြယ္ မရွိပဲ ပိုမိုေနရာေပးဖြယ္သာ ရွိေနပါတယ္။