Spots news

ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးက ပွဲအကြပ်ဆုံးဖြစ်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယား

Unicode Version

ရာသီသစ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ အဖွင့်ပွဲစဉ်မှာ စပါးအသင်းဟာ လက်ရှိချန်ပီယံ မန်စီးတီးကို အိမ်ကွင်းမှာဧည့်ခံရမှာပါ။

နှစ်သင်းလုံးအတွက် ပွဲကျပ်နဲ့စတင်ရင်ဆိုင်ရတာလို့ ဆိုနိုင်ပေမယ့် ချန်ပီယံလိဂ်ဖလားပိုင်ရှင်ချဲလ်ဆီးက အဆိုးဆုံးဖြစ်နေပါတယ်။

ဗြိတိန်အခြေစိုက် Daily Mail သတင်းစာကဆိုရင် ချဲလ်ဆီးကို ပထမဆုံးအကြိမ် ရာသီပြည့်ကိုင်တွယ်မယ့် တူချယ်အတွက် အိပ်မက်ဆိုးလို့တောင် ရေးသားထားပါတယ်။

အကြောင်းကတော့ ချဲလ်ဆီးရဲ့ ပထမဆုံး ၅ ပွဲမှာ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းရှိတဲ့အနက် ၃ သင်းကို အဝေးကွင်းမှာရင်ဆိုင်ရမှာကြောင့်ပါပဲ။

အဖွင့်ပွဲအဖြစ် စပါးနဲ့ မန်စီးတီးတို့ဆုံတွေ့နေချိန်၊ မန်ယူက လိဒ်၊ လီဗာပူးက တန်းတက်နောဝှစ်ချ်တို့နဲ့ကစားနေချိန်မှာ ချဲလ်ဆီးဟာ ပဲလေ့စ်နဲ့ကစားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးရဲ့ နောက်ထပ်အဝေးကွင်း ၃ ပွဲဟာ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့နဲ့ဖြစ်နေပါတယ်။ ၆ ပွဲမြောက်ကတော့ လက်ရှိချန်ပီယံမန်စီးတီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာပါ။

ဒီအချိန်မှာ ဆိုးလ်ရှားရဲ့မန်ယူဟာ အောက်တိုဘာလ ၁၆ ရက်အထိ ထိပ်သီး ၆ သင်းနဲ့ တွေ့ဆုံခြင်းမရှိတာ တွေ့ရပါတယ်။

ရာသီနောက်ဆုံးပိတ် ပွဲစဉ်မှာတော့ ချဲလ်ဆီး၊ လက်စတာ၊ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အိမ်ကွင်းမှာ ဝက်ဖို့ဒ်၊ ဆောက်သမ်တန်၊ ဝုဗ်နဲ့ ဗီလာတို့နဲ့ကစားရမှာဖြစ်တာကြောင့်

အားသာချက် တွေတော့ ရဖို့ရှိနေပါတယ်။ ဒါဘီပွဲအနေနဲ့တော့ ပထမဆုံးမန်ချက်စတာဒါဘီကို အိုးလ်ထရက်ဖို့ဒ်မှာ နိုဝင်ဘာလ ၆ ရက်နေ့မှာ

ကစားမှာဖြစ်ပါတယ်။ စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပထမဆုံး လန်ဒန်မြောက်ပိုင်း ဒါဘီကိုတော့ စက်တင်ဘာ ၂၅ မှာ ရှုစားကြရမှာပါ။

Credit to Original Uploader

Zawgyi Version

ရာသီသစ္အတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ဇယားကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ အဖြင့္ပြဲစဥ္မွာ စပါးအသင္းဟာ လက္ရွိခ်န္ပီယံ မန္စီးတီးကို အိမ္ကြင္းမွာဧည့္ခံရမွာပါ။

ႏွစ္သင္းလုံးအတြက္ ပြဲက်ပ္နဲ႕စတင္ရင္ဆိုင္ရတာလို႔ ဆိုနိုင္ေပမယ့္ ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ခ်ဲလ္ဆီးက အဆိုးဆုံးျဖစ္ေနပါတယ္။

ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာကဆိုရင္ ခ်ဲလ္ဆီးကို ပထမဆုံးအႀကိမ္ ရာသီျပည့္ကိုင္တြယ္မယ့္ တူခ်ယ္အတြက္ အိပ္မက္ဆိုးလို႔ေတာင္ ေရးသားထားပါတယ္။

အေၾကာင္းကေတာ့ ခ်ဲလ္ဆီးရဲ႕ ပထမဆုံး ၅ ပြဲမွာ ပရီးမီးယားလိဂ္ ထိပ္သီး ၆ သင္းရွိတဲ့အနက္ ၃ သင္းကို အေဝးကြင္းမွာရင္ဆိုင္ရမွာေၾကာင့္ပါပဲ။

အဖြင့္ပြဲအျဖစ္ စပါးနဲ႕ မန္စီးတီးတို႔ဆုံေတြ႕ေနခ်ိန္၊ မန္ယူက လိဒ္၊ လီဗာပူးက တန္းတက္ေနာဝွစ္ခ်္တို႔နဲ႕ကစားေနခ်ိန္မွာ ခ်ဲလ္ဆီးဟာ ပဲေလ့စ္နဲ႕ကစားရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ခ်ဲလ္ဆီးရဲ႕ေနာက္ထပ္အေဝးကြင္း ၃ ပြဲဟာ အာဆင္နယ္၊ လီဗာပူး၊ စပါးတို႔နဲ႕ျဖစ္ေနပါတယ္။ ၆ ပြဲေျမာက္ကေတာ့ လက္ရွိခ်န္ပီယံမန္စီးတီးကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္ခံရမွာပါ။

ဒီအခ်ိန္မွာ ဆိုးလ္ရွားရဲ႕မန္ယူဟာ ေအာက္တိုဘာလ ၁၆ ရက္အထိ ထိပ္သီး ၆ သင္းနဲ႕ေတြ႕ဆုံျခင္းမရွိတာ ေတြ႕ရပါတယ္။

ရာသီေနာက္ဆုံးပိတ္ ပြဲစဥ္မွာေတာ့ ခ်ဲလ္ဆီး၊ လက္စတာ၊ လီဗာပူးနဲ႕ မန္စီးတီးတို႔ဟာ အိမ္ကြင္းမွာ ဝက္ဖို႔ဒ္၊ ေဆာက္သမ္တန္၊ ဝုဗ္နဲ႕ ဗီလာတို႔နဲ႕ကစားရမွာျဖစ္တာေၾကာင့္

အားသာခ်က္ေတြေတာ့ ရဖို႔ရွိေနပါတယ္။ ဒါဘီပြဲအေနနဲ႕ေတာ့ ပထမဆုံးမန္ခ်က္စတာဒါဘီကို အိုးလ္ထရက္ဖို႔ဒ္မွာ နိုဝင္ဘာလ ၆ ရက္ေန႕မွာ

ကစားမွာျဖစ္ပါတယ္။ စပါးနဲ႕အာဆင္နယ္တို႔ရဲ႕ ပထမဆုံးလန္ဒန္ေျမာက္ပိုင္းဒါဘီကိုေတာ့ စက္တင္ဘာ ၂၅ မွာ ရႈစားၾကရမွာပါ။