Spots news

လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူမယ့် အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးအသင်းရဲ့

အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်ဖို့

ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး အင်အားဖြည့်တင်းဖို့ လျာထားတဲ့ နေရာတွေကတော့ ကွင်းလယ် ၊ ညာနောက်ခံလူနဲ့ ဗဟိုခံစစ် နေရာတို့ပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်ထားပြီး အသင်းရဲ့ ကွင်းလယ်လူ ချာကာကို

ရိုးမားအသင်းထံ ရောင်းချပြီးပါက ကွင်းလယ်တိုက်စစ် ကစားသမား တဦးနဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးတို့ကို

ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ကာ လက်စတာအသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မက်ဒီဆင်ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာရဲ့

စိတ်ကြိုက် ကစားသမားတဦး ဖြစ်ကြောင်း အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ ကြုံတွေ့ခဲ့ရ တာကြောင့်

ယူရို ၂၀၂၀ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လူစာရင်းနဲ့ လွဲချော်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ထိပ်တန်းအဆင့် တခုမှာ ရှိနေဆဲပါ။

မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စတာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ

ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းက မက်ဒီဆင်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။

လန်ဒန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လက်စတာ အသင်းဟာ မက်ဒီဆင်ကို ရောင်းချဖို့ တွန့်ဆုတ်နေပေမယ့် မက်ဒီဆင်ကသာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့

သဘောတူခဲ့မယ် ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် ရရှိရင် ရောင်းချနိုင်ကြောင်းနဲ့ အာဆင်နယ်အသင်း ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္အသင္း တသင္း ျဖစ္တဲ့ လက္စတာ စီးတီးအသင္းရဲ႕ အဂၤလန္ ကြင္းလယ္တိုက္စစ္ ကစားသမား မက္ဒီဆင္ကို ေခၚယူဖို႔ အတြက္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရွိရပါတယ္။

ယခုႏွစ္ ေဘာလုံးရာသီမွာ ဥေရာပဝင္ခြင့္နဲ႕ လြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ လက္ရွိ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္းမွာ အသင္းကို အားျဖည့္မႈေတြ လုပ္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ အသင္းတသင္း ျဖစ္ၿပီး အင္အားျဖည့္တင္းဖို႔ လ်ာထားတဲ့ ေနရာေတြကေတာ့ ကြင္းလယ္ ၊ ညာေနာက္ခံလူနဲ႕ ဗဟိုခံစစ္ ေနရာတို႔ပဲ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ႀကီးႀကီးမားမား ေျပာင္းလဲဖို႔ စီစဥ္ထားၿပီး အသင္းရဲ႕ ကြင္းလယ္လူ ခ်ာကာကို ရိုးမားအသင္းထံ ေရာင္းခ်ၿပီးပါက ကြင္းလယ္တိုက္စစ္ ကစားသမား တဦးနဲ႕ ကြင္းလယ္ခံစစ္ ကစားသမား တဦးတို႔ကို

ျပန္လည္ ေခၚယူသြားမွာ ျဖစ္ကာ လက္စတာအသင္းရဲ႕ အဓိက ကြင္းလယ္တိုက္စစ္ ကစားသမား ျဖစ္သူ မက္ဒီဆင္ဟာ အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာရဲ႕ စိတ္ႀကိဳက္ ကစားသမားတဦး ျဖစ္ေၾကာင္း အာဆင္နယ္အသင္းနဲ႕ နီးစပ္သူေတြက အတည္ျပဳထားပါတယ္။

အသက္ ၂၄ႏွစ္ အ႐ြယ္ အဂၤလန္ ကြင္းလယ္တိုက္စစ္ ကစားသမား မက္ဒီဆင္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဒဏ္ရာျပႆနာ တခ်ိဳ႕ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ယူရို ၂၀၂၀ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းရဲ႕ လူစာရင္းနဲ႕ လြဲေခ်ာ္ခဲ့ေပမယ့္ သူ႕ရဲ႕ ေျခစြမ္းကေတာ့ ထိပ္တန္းအဆင့္ တခုမွာ ရွိေနဆဲပါ။

မက္ဒီဆင္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ လက္စတာအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၂ပြဲအထိ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၁ဂိုး အထိ သြင္းယူထားနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၁၀ႀကိမ္ အထိ ျပဳလုပ္ထားနိုင္ပါတယ္။ ဒါေၾကာင့္ပဲ အာဆင္နယ္အသင္းက မက္ဒီဆင္ကို ေခၚယူဖို႔ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ေနပါတယ္။

လန္ဒန္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ လက္စတာ အသင္းဟာ မက္ဒီဆင္ကို ေရာင္းခ်ဖိဳ႕ တြန႔္ဆုတ္ေနေပမယ့္ မက္ဒီဆင္ကသာ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူခဲ့မယ္ ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၀သန္း ဝန္းက်င္ ရရွိရင္ ေရာင္းခ်နိဳင္ေၾကာင္းနဲ႕ အာဆင္နယ္အသင္း ကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀ သန္းနဲ႕ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရပါတယ္။