Unicode Version
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ့အသင်းဟောင်းက ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့
ဒေ့ါမွန်အသင်း တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုဟာ အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း ချီးကျူးစကားဆိုလိုက်ပါတယ်။
မန်စီးတီး လူငယ် ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့bကာလရှည် ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။
ဆန်ချိုရဲ့အပြောင်းအရွှေ့ အတွက် ဒေ့ါမွန်နဲ့ ယူနိုက်တက် အသင်းတာဝန်ရှိ သူတွေဟာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေကြပြီး လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲ အပြီးလောက်မှာ ဆန်ချိုကို ယူနိုက်တက်အသင်း ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။
အဲဒါကြောင့် ယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကလည်း ဆန်ချိုကို ကြိုးပမ်းနေမှုနဲ့ပတ်သက်လို့ ထောက်ခံစကား ဆိုခဲ့ပြီး ဆန်ချိုရဲ့ခြေစွမ်းကို ချီးကျူးစကား ဆိုခဲ့တာပါ။ “ဆန်ချိုဟာ ပြိုင်ဘက်နဲ့ တစ်ယောက်ချင်း
ရင်ဆိုင်ရတဲ့ အခါမျိုးမှာ အကောင်းဆုံးကျော်ဖြတ်နိုင်ပြီး အသင်းဖော်တွေ အတွက် ဂိုးဖန်တီးပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်သူ ဖြစ်တာကြောင့် သူဟာ ပြိုင်ဘက် အသင်းတိုင်းကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ။
ဒေ့ါမွန်အသင်းအတွက် ခြေစွမ်းပြ ကစားနေသလို သူက အလားအလာကောင်းတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်ချိုဟာ
အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲ အောင်မြင်မှု ရရှိရေး မျှော်လင့်ချက်အတွက် အရေးပါတဲ့သူအဖြစ် သတ်မှတ်ခံ ထားရတာပဲဖြစ်ပါတယ်”လို့ပြောကြား ခဲ့ပါတယ်။
Credit to Original Uploader
Zawgyi Version
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ သူ့အသင်းဟောင်းက ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းနေတဲ့ ဒေါ့မွန်အသင်း တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးစကားဆိုလိုက်ပါတယ်။
မန်စီးတီးလူငယ်ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့ကာလရှည်ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။
ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် ဒေါ့မွန်နဲ့ ယူနိုက်တက် အသင်းတာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေကြပြီး လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲအပြီးလောက်မှာ ဆန်ချိုကို ယူနိုက်တက်အသင်း ခေါ်ယူနိုင်ဖို့ရှိနေပါတယ်။