Unicode Version
ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ် ကစားသမား အာဝါအား ပြောင်းရွေ့ကြေး
ပေါင်သန်း (၂၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက်သတင်း ဌာနများက ဖော်ပြသွားပါတယ်။
အာဆင်နယ်အသင်းဟာ အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ် ကွင်းလယ်လူ အာဝါအား ခေါ်ယူရန် ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီ အပြောင်းအရွှေ့
ကာလကလည်း ကြိုးပမ်းခဲ့ဖူးပြီး ပေါင်သန်း (၃၀) ဖြင့် ကမ်းလှမ်းခဲ့သော်လည်း လိုင်ယွန်အသင်းက ပယ်ချခဲ့ကြောင်း သိရပါတယ်။
သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံး
ရာသီက ကွင်းလယ် ကစားသမား အာဝါအနေဖြင့် အသင်းအတွက်
ခြေစွမ်းပြသ နိုင်ခဲ့ခြင်းမရှိသလို၊ လိုင်ယွန်အသင်းဟာလဲ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။
ထို့ကြောင့် အာဝါရဲ့ အပြောင်းအရွေ့ စျေးကွက်တန်ကြေးမှာ လျှော့ကျသွားခဲ့ပြီး အာဆင်နယ်အသင်းက ကစားသမားကို
ပေါင်သန်း (၂၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
အာဝါဟာ လိုင်ယွန်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းက
၎င်းကို တစ်ပတ်လစာ ပေါင် (၁၀၀၀၀၀) ပေးချေသွားရန် သွားရန်ရှိနေကြောင်းလည်း သိရှိ ရပါတယ်။
လာမည့် ၂၀၂၁-၂၂ ရာသီအတွက် အသင်းကို အင်အား ဖြည့်တင်းရန် စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ အာဝါအပြင်
လက်စတာ ကွင်းလယ်ကစားသမား မတ်ဒီဆင် နှင့် ရီးရဲလ် လူငယ်ကွင်းလယ် ကစားသမား အော်ဒီဂွါတို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထား နေကြောင်း သိရှိရပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ အာဆင္နယ္အသင္းဟာ လိုင္ယြန္ကြင္းလယ္ ကစားသမား အာဝါအား ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း (၂၀)ျဖင့္ ကမ္းလွမ္းရန္ စီစဥ္ေနေၾကာင္း ၿဗိတိန္အေျခစိုက္သတင္း ဌာနမ်ားက ေဖာ္ျပသြားပါတယ္။
အာဆင္နယ္အသင္းဟာ အသက္ (၂၂)ႏွစ္အ႐ြယ္ရွိ ျပင္သစ္ကြင္းလယ္လူ အာဝါအား ေခၚယူရန္ ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလကလည္း ႀကိဳးပမ္းခဲ့ဖူးၿပီး ေပါင္သန္း (၃၀) ျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း လိုင္ယြန္အသင္းက ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။
သို႔ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ေဘာလုံး
ရာသီက ကြင္းလာ္ကစားသမား အာဝါအေနျဖင့္ အသင္းအတြက္ ေျခစြမ္းျပသ နိုင္ခဲ့ျခင္းမရွိသလို၊ လိုင္ယြန္အသင္းဟာလဲ ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆုံးရႈံးခဲ့ရပါတယ္။
ထို႔ေၾကာင့္ အာဝါရဲ႕ အေျပာင္းအေ႐ြ႕ ေစ်းကြက္တန္ေၾကးမွာ ေလွ်ာ့က်သြားခဲ့ၿပီး အာဆင္နယ္အသင္းက ကစားသမားကို ေပါင္သန္း (၂၀)ျဖင့္ ကမ္းလွမ္းရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။
အာဝါဟာ လိုင္ယြန္အသင္းႏွင့္ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနသူျဖစ္ၿပီး အာဆင္နယ္အသင္းက ၎ကို တစ္ပတ္လစာ ေပါင္ (၁၀၀၀၀၀) ေပးေခ်သြားရန္ သြားရန္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။
လာမည့္ ၂၀၂၁-၂၂ ရာသီအတြက္ အသင္းကို အင္အားျဖည့္တင္းရန္ စီစဥ္ေနတဲ့ အာဆင္နယ္အသင္းဟာ အာဝါအျပင္ လက္စတာကြင္းလယ္ကစားသမား မတ္ဒီဆင္ ႏွင့္ ရီးရဲလ္ လူငယ္ကြင္းလယ္ ကစားသမား ေအာ္ဒီဂြါတို႔ကိုလည္း ေခၚယူရန္ ပစ္မွတ္ထားေနေၾကာင္း သိရွိရပါတယ္။