Spots news

ယူနိုက်တက်မှာ ဆက်နေဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲဆိုတာ ဖွင့်ဟသွားခဲ့တဲ့ တိုက်စစ်မှူးကာဗာနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီကတော့ ယူနိုက်တက် အသင်းမှာ ဘာကြောင့် ဆက်နေဖို့ဆုံးဖြတ်ခဲ့သလဲဆိုတာကို ရှင်းပြသွားခဲ့တာ တွေ့ရတယ် ။

ပြီးခဲ့တဲ့ရာသီကုန်က ကာဗာနီ သည် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး တောင်အမေရိကကို ပြန်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ 9 လက ယူနိုက်တက် အသင်းသည် ကာဗာနီ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ကနဦး တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ စာချုပ်မှာ နောက်ထပ် တိုးခွင့်ပါရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ကာဗာနီ ဟာ ယူန်ုက်တက် နဲ့ သဟဇာတ ဖြစ်နေပြီး ခြေစွမ်းပြ ဂိုး တွေ သွင်းနေသလို ဒီရာသီ ပြိုင်ပွဲစုံ မှာ ကာဗာနီ ဟာ သွင်းဂိုး 17 ဂိုး နဲ့ ဂိုးဖန်တီးမှူ 5 ကြိမ် ပြုလုပ်ထားနိုင်တာ တွေ့ရပါတယ်။

ဒါ့အပြင်ကာဗာနီ သည် 92 မိနစ် ပြည့်တိုင်း သွင်းဂိုး 1 ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု 1 ကြိမ် ပြုလုပ်ပေးထားနိုင်တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်က ကာဗာနီကို 1 နှစ် စာချုပ်သက်တမ်းတိုးခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ ကာဗာနီက ယူနိုက်မှာ ဘာကြောင့် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရတာလည်းဆိုတာကို ဖွင့်ဟသွားခဲ့ပါတယ်။

ကာဗာနီက ” ကျနော် ဒီမှာ တနှစ်ထက်ပိုပြီးနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီမှာဆက်နေဖို့ အကြောင်းအရင်းတခုက ယူနိုက်တက်က အသင်းကောင်းတသင်းဖြစ်လို့ပါ။ ညှိနှိုင်းဆွေးနွေးမှုတွေတော့ ရှိခဲ့ပါတယ်။ ပြီးတော့ ကျနော့်ရဲ့အကိုအေးဂျင့်နဲ့လည်း စကားပြောမှုအချို့ ရှိခဲ့ပါတယ်။

ဒါတွေက ဘောလုံးမှာ ဖြစ်လေ့ရှိတဲ့အရာတွေဖြစ်ပြီး သာမာန်ပါပဲ။ မသေချာမှုတွေလည်း ရှိခဲ့ပါတယ်။ ကျတော် တောင်အမေရိကန်ကို ပြန်ပြီး အဲဒိမှာပဲ ကစားရမယ်ဆိုပြီးပေါ့။ဒါတွေက ကျနော် တွေးခဲ့တဲ့အရာတွေပါ။”

” ဒါပေမယ့် လူသားတိုင်းက သူတို့ရဲ့ရည်မှန်းချက်ကို အခြေခံပြီး ဘ၀ကိုတည်ဆောက်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ မင်းအနေနဲ့ အောင်မြင်မှုအတွက် ဆာလောင်မှုတွေ ၊ သေချာတဲ့ရည်မှန်းချက်တွေ ရှိရပါမယ်။

ဘောလုံးရှုထောင့်ကနေဆိုရင် ကျနော့်ရဲ့ရည်မှန်းချက်က နိုင်ငံလက်ရွေးစင်အသင်းနဲ့လည်း ရှိပါသေးတယ်။ ကာတာမှာ ကျင်းပမယ့် ကမ္ဘ္ဘာ့ဖလားကို သွားဖို့ပါ။

ဒါဟာ ကျနော့်အတွက် နောက်ဆုံး ခြေလှမ်းဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ကျနော့်ရဲ့မိသားစု၊ ရင်းနီးတဲ့သူတွေအတွက် အချိန်ပေးရပါလိမ့်မယ်။ ” ဟု ဆိုသွားခဲ့လိုက်ပါတယ်။

Credit