Spots news

မျှတမှု လုံးဝမရှိခဲ့တဲ့ ကာဗာနီရဲ့ ပြစ်ဒဏ်

Unicode Version

တစ်ဘက်သားကို နစ်နာ စေလိုတဲ့ ရည်ရွယ်ချက်မပါဝင်ပဲ သုံးစွဲလိုက်တဲ့ စကားလုံးလေး တစ်ခုဟာ လူမျိုးရေး ခွဲခြားမှု ဖြစ်စေတဲ့ အသုံးအနှုန်း မသုံးစွဲရ ဆိုတဲ့ စည်းမျဉ်း ချိုးဖောက် ခဲ့တယ်လို့ဆုံးဖြတ် ခဲ့ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ကနေ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကို ( ၃ ) ပွဲပယ် ပြစ်ဒဏ် နှင့် ဒဏ်ငွေ ပေါင်( ၁ ) သိန်း ပေးဆောင်ရန် ချမှတ် လိုက်ပါတယ်။

ထိုပြစ်ဒဏ်က ကာဗာနီ အတွက် မျှတတယ် မဆိုသာပါဘူး။ သူကိုယ်တိုင် လူမျိူးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ တက်ကြွ လှုပ်ရှားသူပါ လို့ပြောခဲ့ ပေမယ့် မရည်ရွယ်တဲ့ တမင် သက်သက် မဟုတ်တဲ့ အမှား တစ်ခုကြောင့် အသင်းနဲ့ အထိုင် ကျပြီး ခြေစွမ်းပြကာစ ကာဗာနီ အတွက် အတန်ငယ် ရက်စက်တဲ့ ပြစ်ဒဏ်ပါ။ ယူနိုက်တက်ဖန်တွေ အနေနဲ့ လက်ခံစရာ မရှိ ဖြစ်လျက် နေပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့လက ဆောက်သမ်တန်အသင်းကို 3-2 ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီး လူမှုကွန်ရက် မှ ပိုစ့်ကြောင့် အဆိုပါ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး သူ့အနေနဲ့ အယူခံဝင်သွားဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ အနိုင်သွင်းဂိုးသွင်းနိုင်ခဲ့တဲ့ ပုံကို အင်စတာဂရမ်မှာ တင်ထားခဲ့ချိန်မှာ သူငယ်ချင်း တစ်ယောက်က postမှာ Asi te quiero , Matador ရေးခဲ့ရာမှာ သူကပြန်လည်ပြီး” Gracias negrito ” လို့ရေးပြီး သူ့ရဲ့ အင်စတာဂရမ် story မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

” Gracias negrito “ရဲ့ အင်္ဂလိပ် ဘာသာ အဓိပ္ပယ်က ” thanks black ” လို့ အဓိပ္ပါယ်ရပေမယ့် ” El Matador ” လို့ ချစ်စနိုး ခေါ်ကြတဲ့ ကာဗာနီက ” I love you like this , Matador ” လို့ အဓိပ္ပါယ် ရတဲ့ ” Asi te quiero , Matador ” လို့ ရေးထားတဲ့ သူငယ်ချင်းကို အဆိုပါ စာသားနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကာဗာနီက စည်းမျဉ်း တွေနဲ့ မကိုက် ညီကြောင်း အသိပေး ခံရပြီးချင်း အဆိုပါ post ကို ဖျက်ပစ် ခဲ့ပေမယ့် FA ကတော့ စည်းမျဉ်း E3.2 အရ လူမျိုး / အသား အရောင် ခွဲခြားမှု ပြုတယ်လို့ ဆုံးဖြတ်ခဲ့ပြီး သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီဟာ အဆိုပါ ပြစ်ဒဏ်ကြောင့် နှစ်သစ်ကူးနေ့မှာ ကစားရမယ့် အက်စတွန် ဗီလာနဲ့ ပွဲစဉ်အပါ အဝင် ၊ ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးနဲ့ ကစားရမယ့် ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် ၊ဇန်နဝါရီ ( ၉ ) ရက်နေ့မှာ ဝက်ဖို့ဒ် အသင်းနဲ့ အက်အေ ဖလား တတိယ အဆင့် ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ကာဗာနီဟာလည်း သူရေးသားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူမျိုးရေးခွဲခြားမှု မရှိခဲ့သလို သူဟာ အသားအရောင် ခွဲခြား တတ်သူ မဟုတ် ကြောင်းလည်း ရှင်းလင်းပြောကြား ထားတဲ့ post ကို ပြန်လည် တင်ပြထားခဲ့ပါတယ်။ ယူနိုက်တက်က ကာဗာနီဟာ ရိုးသားတဲ့ အမှားတစ်ခု ကျူးလွန် ခဲ့တာလို့ ယုံကြည်ပြီး အက်ဖ်အေ ရဲ့ စည်းမျဉ်းတွေကို နားလည်ပေမယ့် အင်စတာဂရမ် post တစ်ခုကြောင့် ယခုလို ကြီးမားတဲ့ ပြစ်ဒဏ် မချမှတ်သင့်ကြောင်း ဖော်ပြ ခဲ့ပါတယ်။

Zawgyi Version

တစ္ဘက္သားကို နစ္နာ ေစလိုတဲ့ ရည္႐ြယ္ခ်က္မပါဝင္ပဲ သုံးစြဲလိုက္တဲ့ စကားလုံးေလး တစ္ခုဟာ လူမ်ိဳးေရးခြဲျခားမႈျဖစ္ေစတဲ့ အသုံးအႏႈန္းမသုံးစြဲရဆိုတဲ့ စည္းမ်ဥ္းခ်ိဳးေဖာက္မႈခဲ့တယ္လို႔ဆုံးျဖတ္ခဲ့ၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး ကာဗာနီကို ( ၃ ) ပြဲပယ္ ျပစ္ဒဏ္ ႏွင့္ ဒဏ္ေငြ ေပါင္( ၁ ) သိန္း ေပးေဆာင္ရန္ ခ်မွတ္ လိုက္ပါတယ္။

ထိုျပစ္ဒဏ္က ကာဗာနီ အတြက္ မွ်တတယ္ မဆိုသာပါဘူး။ သူကိုယ္တိုင္ လူမ်ိဴးေရး ခြဲျခားမႈကို ဆန႔္က်င္တဲ့ တက္ႂကြ လႈပ္ရွားသူပါ လို႔ေျပာခဲ့ ေပမယ့္ မရည္႐ြယ္တဲ့ တမင္ သက္သက္ မဟုတ္တဲ့ အမွား တစ္ခုေၾကာင့္ အသင္းနဲ႕ အထိုင္ က်ၿပီး ေျခစြမ္းျပကာစ ကာဗာနီ အတြက္ အတန္ငယ္ ရက္စက္တဲ့ ျပစ္ဒဏ္ပါ။ ယူနိုက္တက္ဖန္ေတြ အေနနဲ႕ လက္ခံစရာ မရွိ ျဖစ္လ်က္ ေနပါတယ္။

ကာဗာနီဟာ ၿပီးခဲ့တဲ့လက ေဆာက္သမ္တန္အသင္းကို 3-2 ျဖင့္ အနိုင္ရခဲ့တဲ့ ပြဲစဥ္ အၿပီး လူမႈကြန္ရက္ မွ ပိုစ့္ေၾကာင့္ အဆိုပါ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရတာ ျဖစ္ၿပီး သူ႕အေနနဲ႕ အယူခံဝင္သြားဖို႔ အစီအစဥ္ မရွိေၾကာင္း သိရပါတယ္။ ဥ႐ုေဂြး တိုက္စစ္မႉး ကာဗာနီဟာ အနိုင္သြင္းဂိုးသြင္းနိုင္ခဲ့တဲ့ ပုံကို အင္စတာဂရမ္မွာ တင္ထားခဲ့ခ်ိန္မွာ သူငယ္ခ်င္း တစ္ေယာက္က postမွာ Asi te quiero , Matador ေရးခဲ့ရာမွာ သူကျပန္လည္ၿပီး” Gracias negrito ” လို႔ေရးၿပီး သူ႕ရဲ႕ အင္စတာဂရမ္ story မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

” Gracias negrito “ရဲ႕ အဂၤလိပ္ ဘာသာ အဓိပၸယ္က ” thanks black ” လို႔ အဓိပၸါယ္ရေပမယ့္ ” El Matador ” လို႔ ခ်စ္စနိုး ေခၚၾကတဲ့ ကာဗာနီက ” I love you like this , Matador ” လို႔ အဓိပၸါယ္ ရတဲ့ ” Asi te quiero , Matador ” လို႔ ေရးထားတဲ့ သူငယ္ခ်င္းကို အဆိုပါ စာသားနဲ႕ တုံ႕ျပန္ခဲ့တာ ျဖစ္ပါတယ္။ ကာဗာနီက စည္းမ်ဥ္း ေတြနဲ႕ မကိုက္ ညီေၾကာင္း အသိေပး ခံရၿပီးခ်င္း အဆိုပါ post ကို ဖ်က္ပစ္ ခဲ့ေပမယ့္ FA ကေတာ့ စည္းမ်ဥ္း E3.2 အရ လူမ်ိဳး / အသား အေရာင္ ခြဲျခားမႈ ျပဳတယ္လို႔ ဆုံးျဖတ္ခဲ့ၿပီး သုံးပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

  • ကာဗာနီဟာ အဆိုပါ ျပစ္ဒဏ္ေၾကာင့္ ႏွစ္သစ္ကူးေန႕မွာ ကစားရမယ့္ အက္စတြန္ ဗီလာနဲ႕ ပြဲစဥ္အပါ အဝင္ ၊ ဗုဒၶဟူးေန႕မွာ မန္စီးတီးနဲ႕ ကစားရမယ့္ ကာရာေဘာင္ ဖလား ဆီမီး ဖိုင္နယ္ ပြဲစဥ္ ၊ဇန္နဝါရီ ( ၉ ) ရက္ေန႕မွာ ဝက္ဖို႔ဒ္ အသင္းနဲ႕ အက္ေအ ဖလား တတိယ အဆင့္ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ ကာဗာနီဟာလည္း သူေရးသားခဲ့တဲ့ ကိစၥနဲ႕ ပတ္သက္လို႔ လူမ်ိဳးေရးခြဲျခားမႈ မရွိခဲ့သလို သူဟာ အသားအေရာင္ ခြဲျခား တတ္သူ မဟုတ္ ေၾကာင္းလည္း ရွင္းလင္းေျပာၾကား ထားတဲ့ post ကို ျပန္လည္ တင္ျပထားခဲ့ပါတယ္။ ယူနိုက္တက္က ကာဗာနီဟာ ရိုးသားတဲ့ အမွားတစ္ခု က်ဴးလြန္ ခဲ့တာလို႔ ယုံၾကည္ၿပီး အက္ဖ္ေအ ရဲ႕ စည္းမ်ဥ္းေတြကို နားလည္ေပမယ့္ အင္စတာဂရမ္ post တစ္ခုေၾကာင့္ ယခုလို ႀကီးမားတဲ့ ျပစ္ဒဏ္ မခ်မွတ္သင့္ေၾကာင္း ေဖာ္ျပ ခဲ့ပါတယ္။