Spots news

ဆုဖလားတွေရယူဖို့ ဆရာဟောင်းနဲ့ ပြန်လက်တွဲဖို့ ပြင်ဆင်နေတဲ့ ဟယ်ရီကိန်း

Unicode Version

လက်ရှိအချိန်မှာ အသင်းကထွက်ခွာခွင့် တောင်းဆိုထားတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် ပြင်ပသို့ ထွက်ကစားရန် ဆုံးဖြတ်ထားပြီး

ဆရာဟောင်းဖြစ်သူ ပိုချက်တီနိုနှင့် ပြန်လက်တွဲရန်အတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လိုကြောင်း အင်္ဂလန်ရှိ ဘောလုံးမီဒီယာတစ်ခုက ရေးသားဖော်ပြ ထားပါတယ်

ကိန်းဟာ အသင်းနည်းပြ မော်ရင်ဟိုကို အသင်းက ထုတ်ပယ်လိုက်တဲ့ အတွက် မကျေမနပ် ဖြစ်နေသူဖြစ်ပြီး လက်ရှိအချိန်မှာ စပါးအသင်းရဲ့ နည်းပြရှာဖွေနေမှု ဟာလဲ

အဆင်မပြေ ဖြစ်လျက် ရှိ နေပါတယ်။ စပါးအသင်းရဲ့ ပစ်မှတ်များဖြစ်ကြသော နာဂယ်စ်မန်း၊ ကွန်တီ၊ ဖွန်ဆီကာတို့မျာ အကြောင်း အမျိုးမျိုးကြောင့် ရာထူးကို လက်မခံနိုင် ဖြစ်နေတာပါ။

ဟယ်ရီကိန်းကို ခေါ်ယူဖို့ ချဲလ်ဆီး၊ မန်စီးတီးနှင့် မန်ယူအပါအဝင် ဥရောပအသင်းကြီး တချို့က ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြပြီး ယခုကဲ့သို့ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ယူရို ၂၀၂၁ အပြီးတွင် သူ၏ အပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်းလည်း ပြီးခဲ့သည့်လက ပြောဆိုခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ပီအက်စ်ဂျီမှ အသက် 22 နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေမှာ ရီးရဲသို့ ပြောင်းရွှေ့လို နေတဲ့အတွက် ပီအက်စ်ဂျီအသင်းဟာလဲ

တိုက်စစ်မြှားဦးနေရာတွင် ကစားမည့် တိုက်စစ်မှူးသစ်တစ်ဦးကို ရှာဖွေနေပြီး ဒေါ့မွန်မှ ဟာလန်းနှင့်စပါးမှ ဟယ်ရီကိန်းတို့ နှစ်ဦးကို ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေပါတယ်။

Zawgyi Version

လက္ရွိအခ်ိန္မွာ အသင္းကထြက္ခြာခြင့္ ေတာင္းဆိုထားတဲ့ စပါး တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္ ျပင္ပသို႔ ထြက္ကစားရန္ ဆုံးျဖတ္ထားၿပီး

ဆရာေဟာင္းျဖစ္သူ ပိုခ်က္တီနိုႏွင့္ ျပန္လက္တြဲရန္အတြက္ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီသို႔ ေျပာင္းေ႐ႊ႕လိုေၾကာင္း အဂၤလန္ရွိ ေဘာလုံးမီဒီယာတစ္ခုက ေရးသားေဖာ္ျပ ထားပါတယ္

ကိန္းဟာ အသင္းနည္းျပ ေမာ္ရင္ဟိုကို အသင္းက ထုတ္ပယ္လိုက္တဲ့ အတြက္ မေက်မနပ္ ျဖစ္ေနသူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ စပါးအသင္းရဲ႕ နည္းျပရွာေဖြေနမႈ ဟာလဲ

အဆင္မေျပ ျဖစ္လ်က္ ရွိ ေနပါတယ္။ စပါးအသင္းရဲ႕ ပစ္မွတ္မ်ားျဖစ္ၾကေသာ နာဂယ္စ္မန္း၊ ကြန္တီ၊ ဖြန္ဆီကာတို႔မ်ာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရာထူးကို လက္မခံနိုင္ ျဖစ္ေနတာပါ။

ဟယ္ရီကိန္းကို ေခၚယူဖို႔ ခ်ဲလ္ဆီး၊ မန္စီးတီးႏွင့္ မန္ယူအပါအဝင္ ဥေရာပအသင္းႀကီး တခ်ိဳ႕က ၎ကို ေခၚယူရန္ စိတ္ဝင္စားခဲ့ၾကၿပီး ယခုကဲ့သို႔ ပီအက္စ္ဂ်ီသို႔ ေျပာင္းေ႐ႊ႕ရန္ သတင္းထြက္ေပၚလာျခင္း ျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာ ယူရို ၂၀၂၁ အၿပီးတြင္ သူ၏ အေျပာင္းအေ႐ႊ႕ အတြက္ ဆုံးျဖတ္ခ်က္ ခ်မည္ ျဖစ္ေၾကာင္းလည္း ၿပီးခဲ့သည့္လက ေျပာဆိုခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ ပီအက္စ္ဂ်ီမွ အသက္ 22 ႏွစ္အ႐ြယ္ရွိ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပမွာ ရီးရဲသို႔ ေျပာင္းေ႐ႊ႕လို ေနတဲ့အတြက္ ပီအက္စ္ဂ်ီအသင္းဟာလဲ

တိုက္စစ္ျမႇားဦးေနရာတြင္ ကစားမည့္ တိုက္စစ္မႉးသစ္တစ္ဦးကို ရွာေဖြေနၿပီး ေဒါ့မြန္မွ ဟာလန္းႏွင့္စပါးမွ ဟယ္ရီကိန္းတို႔ ႏွစ္ဦးကို ေခၚယူရန္ ခ်ိတ္ဆက္မႈမ်ား ျပဳလုပ္ေနပါတယ္။