Spots news

ဂျာမဏီကို ရှုံးနိမ့်ခဲ့မှုဟာ သူ့ရဲ့ အမှားကြောင့်ပါလို့ ဝန်ခံသွားတဲ့ ပေါ်တူဂီနည်းပြ ဆန်းတိုစ့်

Unicode Version

ယူရို ၂၀၂၀ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းရဲ့ နည်းပြဖြစ်သူ ဆန်းတို့စ်ကတော့ ယမန်နေ့ညက ကစားခဲ့တဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ဂျာမဏီအသင်းကို ၂-၄ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ အမှားအယွင်းကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံပြောကြား သွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ မရဏအုပ်စုလို့ သတ်မှတ်ခံထားရတဲ့ အုပ်စု F အတွင်းမှာ ဂျာမဏီ ၊ ပြင်သစ် ၊ ဟန်ဂေရီအသင်းတို့နဲ့ အတူ ကျရောက်နေခဲ့တာ ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ ဟန်ဂေရီအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဂျာမဏီအသင်းနဲ့ ပွဲစဉ်မှာတော့ ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျာမဏီအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ပေါ်တူဂီအသင်းဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ ရလဒ်ကောင်းတခု ရရှိဖို့ လိုအပ်နေပြီး အနိမ့်ဆုံး သရေတမှတ် ရရှိမှသာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ သေချာမှာလည်း ဖြစ်ပါတယ်။

ဂျာမဏီအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုတွေ ရှိခဲ့တဲ့ အကြောင်းကို ဆန်းတို့စ်က – “ ကျွန်တော်က ကွင်းလယ်ပိုင်းကို နည်းနည်းလေး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အဓိက ကတော့ ဂျာမဏီ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ တိုနီကရူးစ်တို့ကို ဖိအားပေးချင်တာကြောင့်ပါ။

ဒါကြောင့် ကျွန်တော်တို့က အရှေ့ကို တက်ကစားဖို့ အနည်းငယ် လိုအပ်ခဲ့ပြီး ဘယ်အစွန်နဲ့ ညာအစွန် နောက်ခံလူတွေကို အဲ့ဒီလို တက်ကစားစေခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ နည်းစနစ်အမှားပါ။ ဒါကြောင့် ဒီရှုံးပွဲအတွက် ကျွန်တော်က တာဝန်အရှိဆုံးပါ။ ပွဲအစပိုင်းမှာ ဂျာမဏီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရထားပြီး

အားလုံးကို ထိန်းချုပ်ထားနိုင်ပေမယ့် ကျွန်တော်တို့က သူတို့ကို ပြန်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တခုခုက လွဲမှားသွားပါတယ်။ ဒါကိုလဲ သိသိသာသာ မြင်နိုင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ ဒီရှုံးပွဲ အတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

ယူရို ၂၀၂၀ၿပိဳင္ပြဲဝင္ ေပၚတူဂီအသင္းရဲ႕ နည္းျပျဖစ္သူ ဆန္းတို႔စ္ကေတာ့ ယမန္ေန႕ညက ကစားခဲ့တဲ့ အုပ္စု ဒုတိယပြဲစဥ္မွာ ဂ်ာမဏီအသင္းကို ၂-၄ ဆိုတဲ့ ရလဒ္နဲ႕ မရႈမလွ အေရးနိမ့္ခဲ့ရတာဟာ သူ႕ရဲ႕ နည္းစနစ္ပိုင္း ဆိုင္ရာ အမွားအယြင္းေၾကာင့္ ျဖစ္ေၾကာင္း ပြဲအၿပီးမွာ ဝန္ခံေျပာၾကား သြားခဲ့ပါတယ္။

လက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းဟာ မရဏအုပ္စုလို႔ သတ္မွတ္ခံထားရတဲ့ အုပ္စု F အတြင္းမွာ ဂ်ာမဏီ ၊ ျပင္သစ္ ၊ ဟန္ေဂရီအသင္းတို႔နဲ႕ အတူ က်ေရာက္ေနခဲ့တာ ျဖစ္ၿပီး အုပ္စုအဖြင့္ပြဲစဥ္မွာ ဟန္ေဂရီအသင္းကို ၃-၀ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရခဲ့ေပမယ့္ ဂ်ာမဏီအသင္းနဲ႕ ပြဲစဥ္မွာေတာ့ ခံစစ္ပိုင္း အမွားအယြင္းေတြေၾကာင့္ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။

ဂ်ာမဏီအသင္းကို ဂိုးျပတ္ အေရးနိမ့္ခဲ့တာေၾကာင့္ ေပၚတူဂီအသင္းဟာ ေနာက္တဆင့္ကို တက္ေရာက္နိုင္ဖို႔ အတြက္ အုပ္စုေနာက္ဆုံးပြဲစဥ္ ျဖစ္တဲ့ ျပင္သစ္အသင္းနဲ႕ ပြဲစဥ္မွာ မျဖစ္မေန ရလဒ္ေကာင္းတခု ရရွိဖို႔ လိုအပ္ေနၿပီး အနိမ့္ဆုံး သေရတမွတ္ ရရွိမွသာ ေနာက္တဆင့္ကို တက္ေရာက္နိုင္ဖို႔ ေသခ်ာမွာလည္း ျဖစ္ပါတယ္။

ဂ်ာမဏီအသင္းနဲ႕ ပြဲစဥ္မွာ သူ႕ရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ မွားယြင္းမႈေတြ ရွိခဲ့တဲ့ အေၾကာင္းကို ဆန္းတို႔စ္က – “ ကြၽန္ေတာ္က ကြင္းလယ္ပိုင္းကို နည္းနည္းေလး အေျပာင္းအလဲ လုပ္ခဲ့ပါတယ္။ အဓိက ကေတာ့ ဂ်ာမဏီ အသင္းရဲ႕ ကြင္းလယ္လူေတြ ျဖစ္တဲ့ ဂန္ဒိုဂန္နဲ႕ တိုနီက႐ူးစ္တို႔ကို ဖိအားေပးခ်င္တာေၾကာင့္ပါ။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔က အေရွ႕ကို တက္ကစားဖို႔ အနည္းငယ္ လိုအပ္ခဲ့ၿပီး ဘယ္အစြန္နဲ႕ ညာအစြန္ ေနာက္ခံလူေတြကို အဲ့ဒီလို တက္ကစားေစခဲ့ပါတယ္။ အဲ့ဒါက ကြၽန္ေတာ့္ရဲ႕ နည္းစနစ္အမွားပါ။ ဒါေၾကာင့္ ဒီရႈံးပြဲအတြက္ ကြၽန္ေတာ္က တာဝန္အရွိဆုံးပါ။ ပြဲအစပိုင္းမွာ ဂ်ာမဏီအသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာရထားၿပီး

အားလုံးကို ထိန္းခ်ဳပ္ထားနိုင္ေပမယ့္ ကြၽန္ေတာ္တို႔က သူတို႔ကို ျပန္ၿပီး တိုက္ခိုက္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ တခုခုက လြဲမွားသြားပါတယ္။ ဒါကိုလဲ သိသိသာသာ ျမင္နိုင္ပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့သလိုပါပဲ ဒီရႈံးပြဲ အတြက္ တာဝန္အရွိဆုံးက ကြၽန္ေတာ္ပါ” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။