Spots news

အဲဗာတန်အသင်းက ခေါ်ယူလိုတဲ့ ပေါင် ၁၈ သန်းတန် ဘရာဇီးလူငယ် ကွင်းလယ်ကစားသမား

Unicode Version

ပရီးမီးယားလိဂ် ကလပ်အသင်း ဖြစ်တဲ့ အဲဗာတန်အသင်းဟာ ရာသီသစ်အတွက် လူအင်အားဖြည့်တင်းမှု ပြုလုပ်ရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းမှ

အသက် ၂၂ နှစ်အရွယ်ရှိ ဘရာဇီးလူမျိုး ကွင်းလယ်ကစားသမား နူနက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးလျက် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ အဲဗာတန်ဟာ နူနက်စ်ကို လုပ်ခလစာငွေ တစ်နှစ်လျှင် ပေါင်တစ်သန်းဖြင့်
ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပါတယ်။ဒါ့အပြင်

အဲဗာတန်အနေနဲ့ နူနက်စ်၏ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ စပို့တင်းလစ္စဘွန်းအသင်းနှင့် ဆွေးနွေးနေပြီး သဘောတူညီမှုရရှိရန်လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။

ဗဟိုခံစစ်သမားများ၏ အရှေ့မှနေ၍ ကွင်းလယ်ခံစစ်သမားအဖြစ် ကစားရသော နူနက်စ်သည် စပို့တင်းအသင်းကြီး

ကစားသမားဘဝ ပထမဦးဆုံးရာသီတွင် အသင်းအတွက် ၃၉ ပွဲကစားပြီး ၂ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

ထို ၃၉ ပွဲအနက် ပွဲထွက် ကစားသမားအဖြစ် ၁၂ ပွဲသာ ပါဝင်ခဲ့သော်လည်း ၁၉ နှစ်ကြာ ဝေးကွာခဲ့သော အမှတ်ပေး ချန်ပီယံဆုကို

ပြန်လည်ရယူရာတွင် နူနက်စ်သည် စပို့တင်းအသင်းအတွက် အဓိကနေရာမှ ပါဝင်ကစား ပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အဲဗာတန်အသင်းဟာ နည်းပြ အန်ဆယ်လော့တီ နုတ်ထွက်သွားပြီးနောက် မန်နေဂျာသစ်တစ်ဦး ရှာဖွေနေပြီး

လီဗာပူး မန်နေဂျာဟောင်း ဘန်နီတက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ် နေသော်လည်း ပရိသတ်များ၏ ဆန့်ကျင်ခြင်းကို ခံနေရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္အသင္း ျဖစ္တဲ့ အဲဗာတန္အသင္းဟာ ရာသီသစ္အတြက္ လူအင္အားျဖည့္တင္းမႈ ျပဳလုပ္ရန္အတြက္ စပို႔တင္းလစၥဘြန္းအသင္းမွ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ ဘရာဇီးလူမ်ိဳး ကြင္းလယ္ကစားသမား ႏူနက္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၈ သန္းျဖင့္ ေခၚယူရန္ ေဆြးေႏြးလ်က္ ရွိေနပါတယ္။

လက္ရွိ အခ်ိန္မွာ အဲဗာတန္ဟာ ႏူနက္စ္ကို လုပ္ခလစာေငြ တစ္ႏွစ္လွ်င္ ေပါင္တစ္သန္းျဖင့္
ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိထားပါတယ္။ဒါ့အျပင္ အဲဗာတန္အေနနဲ႕ ႏူနက္စ္၏ ေျပာင္းေ႐ႊ႕ေၾကးႏွင့္ပတ္သက္၍ စပို႔တင္းလစၥဘြန္းအသင္းႏွင့္ ေဆြးေႏြးေနၿပီး သေဘာတူညီမႈရရွိရန္လည္း နီးစပ္ေနၿပီ ျဖစ္ပါတယ္။

ဗဟိုခံစစ္သမားမ်ား၏ အေရွ႕မွေန၍ ကြင္းလယ္ခံစစ္သမားအျဖစ္ ကစားရေသာ ႏူနက္စ္သည္ စပို႔တင္းအသင္းႀကီး ကစားသမားဘဝ ပထမဦးဆုံးရာသီတြင္ အသင္းအတြက္ ၃၉ ပြဲကစားၿပီး ၂ ဂိုး သြင္းယူထားနိုင္သူ ျဖစ္ပါတယ္။

ထို ၃၉ ပြဲအနက္ ပြဲထြက္ ကစားသမားအျဖစ္ ၁၂ ပြဲသာ ပါဝင္ခဲ့ေသာ္လည္း ၁၉ ႏွစ္ၾကာ ေဝးကြာခဲ့ေသာ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူရာတြင္ ႏူနက္စ္သည္ စပို႔တင္းအသင္းအတြက္ အဓိကေနရာမွ ပါဝင္ကစား ေပးနိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အဲဗာတန္အသင္းဟာ နည္းျပ အန္ဆယ္ေလာ့တီ ႏုတ္ထြက္သြားၿပီးေနာက္ မန္ေနဂ်ာသစ္တစ္ဦး ရွာေဖြေနၿပီး လီဗာပူးမန္ေနဂ်ာေဟာင္း ဘန္နီတက္ဇ္ကို ေခၚယူရန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေသာ္လည္း ပရိသတ္မ်ား၏ ဆန႔္က်င္ျခင္းကို ခံေနရပါတယ္။