Spots news

ဂျူဗင်တပ်မှာ နောက်တစ်ရာသီ ဆက်လက်ရှိနေဦးမယ့် တိုက်စစ်မှူး မိုရာတာ

Unicode Version

အက်သလက်တီကိုကနေ အငှားနဲ့ခေါ်ထားတဲ့ တိုက်စစ်မှူးမိုရာတာဟာ တူရင်မှာ နောက်ထပ်တစ်ရာသီ ဆက်ရှိနေမယ်လို့ ဂျူဗင်တပ်အသင်းက အတည်ပြုလိုက်ပါတယ်။

လက်ရှိအချိန်မှာ စပိန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်နေတဲ့မိုရာတာဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါကလပ်ကနေ ဂျူဗင်တပ်မှာ အငှားနဲ့လာကစားခဲ့သူပါ။

အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ အိုးလ်လေဒီတွေအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ သွင်းပေးနိုင်ခဲ့ပါတယ်။ မိုရာတာဟာ ၂၀၁၉ တုန်းက ချဲလ်ဆီးကနေ အက်သလက်တီကိုဆီ ပြန်လည်

ပြောင်းရွှေ့ခဲ့သူပါ။ သူ့ရဲ့ဂျူဗင်တပ်ကစားသမားဘ၀ ပထမကာလကတော့ ၂၀၁၄ ကနေ ၂၀၁၆ အထိဖြစ်ခဲ့ပြီး ၁၃၇ ပွဲမှာ ၄၇ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

Cadena SER သတင်းဌာနရဲ့အဆိုအရ ဂျူဗင်တပ်ဟာ မိုရာတာကို နောက်ထပ်တစ်ရာသီ သက်တမ်းတိုးရေးအတွက် အက်သလက်ကို ပေါင် ၈.၆ သန်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ယူရိုပြိုင်ပွဲအပြီး တူရင်ပြန်ချိန်မှာတော့ စပိန်တိုက်စစ်မှူးဟာ ပီယာလိုအစားရောက်နေတဲ့ နည်းပြသစ်အယ်လီဂရီလက်အောက်မှာ ကစားရမှာပါ။

ဂျူဗင်တပ်ကို အယ်လီဂရီ ပထမအကြိမ် တာဝန်ယူစဉ်တုန်းက မိုရာတာဟာ ၉၃ ပွဲမှာ ၂၇ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲဒီခြေစွမ်းမျိုးကို မိုရာတာ ပြန်ရမလားဆိုတာ

စောင့်ကြည့်ရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝေဖန်မှုတွေခံနေရပါတယ်။ စပိန်ရဲ့ယူရိုအဖွင့်ပွဲဖြစ်တဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေး ၂ ကြိမ်လွဲခဲ့တာကြောင့်ပါ။

ပွဲချိန် ၃၇ မိနစ်မှာ ဂျော်ဒီအယ်ဘာရဲ့ပေးပို့မှုကနေ ဆွီဒင်ဂိုးသမားအိုလ်ဆန်နဲ့ တစ်ယောက်ချင်း အပိုင်ကန်သွင်းခွင့်ရပေမယ့် လွဲချော်ခဲ့တာက အဆိုးဆုံးပါပဲ။

သူ့ရဲ့မယုံကြည်နိုင်စရာကောင်းတဲ့ တချို့သောလွဲချော်မှုတွေကြောင့် အိမ်ရှင်စပိန် ပရိသတ်တွေကတောင် လက်ခေါက်တွေမှုတ်ပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

Zawgyi Version

အက္သလက္တီကိုကေန အငွားနဲ႕ေခၚထားတဲ့ တိုက္စစ္မႉးမိုရာတာဟာ တူရင္မွာ ေနာက္ထပ္တစ္ရာသီ ဆက္ရွိေနမယ္လို႔ ဂ်ဴဗင္တပ္အသင္းက အတည္ျပဳလိုက္ပါတယ္။ လက္ရွိအခ်ိန္မွာ စပိန္အသင္းနဲ႕အတူ ယူရိုၿပိဳင္ပြဲဝင္ေနတဲ့မိုရာတာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက လာလီဂါကလပ္ကေန ဂ်ဴဗင္တပ္မွာ အငွားနဲ႕လာကစားခဲ့သူပါ။

အသက္ ၂၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အိုးလ္ေလဒီေတြအတြက္ ၿပိဳင္ပြဲစုံ ဂိုး ၂၀ သြင္းေပးနိုင္ခဲ့ပါတယ္။ မိုရာတာဟာ ၂၀၁၉ တုန္းက ခ်ဲလ္ဆီးကေန အက္သလက္တီကိုဆီ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူပါ။ သူ႕ရဲ႕ဂ်ဴဗင္တပ္ကစားသမားဘ၀ ပထမကာလကေတာ့ ၂၀၁၄ ကေန ၂၀၁၆ အထိျဖစ္ခဲ့ၿပီး ၁၃၇ ပြဲမွာ ၄၇ ဂိုး သြင္းနိုင္ခဲ့ပါတယ္။

Cadena SER သတင္းဌာနရဲ႕အဆိုအရ ဂ်ဴဗင္တပ္ဟာ မိုရာတာကို ေနာက္ထပ္တစ္ရာသီ သက္တမ္းတိုးေရးအတြက္ အက္သလက္ကို ေပါင္ ၈.၆ သန္းေပးခဲ့ရတယ္လို႔ သိရပါတယ္။ ယူရိုၿပိဳင္ပြဲအၿပီး တူရင္ျပန္ခ်ိန္မွာေတာ့ စပိန္တိုက္စစ္မႉးဟာ ပီယာလိုအစားေရာက္ေနတဲ့ နည္းျပသစ္အယ္လီဂရီလက္ေအာက္မွာ ကစားရမွာပါ။

ဂ်ဴဗင္တပ္ကို အယ္လီဂရီ ပထမအႀကိမ္ တာဝန္ယူစဥ္တုန္းက မိုရာတာဟာ ၉၃ ပြဲမွာ ၂၇ ဂိုး သြင္းနိုင္ခဲ့ပါတယ္။ အဲဒီေျခစြမ္းမ်ိဳးကို မိုရာတာ ျပန္ရမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဝဖန္မႈေတြခံေနရပါတယ္။ စပိန္ရဲ႕ယူရိုအဖြင့္ပြဲျဖစ္တဲ့ ဆြီဒင္နဲ႕ပြဲစဥ္မွာ အပိုင္အခြင့္အေရး ၂ ႀကိမ္လြဲခဲ့တာေၾကာင့္ပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ေဂ်ာ္ဒီအယ္ဘာရဲ႕ေပးပို႔မႈကေန ဆြီဒင္ဂိုးသမားအိုလ္ဆန္နဲ႕ တစ္ေယာက္ခ်င္း အပိုင္ကန္သြင္းခြင့္ရေပမယ့္ လြဲေခ်ာ္ခဲ့တာက အဆိုးဆုံးပါပဲ။ သူ႕ရဲ႕မယုံၾကည္နိုင္စရာေကာင္းတဲ့ တခ်ိဳ႕ေသာလြဲေခ်ာ္မႈေတြေၾကာင့္ အိမ္ရွင္စပိန္ ပရိသတ္ေတြကေတာင္ လက္ေခါက္ေတြမႈတ္ၿပီး ေလွာင္ေျပာင္ခဲ့ၾကပါတယ္။