Unicode Version
မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန်လက်ရွေးစင်ကို အိုးထရတ်ဖို့ဒ်ဆီ ခေါ်ယူနိုင်ဖို့ ပေါင် ( ၇၅ ) သန်း ဝန်းကျင်တန်ဖိုးရှိ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ယနေ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဆန်ချိုကို ပေါင် ၆၇ သန်းနဲ့ တရားဝင်စတင် ကမ်းလှမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပေါင်သန်း ၈၀ အထိ
အလိုရှိ နေတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းကို ပယ်ချခဲ့ပါတယ်။ ထို့ကြောင့် ယူနိုက်တက်ဘက်က ပေါင် ၇၅ သန်းအထိ ထပ်မံတိုးမြှင့်ကမ်းလှမ်းခဲ့တာပါ။
အိုလေ ဂန်းနား ဆိုးရှားကလည်း အခြားသော ကစားသမားတွေထက် အသက် ( ၂၁ ) နှစ်အရွယ် ဒေါ့မွန်ကြယ်ပွင့်ကို အဓိက ခေါ်ယူနိုင်ဖို့
အသင်းဘုတ်အဖွဲ့ကို တိုက်တွန်း ထားပါတယ်။
ဒါပေမယ့် ဒေါ့မွန်အသင်းက မန်ယူနိုက်တက်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ကိုလည်း လက်ခံဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။
ဂျာမနီအခြေစိုက် SPORT1 ရုပ်သံရဲ့ သတင်းထောက်ချုပ် Patrick Berger က သူ့ရဲ့ တွယ်တာ စာမျက်နှာမှတစ်ဆင့် ဆန်ချိုအပြောင်းအရွေ့ နောက်ဆုံး အခြေအနေကို ယခုလို တင်ပြထားပါတယ်။
“ဘိုရပ်ရှား ဒေါ့မွန်အသင်းက မန်ချက်စတာ ယူနိုက်တက်ထံကနေ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုအသစ် လက်ခံရရှိ တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းက အဆိုပါ ကမ်းလှမ်းမှုအပေါ်လည်း
ကျေနပ်ခြင်း မရှိသေးပါဘူး။ ဒေါ့မွန်အသင်းက ယူနိုက်တက်ဟာ ဆန်ချို ဘယ်လောက်ကောင်းတယ်ဆိုတာ မသိသေးဘူးလို့ ယူဆ နေပါတယ်။” ဟုရေးသား ထားပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ဟာ အဂၤလန္လက္ေ႐ြးစင္ကို အိုးထရတ္ဖို႔ဒ္ဆီ ေခၚယူနိုင္ဖို႔ ေပါင္ ( ၇၅ ) သန္း ဝန္းက်င္တန္ဖိုးရွိ ကမ္းလွမ္းမႈကို ယေန႕ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ၾကာသပေတး ေန႕က ဆန္ခ်ိဳကို ေပါင္ ၆၇ သန္းနဲ႕ တရားဝင္စတင္ ကမ္းလွမ္းခဲ့ေပမယ့္ ေဒ့ါမြန္အသင္းက ေပါင္သန္း ၈၀ အထိ
အလိုရွိ ေနတာေၾကာင့္ ယူနိုက္တက္ရဲ႕ကမ္းလွမ္းကို ပယ္ခ်ခဲ့ပါတယ္။ ထို႔ေၾကာင့္ ယူနိုက္တက္ဘက္က ေပါင္ ၇၅ သန္းအထိ ထပ္မံတိုးျမႇင့္ကမ္းလွမ္းခဲ့တာပါ။
အိုေလ ဂန္းနား ဆိုးရွားကလည္း အျခားေသာ ကစားသမားေတြထက္ အသက္ ( ၂၁ ) ႏွစ္အ႐ြယ္ ေဒါ့မြန္ၾကယ္ပြင့္ကို အဓိက ေခၚယူနိုင္ဖို႔
အသင္းဘုတ္အဖြဲ႕ကို တိုက္တြန္းထားပါတယ္။
ဒါေပမယ့္ ေဒါ့မြန္အသင္းက မန္ယူနိုက္တက္ရဲ႕ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈကိုလည္း လက္ခံဖို႔ ဆႏၵမရွိေၾကာင္း သိရပါတယ္။
ဂ်ာမနီအေျခစိုက္ SPORT1 ႐ုပ္သံရဲ႕ သတင္းေထာက္ခ်ဳပ္ Patrick Berger က သူ႕ရဲ႕ တြယ္တာစာမ်က္ႏွာမွတစ္ဆင့္ ဆန္ခ်ိဳအေျပာင္းအေ႐ြ႕ ေနာက္ဆုံး အေျခအေနကို ယခုလို တင္ျပထားပါတယ္။
“ဘိုရပ္ရွား ေဒါ့မြန္အသင္းက မန္ခ်က္စတာ ယူနိုက္တက္ထံကေန ပိုမိုေကာင္းမြန္တဲ့ ကမ္းလွမ္းမႈအသစ္ လက္ခံရရွိတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္အသင္းက အဆိုပါ ကမ္းလွမ္းမႈအေပၚလည္း
ေက်နပ္ျခင္းမရွိေသးပါဘူး။ ေဒါ့မြန္အသင္းက ယူနိုက္တက္ဟာ ဆန္ခ်ိဳ ဘယ္ေလာက္ေကာင္းတယ္ဆိုတာ မသိေသးဘူးလို႔ ယူဆေနပါတယ္။” ဟုေရးသားထားပါတယ္။