Unicode Version
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ပုံမှန်ပွဲထွက်ခွင့် မရရှိမှုကို အဆုံးသတ်လိုနေပြီး ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းသို့ ပြောင်းရွေ့လိုနေပါတယ်။
လက်ရှိအချိန်မှာ ဗန်ဒီဘိခ်ရဲ့ အေးဂျင့်များက သူ့အတွက် အသင်းသစ်ရှာဖွေနေပြီး လာမည့် ဘောလုံးရာသီ မစတင်မီ အပြောင်းအရွေ့အတွက် ဘာစီလိုနာ အသင်းသို့ ဆက်သွယ်ခဲ့ကြောင်း စပိန်မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။
ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန် နေခဲ့ရသလို
အရန်ကစားသမား အဖြစ်နဲ့ အချိန်ကုန် နေရတာကြောင့် သူရဲ့ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၄ ပွဲသာ မန်ယူအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်တော်မီနေး၊ ဖရက်နှင့် မာတစ်တို့၏ နောက်မှသာ ယူနိုက်တက် ကွင်းလယ်၌ ပါဝင်ခွင့်ရနေခြင်းဖြစ်ပါတယ်။
နည်းပြဆိုးရှား၏ ဦးစားပေး မခံရခြင်းကြောင့် ဗန်ဒီဘိခ်သည် အသင်းပြောင်းလိုပြီး အငှားဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရပါကလည်း ပြောင်းရွှေ့လိုကြောင်း သတင်းများက ဖော်ပြထားပါတယ်။
ဘာစီလိုနာ အသင်းဟာ ဝင့်နယ်ဒန်ကိုခေါ်ယူရေးတွင် မအောင်မြင်သောကြောင့် ကွင်းလယ်ကစားသမားတစ်ဦး ရှာဖွေနေတာဖြစ်ပြီး
ဗန်ဒီဘိခ်ကို
ပြီးခဲ့တဲ့နှစ်ကတည်းက စိတ်ဝင်စားသော်လည်း ငွေရေးကြေးရေး အကျပ်အတည်းကြောင့် အပြောင်းအရွှေ့ အကောင်အထည် မပေါ်ခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ပေးဆပ်ရန်ကြွေးမြီ ပေါင် ၈၆၂ သန်းရှိသော ဘာစီလိုနာအသင်းဟာ ဗန်ဒီဘိခ်ကို ကစားသမားအလဲအထပ်ဖြင့် ခေါ်ယူလိုကြောင်း သတင်းများကဖော်ပြထားပြီး
ဘာစီလိုနာ အနေနဲ့ ပီဂျာနစ် သို့မဟုတ် ကော်တင်ဟိုကို ဗန်ဒီဘိခ်၏ အပြောင်းအရွှေ့အတွက် တစ်စိတ် တစ်ဒေသအဖြစ် ထည့်သွင်းကမ်းလှမ်းဖွယ်ရှိနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ဟာ ပုံမွန္ပြဲထြက္ခြင့္ မရရွိမႈကို အဆုံးသတ္လိုေနၿပီး ပုံမွန္ပြဲထြက္ခြင့္ ေပးနိုင္မယ့္ အသင္းတစ္သင္းသို႔ ေျပာင္းေ႐ြ႕လိုေနပါတယ္။
လက္ရွိအခ်ိန္မွာ ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္မ်ားက သူ႕အတြက္ အသင္းသစ္ရွာေဖြေနၿပီး လာမည့္ ေဘာလုံးရာသီမစတင္မီ အေျပာင္းအေ႐ြ႕အတြက္ ဘာစီလိုနာအသင္းသို႔ ဆက္သြယ္ခဲ့ေၾကာင္း စပိန္မီဒီယာတစ္ခုက ေဖာ္ျပထားပါတယ္။
ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ေအဂ်က္စ္ကေန ယူနိုက္တက္ အသင္းဆီကို ေရာက္ရွိလာခဲ့တာ ျဖစ္ေပမယ့္ အသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ ေနခဲ့ရသလို
အရန္ကစားသမား အျဖစ္နဲ႕ အခ်ိန္ကုန္ ေနရတာေၾကာင့္ သူရဲ႕ယူနိုက္တက္ ကစားသမားဘဝ အနာဂတ္ အေနအထားေတြက မေရမရာ ျဖစ္လာခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ ၄ ပြဲသာ မန္ယူအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ မက္ေတာ္မီေနး၊ ဖရက္ႏွင့္ မာတစ္တို႔၏ ေနာက္မွသာ ယူနိုက္တက္ ကြင္းလယ္၌ ပါဝင္ခြင့္ရေနျခင္းျဖစ္ပါတယ္။
နည္းျပဆိုးရွား၏ ဦးစားေပး မခံရျခင္းေၾကာင့္ ဗန္ဒီဘိခ္သည္ အသင္းေျပာင္းလိုၿပီး အငွားျဖင့္ ဘာစီလိုနာသို႔ ေျပာင္းေ႐ႊ႕ခြင့္ရပါကလည္း ေျပာင္းေ႐ႊ႕လိုေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။
ဘာစီလိုနာ အသင္းဟာ ဝင့္နယ္ဒန္ကိုေခၚယူေရးတြင္ မေအာင္ျမင္ေသာေၾကာင့္ ကြင္းလယ္ကစားသမားတစ္ဦး ရွာေဖြေနတာျဖစ္ၿပီး
ဗန္ဒီဘိခ္ကို
ၿပီးခဲ့တဲ့ႏွစ္ကတည္းက စိတ္ဝင္စားေသာ္လည္း ေငြေရးေၾကးေရး အက်ပ္အတည္းေၾကာင့္ အေျပာင္းအေ႐ႊ႕ အေကာင္အထည္ မေပၚခဲ့ျခင္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ ေပးဆပ္ရန္ေႂကြးၿမီ ေပါင္ ၈၆၂ သန္းရွိေသာ ဘာစီလိုနာအသင္းဟာ ဗန္ဒီဘိခ္ကို ကစားသမားအလဲအထပ္ျဖင့္ ေခၚယူလိုေၾကာင္း သတင္းမ်ားကေဖာ္ျပထားၿပီး
ဘာစီလိုနာ အေနနဲ႕ ပီဂ်ာနစ္ သို႔မဟုတ္ ေကာ္တင္ဟိုကို ဗန္ဒီဘိခ္၏ အေျပာင္းအေ႐ႊ႕အတြက္ တစ္စိတ္တစ္ေဒသအျဖစ္ ထည့္သြင္းကမ္းလွမ္းဖြယ္ရွိေနပါတယ္။