Spots news

ပေါ့ဘာကိုရောင်းချဖို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းနဲ့စာချုပ် သက်တမ်းတိုးမယ့် အခြေအနေမရှိတဲ့ ကွင်းလယ်လူ ပေ့ါဘာကို ခေါ်ယူလိုချင်တဲ့ အသင်းတွေဟာ ယူရိုသန်း(၈၀) အထိ ပေးရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေ့ါဘာဟာ လာမယ့်နှစ်၊နွေရာသီကျရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံး တော့မှာဖြစ်ပြီး ယူနိုက်တက် အသင်းကတော့ ပေ့ါဘာကို စာချုပ်သက်တမ်း တိုးဖို့ ဆန္ဒရှိ နေပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ပေးချေကာ ခေါ်ယူထားရတဲ့ ကစားသမား တဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ

သူ့ကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှုမြင်ထားပြီး စာချုပ်သစ်မှာ တပတ်လုပ်ခ ယူရို ၃သိန်းခွဲအထိ ပေးချေမယ် ဆိုပြီး ကမ်းလှမ်းထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်း ဌာနတွေက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပေ့ါဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက PSG အသင်းဥက္ကဌအယ်လ်ခီလိုင်ဖီနဲ့ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်အသင်းက ပေ့ါဘာကို

စာချုပ်သက်တမ်း တိုးချင်နေပေမယ့် သူ့ကစားသမားက ငြင်းဆန်ဖို့ ရှိနေတယ်လို့ အသိပေး ပြောကြားခဲ့ကြောင်း သတင်းတွေထွက်ပေါ် နေပါတယ်။

လက်ရှိအချိန်မှာ ပေ့ါဘာကို PSG အသင်း အပါအဝင် ဥရောပထိပ်သီး အသင်းတွေက ပစ်မှတ်ထား နေကြပြီး ရိုင်အိုလာကလည်း ပေ့ါဘာကို ယူနိုက်တက်နဲ့ လမ်းခွဲဖို့ တိုက်တွန်းသွားမယ့် အနေအထားပါပဲ။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေ့ါဘာကို ဆက်ထိန်းထားလိုပေမယ့် အခုအချိန်မှာ

စာချုပ်သစ် မချုပ်နိုင်ခဲ့ရင် လာမယ့်နှစ်မှာ အလွတ်နဲ့ လက်လွှတ်ရမှာ ဖြစ်တာကြောင့် အခုအပြောင်း အရွှေ့ကာလအတွင်း ရောင်းချဖို့ စီစဉ်နေတာပါ။

Zawgyi Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနဲ့စာချုပ် သက်တမ်းတိုးမယ့် အခြေအနေမရှိတဲ့ ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူလိုချင်တဲ့အသင်းတွေဟာ ယူရိုသန်း(၈၀)အထိပေးရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ လာမယ့်နှစ်၊နွေရာသီကျရင် အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံး တော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။



ဒါပေမဲ့ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက PSG အသင်းဥက္ကဌအယ်လ်ခီလိုင်ဖီနဲ့ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်အသင်းက ပေါ့ဘာကို စာချုပ်သက်တမ်းတိုးချင်နေပေမယ့် သူ့ကစားသမားက ငြင်းဆန်ဖို့ရှိနေတယ်လို့ အသိပေးပြောကြားခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်မှာ ပေါ့ဘာကို PSG အသင်း အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီး ရိုင်အိုလာကလည်း ပေါ့ဘာကို ယူနိုက်တက်နဲ့လမ်းခွဲဖို့ တိုက်တွန်းသွားမယ့်အနေအထားပါပဲ။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ပေါ့ဘာကို ဆက်ထိန်းထားလိုပေမယ့် အခုအချိန်မှာ စာချုပ်သစ်မချုပ်နိုင်ခဲ့ရင် လာမယ့်နှစ်မှာ အလွတ်နဲ့လက်လွှတ်ရမှာဖြစ်တာကြောင့် အခုအပြောင်း အရွှေ့ကာလအတွင်း ရောင်းချဖို့စီစဉ်နေတာပါ။