Knowledge

အကြောသေ နေတဲ့ဖခင်ကို တက္ကသိုလ် အဆောင်မှာ ခေါ်ယူပြုစု ပေးနေခဲ့တဲ့ ကျောင်းသားလေး

Unicode Version

Guo Shijun အမည်ရှိတဲ့ တရုတ် နိုင်ငံက ကျောင်းသားလေး ကတော့ တက္ကသိုလ် ကနေဘွဲ့ရယူဖို့ ဆိုတဲ့ သူ့ရဲ့ အိမ်မက်ကို လုံးဝ လက်မလွတ်ခဲ့တဲ့ အပြင် ၊ အကြောသေ နေတဲ့ ဖခင်နဲ့ စိတ် ကျန်းမာရေး မကောင်းတဲ့ မိခင် တို့ကိုပါ ပြုစု စောင့်ရှောက် နေခဲ့သူပါ ။ Guo Shijun ကတော့ တက္ကသိုလ်မှာ အတော်ဆုံး ကျောင်းသား ဖြစ်တဲ့ အပြင် ကြိုးစား အားထုတ်လွန်းတဲ့ ကျောင်းသား ဖြစ်တာမို့ မလွဲ မရှောင်သာတော့ဘဲ တက္ကသိုလ် ဖက်က သူ့ရဲ့ဖခင်ကို အဆောင်မှာ ခေါ်ယူ နေထိုင် ခွင့် ပြုခဲ့တာပါ ။ Shijun ရဲ့ မိသားစုဟာ အတော့်ကို ဆင်းရဲပြီး ငယ်ဘဝ ကလည်း အတော်ကို ခက်ခဲခဲ့ ရတာပါ ။ မိခင် ဖြစ်သူ ကလည်း ဦးနှောက် အမြှေးရောင်ရောဂါ ခံစား ခဲ့ရ ပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့ နေတဲ့ သူတစ်ယောက် လိုဖြစ်နေခဲ့ တာပါ ။

ဒါ့ကြောင့် ဖခင် ဖြစ်သူ ကသာ မိသားစုကိုကျွေးမွေး ပြုစု စောင့်ရှောက် ခဲ့လို့ Shijun ဟာ top student တစ်ယောက် ဖြစ်လာခဲ့ ရတာပါ ။ သို့ပေမဲ့လည်း လုပ်ငန်းခွင် မှာ ဖခင် ဖြစ်သူက မတော်တဆ မှု နဲ့ကြုံတွေ့ ခဲ့ရလို့ အကြောသေ သွားခဲ့ ရပါတယ် ။ အဘိုး အဘွား တွေက မိခင်ဖြစ်သူကို စောင့်ရှောက် ပေးထား ပေမဲ့ ဖခင်ကိုထပ်ပြီး ကြည့်ရှု စောင့်ရှောက် ပေးဖို့ မဖြစ်နိုင်တော့လို့ ယခုလို ကျောင်း အဆောင်မှာ ဖခင်ကိုခေါ်ထား ပြီး Shijun က ပြုစု စောင့်ရှောက် ပေးနေရတာပါ ။

ကျောင်း စရိတ် အတွက် လိုအပ်တဲ့ ငွေကြေးကို သူငယ်ချင်း နဲ့  ဆွေးမျိုး ထံမှ ချေးငှါး နေရ တာပါ ။ ဒါတောင် စားစရိတ် နဲ့ မိဘတွေ ရဲ့ဆေးကုသစရိတ် မပါရှိ သေးပါဘူး ။ ဒါကြောင့် Scholarship  ရအောင် ကိုယ်တိုင် ကြိုးပမ်း ခဲ့ပါသေးတယ် ။ ဘဝ နဲ့  ရည်မှန်းချက် ကို လုံးဝအလျော့ မပေးတဲ့ Shijun က ‘ ဘွဲ့ရ ပြီးရင်တော့ ကျွန်တော့် ဘဝက ဒီထက် ပိုပြီး အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ‘ ဆိုပြီး ပြောပြ သွားခဲ့ပါတယ် ။ တကယ့်ကို လေးစား စရာ ကောင်းလွန်းတဲ့ လူငယ် တစ်ဦး ပါပဲလေ ။

Zawgyi Version

Guo Shijun အမည္ရွိတဲ့ တ႐ုတ္ နိုင္ငံက ေက်ာင္းသားေလး ကေတာ့ တကၠသိုလ္ ကေနဘြဲ႕ရယူဖို႔ ဆိုတဲ့ သူ႕ရဲ႕ အိမ္မက္ကို လုံးဝ လက္မလြတ္ခဲ့တဲ့ အျပင္ ၊ အေၾကာေသ ေနတဲ့ ဖခင္နဲ႕ စိတ္ က်န္းမာေရး မေကာင္းတဲ့ မိခင္ တို႔ကိုပါ ျပဳစု ေစာင့္ေရွာက္ ေနခဲ့သူပါ ။ Guo Shijun ကေတာ့ တကၠသိုလ္မွာ အေတာ္ဆုံး ေက်ာင္းသား ျဖစ္တဲ့ အျပင္ ႀကိဳးစား အားထုတ္လြန္းတဲ့ ေက်ာင္းသား ျဖစ္တာမို႔ မလြဲ မေရွာင္သာေတာ့ဘဲ တကၠသိုလ္ဖက္က သူ႕ရဲ႕ဖခင္ကို အေဆာင္မွာ ေခၚယူ ေနထိုင္ ခြင့္ ျပဳခဲ့တာပါ ။ Shijun ရဲ႕ မိသားစုဟာ အေတာ့္ကို ဆင္းရဲၿပီး ငယ္ဘဝ ကလည္း အေတာ္ကို ခက္ခဲခဲ့ ရတာပါ ။ မိခင္ျဖစ္သူ ကလည္း ဦးေႏွာက္ အျမႇေးေရာင္ေရာဂါ ခံစား ခဲ့ရၿပီးေနာက္ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ ေနတဲ့ သူတစ္ေယာက္ လိုျဖစ္ေနခဲ့ တာပါ ။

ဒါ့ေၾကာင့္ ဖခင္ ျဖစ္သူ ကသာ မိသားစုကိုေကြၽးေမြး ျပဳစု ေစာင့္ေရွာက္ ခဲ့လို႔ Shijun ဟာ top student တစ္ေယာက္ ျဖစ္လာခဲ့ ရတာပါ ။ သို႔ေပမဲ့လည္း လုပ္ငန္းခြင့္မွာ ဖခင္ ျဖစ္သူက မေတာ္တဆမႈ နဲ႕ႀကဳံေတြ႕ ခဲ့ရလို႔ အေၾကာေသ သြားခဲ့ ရပါတယ္ ။ အဘိုးအဘြား ေတြက မိခင္ျဖစ္သူကို ေစာင့္ေရွာက္ ေပးထား ေပမဲ့ ဖခင္ကိုထပ္ၿပီး ၾကည့္ရႈ ေစာင့္ေရွာက္ ေပးဖို႔ မျဖစ္နိုင္ေတာ့လို႔ ယခုလို ေက်ာင္း အေဆာင္မွာ ဖခင္ကိုေခၚထား ၿပီး Shijun က ျပဳစု ေစာင့္ေရွာက္ ေပးေနရတာပါ ။

ေက်ာင္းစရိတ္ အတြက္ လိုအပ္တဲ့ ေငြေၾကးကို သူငယ္ခ်င္း နဲ႕ ေဆြးမ်ိဳး ထံမွ ေခ်းငွါး ေနရတာပါ ။ ဒါေတာင္ စားစရိတ္ နဲ႕ မိဘေတြ ရဲ႕ေဆးကုသစရိတ္ မပါရွိ ေသးပါဘူး ။ ဒါေၾကာင့္ Scholarship ရေအာင္ ကိုယ္တိုင္ ႀကိဳးပမ္း ခဲ့ပါေသးတယ္ ။ ဘဝ နဲ႕ ရည္မွန္းခ်က္ ကို လုံးဝအေလ်ာ့ မေပးတဲ့ Shijun က ‘ ဘြဲ႕ရ ၿပီးရင္ေတာ့ ကြၽန္ေတာ့္ ဘဝက ဒီထက္ ပိုၿပီး အဆင္ေျပ သြားမယ္လို႔ ထင္ပါတယ္ ‘ ဆိုၿပီး ေျပာျပ သြားခဲ့ပါတယ္ ။ တကယ့္ကို ေလးစားစရာ ေကာင္းလြန္းတဲ့ လူငယ္ တစ္ဦးပါပဲေလ ။