Spots news

ညာနောက်ခံလူပစ်မှတ် နှစ်ယောက်ထဲမှ တစ်ယောက်ကို အရခေါ်ယူမယ့် မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီ ကစားသမား အင်အား ဖြည့်တင်းဖို့အတွက် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းကို ဦးစားပေးပြင်ဆင် နေတာပါ။ လက်ရှိအသင်းရဲ့ကစားကွက်

အခင်းအကျင်း အရ ညာနောက်ခံ နေရာမှာ ခြေစွမ်းပြကစားနေတဲ့ ဘစ်ဆာကာကို ဖိအားပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ်ညာနောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အသက်(၃၀) အရွယ် အေတီကို အသင်းရဲ့ညာနောက်ခံ ကစားသမား ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက် အနေနဲ့ အဓိကထား စီစဉ်နေတာပါ။ ထရစ်ပီယာ အတွက် ပြောင်းရွေ့ကြေး အဖြစ် ပေါင်သန်း(၃၀) အနည်းဆုံး

အက်သလက်တီကို ဘက်က အလိုရှိပေမယ့်၊ ဒီငွေပမာဏ ကိုတော့ ယူနိုက်တက် ဘက်က ပေးဖို့အစီအစဉ် မရှိပါဘူး။ ယူနိုက်တက် အသင်းဘက်ကတော့ ပေါင်သန်း(၂၀) အများဆုံးပဲ ပေးသွားမယ်လို့ ဆိုပါတယ်။

အေတီကို အသင်းနဲ့ ပြောင်းရွေ့ကြေး ညှိနှိုင်းရာမှာ အဆင်မပြေ ဖြစ်နေတဲ့ ယူနိုက်တက် အသင်းဟာ ထရစ်ပီယာကို မရခဲ့ပါက၊ နောက်ထပ်ရွေးချယ်စရာ ကစားသမား အဖြစ် နော့ဝှစ်အသင်းရဲ့ ကစားသမား မက်အာရွန်စ် ကိုခေါ်ယူဖို့စီစဉ် လာပါတယ်။

အသက်(၂၁)နှစ် အရွယ် လူငယ် ညာနောက်ခံကစားသမား မက်စ်အာရွန်ဟာ အရွယ်နဲ့မလိုက်အောင် တိုးအား ရုန်းအား ကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ဒီကစားသမားကို ဘိုင်ယန်နဲ့ ရော်နယ်ကိုးလ်မန်းရဲ့ ဘာစီလိုနာ

အသင်းတို့ ကလည်း စိတ်ဝင်စားလျက် ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ လက်ဦးမှု ရယူနိုင်မယ် ဆိုရင်ဖြင့် တန်းတက် နော့ဝှစ်အသင်းရဲ့ ညာနောက်ခံ ကစားသမားကို ပေါင်(၁၅)သန်း ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ေဘာလုံးရာသီ ကစားသမား အင္အား ျဖည့္တင္းဖို႔အတြက္ တိုက္စစ္ပိုင္းနဲ႕ ခံစစ္ပိုင္းကို ဦးစားေပးျပင္ဆင္ ေနတာပါ။ လက္ရွိအသင္းရဲ႕ကစားကြက္

အခင္းအက်င္း အရ ညာေနာက္ခံေနရာမွာ ေျခစြမ္းျပကစားေနတဲ့ ဘစ္ဆာကာကို ဖိအားေပးဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ ေနာက္ထပ္ညာေနာက္ခံလူ တစ္ေယာက္ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

အသက္(၃၀)အ႐ြယ္ ေအတီကို အသင္းရဲ႕ညာေနာက္ခံ ကစားသမား ထရစ္ပီယာကို ေခၚယူနိုင္ဖို႔ ယူနိုက္တက္ အေနနဲ႕ အဓိကထား စီစဥ္ေနတာပါ။ ထရစ္ပီယာ အတြက္ ေျပာင္းေ႐ြ႕ေၾကး အျဖစ္ ေပါင္သန္း(၃၀) အနည္းဆုံး

အက္သလက္တီကို ဘက္က အလိုရွိေပမယ့္၊ ဒီေငြပမာဏ ကိုေတာ့ ယူနိုက္တက္ ဘက္က ေပးဖို႔အစီအစဥ္ မရွိပါဘူး။ ယူနိုက္တက္ အသင္းဘက္ကေတာ့ ေပါင္သန္း(၂၀) အမ်ားဆုံးပဲ ေပးသြားမယ္လို႔ ဆိုပါတယ္။

ေအတီကို အသင္းနဲ႕ ေျပာင္းေ႐ြ႕ေၾကး ညွိႏွိုင္းရာမွာ အဆင္မေျပ ျဖစ္ေနတဲ့ ယူနိုက္တက္ အသင္းဟာ ထရစ္ပီယာကို မရခဲ့ပါက၊ ေနာက္ထပ္ေ႐ြးခ်ယ္စရာ ကစားသမားအျဖစ္ ေနာ့ဝွစ္အသင္းရဲ႕ ကစားသမား မက္အာ႐ြန္စ္ ကိုေခၚယူဖို႔စီစဥ္ လာပါတယ္။

အသက္(၂၁)ႏွစ္ အ႐ြယ္ လူငယ္ ညာေနာက္ခံကစားသမား မက္စ္အာ႐ြန္ဟာ အ႐ြယ္နဲ႕မလိုက္ေအာင္ တိုးအား ႐ုန္းအား ေကာင္းတဲ့ ကစားသမား တစ္ေယာက္ ျဖစ္ပါတယ္။ ဒီကစားသမားကို ဘိုင္ယန္နဲ႕ ေရာ္နယ္ကိုးလ္မန္းရဲ႕ ဘာစီလိုနာ

အသင္းတို႔ ကလည္း စိတ္ဝင္စားလ်က္ ရွိပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ လက္ဦးမႈ ရယူနိုင္မယ္ ဆိုရင္ျဖင့္ တန္းတက္ ေနာ့ဝွစ္အသင္းရဲ႕ ညာေနာက္ခံ ကစားသမားကို ေပါင္(၁၅)သန္း ဝန္းက်င္ေလာက္နဲ႕ ေခၚယူနိုင္မွာ ျဖစ္ပါတယ္။