Spots news

အဲ‌ဗာတန်မှ ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့ ရစ်ချာလီဆန်တို့ အသင်းပြောင်းရွေ့ဖွယ်ရှိ

Unicode Version

သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဗာတန်နည်းပြရာထူးကနေ အန်ဆယ်လော့တီ မထင်မှတ်ဘဲ ထွက်ခွာသွားပြီးနောက်

တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ရစ်ချာလီဆန် တို့လည်း အသင်းပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီ လက်ထက်မှာ အဲဗာတန်ဟာ ဥရောပဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် အီတလီနိုင်ငံသား အန်ဆယ်လော့တီက ဇီဒန်းရဲ့နေရာမှာ ရီးရဲလ် နည်းပြအဖြစ် တစ်ကျော့ပြန် အစားထိုးတာဝန်ယူခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ယခုနွေရာသီ အတွင်း ဘရာဇီး လက်ရွေးစင် ရစ်ချာလီဆန်ကို ခေါ်ယူဖွယ်ရှိနေပြီး The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အန်ဆယ်လော့တီနဲ့

ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရစ်ချာလီဆန်နဲ့ ရိုဒရီဂွက်ဇ်တို့ဟာ သူတို့နည်းပြကြီးရဲ့ ထွက်ခွာမှုအပေါ် အံ့အားသင့်နေပြီး အဲဗာတန်ကနေပါ သူတို့လည်း ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၆ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် လိဂ်နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာ ကစားနိုင်ခဲ့ပြီး

ရစ်ချာလီဆန် ကလည်း ၇ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့် အီကွေဒေါကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစစ်ပွဲမှာ ဘရာဇီးအတွက် ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

Zawgyi Version

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္နည္းျပရာထူးကေန အန္ဆယ္ေလာ့တီ မထင္မွတ္ဘဲ ထြက္ခြာသြားၿပီးေနာက္

တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္နဲ႕ ရစ္ခ်ာလီဆန္တို႔လည္း အသင္းေျပာင္းေ႐ႊ႕ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

အန္ဆယ္ေလာ့တီလက္ထက္မွာ အဲဗာတန္ဟာ ဥေရာပဝင္ခြင့္ရဖို႔ နီးစပ္ခဲ့ေပမယ့္ အီတလီနိုင္ငံသား အန္ဆယ္ေလာ့တီက ဇီဒန္းရဲ႕ေနရာမွာ ရီးရဲလ္နည္းျပအျဖစ္ တစ္ေက်ာ့ျပန္အစားထိုးတာဝန္ယူခဲ့ပါတယ္။

အန္ဆယ္ေလာ့တီဟာ ယခုေႏြရာသီအတြင္း ဘရာဇီးလက္ေ႐ြးစင္ ရစ္ခ်ာလီဆန္ကို ေခၚယူဖြယ္ရွိေနၿပီး The Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အန္ဆယ္ေလာ့တီနဲ႕

ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ ရစ္ခ်ာလီဆန္နဲ႕ ရိုဒရီဂြက္ဇ္တို႔ဟာ သူတို႔နည္းျပႀကီးရဲ႕ထြက္ခြာမႈအေပၚ အံ့အားသင့္ေနၿပီး အဲဗာတန္ကေနပါ သူတို႔လည္း ထြက္ခြာဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ရိုဒရီဂြက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ၆ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၅ႀကိမ္ျပဳလုပ္ေပးနိုင္ခဲ့ေပမယ့္ လိဂ္ေနာက္ဆုံး ၆ပြဲမွာ ၁ပြဲသာ ကစားနိုင္ခဲ့ၿပီး

ရစ္ခ်ာလီဆန္ကလည္း ၇ဂိုးပဲသြင္းယူနိုင္ခဲ့ေပမယ့္ အီေကြေဒါကို ၂-၀ ဂိုးနဲ႕အနိုင္ရခဲ့တဲ့ ေျခစစ္ပြဲမွာ ဘရာဇီးအတြက္ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။