Spots news

ဟာရီကိန်း နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အပြောင်းအရွေ့ခရီး မတိုးတက်ပဲ လမ်းဆုံးနေ

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာ ဒီနှစ်နွေမှာ စပါးအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ဟာရီကိန်းကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့်လည်း

စပါးအသင်း ဘက်ကနေ ဟာရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မရေမရာ လုပ်ဆောင်နေမှု အပေါ်

စိတ်ပျက်လာခဲ့တဲ့အတွက် မန်စီးတီး ဘက်ကနေ ဟာရီကိန်းကို ခေါ်ယူမယ့်ကိစ္စ ရပ်တန့်လိုက်ဖွယ် ရှိနေပါတယ်။

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား ဟာရီကိန်းဟာ စပါးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ကာ သွင်းဂိုးတွေ များစွာလည်း သွင်းယူ နိုင်ခဲ့ပေမယ့်

အသင်းက ဆုဖလား အောင်မြင်မှုတွေ မရယူနိုင်ခဲ့တာကြောင့် သူရဲ့ကစားသမားဘဝ အရွှယ်မလွန်သွားခင်မှာ ထိပ်တန်းအသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေများစွာထဲကမှ သူ့အတွက် အကောင်းဆုံးသော

ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်မယ့် မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက်ပါ ဆန္ဒရှိလို့နေတာဖြစ်ပါတယ်။

စပါးအသင်း ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့် မပေးချင်ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်း

ထားချင်နေသလို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းရမှသာ လက်ခံသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် စပါးအသင်း ဥက္ကဌ ဒန်နီရယ်လီဗီးက ဟာရီကိန်းကို ကမ်းလှမ်းလာမယ့် အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားပေါင်းပြီး အလိုက်ပေး ကမ်းလှမ်းတာ မျိုးထက်

သူတို့အလိုရှိနေတဲ့ ပေါင်သန်း(၁၅၀) အပြည့်နဲ့သာ ကမ်းလှမ်းမှ လက်ခံသွားမယ်လို့ ပြောဆိုလာခဲ့ပြန်ပါတယ်။

ဒီလိုတွေ ပြောဆိုထားခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ လီဗီးဟာ ဟာရီကိန်းကို လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ တွန့်ဆုတ်နေ

တဲ့အတွက် မန်စီးတီးအသင်းအနေနဲ့ ဒီလိုအခြေအနေမှာ ဟာရီကိန်းကို ကမ်းလှမ်းသွားဖို့ လက်လျှော့ သွားနိုင်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ ဒီႏွစ္ေႏြမွာ စပါးအသင္းနဲ႕ လမ္းခြဲဖြယ္ရွိေနတဲ့ အဂၤလန္တိုက္စစ္ကစားသမား ဟာရီကိန္းကို အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားေနေပမယ့္လည္း

စပါးအသင္းဘက္ကေန ဟာရီကိန္းရဲ႕ အေျပာင္းအေ႐ႊ႕နဲ႕ပတ္သက္ၿပီး မေရမရာ လုပ္ေဆာင္ေနမႈအေပၚ စိတ္ပ်က္လာခဲ့တဲ့အတြက္ မန္စီးတီးဘက္ကေန ဟာရီကိန္းကို ေခၚယူမယ့္ကိစၥ ရပ္တန႔္လိုက္ဖြယ္ ရွိေနပါတယ္။

အသက္(၂၇)ႏွစ္အ႐ႊယ္ရွိ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟာရီကိန္းဟာ စပါးအသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ပါဝင္ကစားခဲ့ကာ သြင္းဂိုးေတြမ်ားစြာလည္း သြင္းယူနိုင္ခဲ့ေပမယ့္

အသင္းက ဆုဖလားေအာင္ျမင္မႈေတြ မရယူနိုင္ခဲ့တာေၾကာင့္ သူရဲ႕ကစားသမားဘဝ အ႐ႊယ္မလြန္သြားခင္မွာ ထိပ္တန္းအသင္းႀကီးတစ္သင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိလာခဲ့တာျဖစ္ပါတယ္။

ဟာရီကိန္းဟာ သူ႕ကို အလိုရွိေနတဲ့ ကလပ္အသင္းေတြမ်ားစြာထဲကမွ သူ႕အတြက္ အေကာင္းဆုံးေသာ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လာနိုင္မယ့္ မန္စီးတီးအသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ပါ ဆႏၵရွိလို႔ေနတာျဖစ္ပါတယ္။

စပါးအသင္းကေတာ့ သူတို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို အသင္းကေန အလြယ္တကူ ထြက္ခြာခြင့္မေပးခ်င္ပဲ အသင္းမွာသာ ဆက္လက္ ထိန္းသိမ္း

ထားခ်င္ေနသလို မျဖစ္မေန ေရာင္းခ်ရမယ္ဆိုရင္လည္း ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း(၁၅၀)နဲ႕ ကမ္းလွမ္းရမွသာ လက္ခံသြားမယ္လို႔ သိရပါတယ္။

ဒါေပမယ့္ စပါးအသင္းဥကၠဌ ဒန္နီရယ္လီဗီးက ဟာရီကိန္းကို ကမ္းလွမ္းလာမယ့္ အသင္းေတြအေနနဲ႕ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကစားသမားေပါင္းၿပီး အလိုက္ေပး ကမ္းလွမ္းတာ မ်ိဳးထက္

သူတို႔အလိုရွိေနတဲ့ ေပါင္သန္း(၁၅၀) အျပည့္နဲ႕သာ ကမ္းလွမ္းမွ လက္ခံသြားမယ္လို႔ ေျပာဆိုလာခဲ့ျပန္ပါတယ္။

ဒီလိုေတြ ေျပာဆိုထားခဲ့ေပမယ့္လည္း တကယ္တမ္းမွာေတာ့ လီဗီးဟာ ဟာရီကိန္းကို လက္လြတ္သြားဖို႔ ဆႏၵမရွိပဲ တြန႔္ဆုတ္ေန

တဲ့အတြက္ မန္စီးတီးအသင္းအေနနဲ႕ ဒီလိုအေျခအေနမွာ ဟာရီကိန္းကို ကမ္းလွမ္းသြားဖို႔ လက္ေလွ်ာ့သြားနိုင္ပါတယ္။