Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ် ကစားသမား ရပ်ရ်ှဖို့ဒ်က သူ့ရဲ့ဘောလုံးသမား ဘဝကို မန်ချက်စတာယူနိုက်တက် အသင်းမှာသာ ကစားလိုတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ရပ်ရ်ှဖို့ဒ်ဟာ နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၂၀၁၅-၁၆ ရာသီတုန်းက စီနီယာအသင်းအတွက်
ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီအချိန်ကစလို့ နည်းပြအဆက်ဆက်မှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေသူဖြစ်ပါတယ်။
ယူနိုက်တက် ကစားသမားဘ၀ (၆)ရာသီအတွင်း
FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်း တွေရရှိခဲ့သူ ရပ်ရ်ှဖို့ဒ်ဟာ အခုဆိုရင်အသင်းအတွက် (၂၇၁)ပွဲကစား၊ (၈၈)ဂိုးသွင်းယူခဲ့ပြီးပါပြီ။
ယူနိုက်တက် အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူးမှာ ရပ်ရ်ှဖို့ဒ်က “ယူနိုက်တက်အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ
ကစားလိုပေမယ့် ဒီနေ့ခေတ် ဘောလုံးလောကမှာ မထင်မှတ်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ရာနှုန်းပြည့် သေချာတယ်ဆိုတာ ဘာမှမရှိပါဘူး။ ကလပ်အသင်းက ကျွန်တော့်နေရာမှာ တခြား ကစားသမား တစ်ဦးကို ခေါ်ယူအစားထိုးတာမျိုး၊
အသင်းရဲ့ ကစားပုံက ကိုယ့်ပုံစံနဲ့ မကိုက်ညီတာမျိုးတွေ ရှိနိုင်ပြီး လာမယ့်(၁၀)နှစ်၊ (၁၅)နှစ်အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်ပါတယ်။
ကျွန်တော်ကတော့ ယူနိုက်တက် အသင်းမှာ ဖြစ်နိုင်သမျှ နှစ်ပေါင်းများစွာ ကစားခွင့်ရဖို့နဲ့ ဒီအသင်းမှာပဲ ဘောလုံးသမား ဘဝ ကုန်ဆုံးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြား ခဲ့ပါတယ်။
Credit to Original Uploader
Zawgyi Version
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ် ကစားသမားရပ်ရှ်ဖို့ဒ်က သူ့ရဲ့ဘောလုံးသမားဘဝကို မန်ချက်စတာယူနိုက်တက် အသင်းမှာသာ ကစားလိုတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၂၀၁၅-၁၆ ရာသီတုန်းက စီနီယာအသင်းအတွက်
FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတွေရရှိခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင်အသင်းအတွက် (၂၇၁)ပွဲကစား၊ (၈၈)ဂိုးသွင်းယူခဲ့ပြီးပါပြီ။
ယူနိုက်တက်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူးမှာ ရပ်ရှ်ဖို့ဒ်က “ယူနိုက်တက်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အထိကစားလိုပေမယ့် ဒီနေ့ခေတ်ဘောလုံးလောကမှာ မထင်မှတ်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ဖြစ်ထရှိပါတယ်။