Unicode Version
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အေဂျက်ဇ် အသင်းထံမှ
ခေါ်ယူထားတဲ့ ပြောင်းရွှေ့ကြေးထက် ၁၅ သန်း အရှုံးခံကာ ရောင်းချသွားဖွယ်ရာ ရှိနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနများက ဖော်ပြသွားပါတယ်။
ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ပေါင် သန်း ၄၀ ဖြင့် ရောက်ရှိလာခဲ့တာ
ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန် နေခဲ့ရသလို အရန်ကစားသမား အဖြစ်နဲ့ အချိန်ကုန် နေရပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၄ ပွဲသာ မန်ယူအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်တော်မီနေး၊
ဖရက်နှင့် မာတစ်တို့၏ နောက်မှသာ ယူနိုက်တက် ကွင်းလယ်၌ ပါဝင်ခွင့်ရနေခြင်း ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ အင်တာမီလန် အသင်းဟာ သူတို့ရဲ့ ကစားသမား အဲရစ်ဆင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အသင်းမှာ
ပွဲထွက်ခွင့်မရနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကိုပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။
ယူနိုက်တက်ဘက်က သင့်တော်သော ကမ်းလှမ်းမှု ရရှိမှသာ စဉ်းစားသွားမည် ဖြစ်ပြီး ခေါ်ယူလိုသော အသင်းများထဲမှာ အင်တာမီလန်က ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
အင်တာမီလန် ဘက်က အငှားဖြင့်ခေါ်ယူလိုသော်လည်း မန်ချက်စတာ ယူနိုက်တက်ဘက် အပြီးသတ် ရောင်းချလိုနေပြီး
ပြောင်းရွှေ့ကြေး ပေါင်၂၅ သန်း တောင်းဆိုထားကြောင်း ဗြိတိန်မီဒီယာ များက ဖော်ပြသွားပါတယ်
ဗန်ဒီဘိခ်ဟာ ဒဏ်ရာကြောင့် ယူရို-၂၀၂၁ ပြိုင်ပွဲတွင်လည်း နယ်သာလန်အသင်းမှ ပေါင်ကြွက်သား ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရခြင်းဖြစ်ပြီး ဥရောပဖလားတွင်
ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ခဲ့ရသည့်အတွက် စိတ်ပျက်ကြောင်း၊ သူ့အတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အသင္းရဲ႕ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ေအဂ်က္ဇ္ အသင္းထံမွ
ေခၚယူထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးထက္ ၁၅ သန္း အရႈံးခံကာ ေရာင္းခ်သြားဖြယ္ရာ ရွိေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနမ်ားက ေဖာ္ျပသြားပါတယ္။
ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ေအဂ်က္စ္ကေန ယူနိုက္တက္ အသင္းဆီကို ေပါင္ သန္း ၄၀ ျဖင့္ ေရာက္ရွိလာခဲ့တာ ျဖစ္ေပမယ့္ အသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ ေနခဲ့ရသလို အရန္ကစားသမား အျဖစ္နဲ႕ အခ်ိန္ကုန္ ေနရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ ၄ ပြဲသာ မန္ယူအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ မက္ေတာ္မီေနး၊ ဖရက္ႏွင့္ မာတစ္တို႔၏ ေနာက္မွသာ ယူနိုက္တက္ ကြင္းလယ္၌ ပါဝင္ခြင့္ရေနျခင္း ျဖစ္ပါတယ္။
လက္ရွိ အခ်ိန္မွာ အင္တာမီလန္ အသင္းဟာ သူတို႔ရဲ႕ ကစားသမား အဲရစ္ဆင္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အသင္းမွာ ပြဲထြက္ခြင့္မရေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဒြန္နီ ဗန္ဒီဘိခ္ကိုပါ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။
ယူနိုက္တက္ဘက္က သင့္ေတာ္ေသာ ကမ္းလွမ္းမႈ ရရွိမွသာ စဥ္းစားသြားမည္ ျဖစ္ၿပီး ေခၚယူလိုေသာ အသင္းမ်ားထဲမွာ အင္တာမီလန္က ထိပ္ဆုံးမွ ပါဝင္ေနပါတယ္။
အင္တာမီလန္ ဘက္က အငွားျဖင့္ေခၚယူလိုေသာ္လည္း မန္ခ်က္စတာ ယူနိုက္တက္ဘက္ အၿပီးသတ္ ေရာင္းခ်လိဳေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္၂၅ သန္း ေတာင္းဆိုထားေၾကာင္း ၿဗိတိန္မီဒီယာ မ်ားက ေဖာ္ျပသြားပါတယ္
ဗန္ဒီဘိခ္ဟာ ဒဏ္ရာေၾကာင့္ ယူရို-၂၀၂၁ ၿပိဳင္ပြဲတြင္လည္း နယ္သာလန္အသင္းမွ ေပါင္ႂကြက္သား ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ရျခင္းျဖစ္ၿပီး ဥေရာပဖလားတြင္
ပထမဦးဆုံးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို လက္လႊတ္ခဲ့ရသည့္အတြက္ စိတ္ပ်က္ေၾကာင္း၊ သူ႕အတြက္ ဝိုင္းဝန္းဆုေတာင္းေပးခဲ့ၾကသည့္ ပရိသတ္မ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္။