Spots news

တပည့်ဟောင်းရာမိုစ့်ကို ရိုးမားအသင်းဆီ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နည်းပြမော်ရင်ဟို

Unicode Version

ရီးရဲလ် မက်ဒရစ်အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့်စ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် သူ့ကို အလိုရှိနေတဲ့ ကလပ် အသင်းတွေကတော့ များစွာရှိ‌နေပြီး

ဆရာဟောင်း နည်းပြဟိုဆေးမော်ရင်ဟိုကပါ သူရဲ့တပည့်ဟောင်း ရာမို့စ်ကို သူရဲ့အသင်းသစ် ဖြစ်လာတော့မယ့် ရိုးမားအသင်းအတွက် ခေါ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

နည်းပြမော်ရင်ဟို ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့စဉ် အတွင်းက ၂၀၁ဝကနေ ၂၀၁၃ခုနှစ်အတွင်းထိ ရာမို့စ်နဲ့ လက်တွဲခဲ့ ဖူးတာဖြစ်လို့ သူရဲ့တပည့်ဟောင်းကို ရိုးမားအသင်းဆီ ခေါ်ဆောင်ချင် နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရာမို့စ်ဟာ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီအချက်က ရိုးမားအသင်းအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်သလို

ရိုးမားအသင်းလိုပဲ ရာမို့စ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ငွေကြေးအင်အားကြီးတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် အပြိုင်ကမ်းလှမ်းဖို့က ခက်ခဲနိုင်ပါတယ်။

လတ်တလောမှာ ရာမို့စ်နဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းကတော့ ပီအက်စ်ဂျီအသင်းဖြစ်ပြီး အသင်းနဲ့ လမ်းခွဲထားရတဲ့ နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားရဲ့နေရာမှာ

ပြန်လည်အစားထိုးဖို့အတွက် ရာမို့စ်ကို အလိုရှိနေတာဖြစ်သလို ရာမို့စ်အတွက်ကိုလည်း မြင့်မားတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းလာဖွယ်လည်း ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကလည်း ရာမို့စ်ကို ပစ်မှတ်ထား နေကြတာဖြစ်လို့ မော်ရင်ဟိုအနေနဲ့ သူရဲ့ ရိုးမားအသင်းဆီ ရာမို့စ်ကို အရခေါ်ယူဖို့က ခက်ခဲလွန်းနေပါတယ်။

Zawgyi Version

ရီးရဲလ္ မက္ဒရစ္အသင္းနဲ႕ လမ္းခြဲလိုက္တဲ့ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယိုရာမို႔္စ္ဟာ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနေပမယ့္ သူ႕ကို အလိုရွိေနတဲ့ ကလပ္ အသင္းေတြကေတာ့ မ်ားစြာရွိ‌ေနၿပီး

ဆရာေဟာင္း နည္းျပဟိုေဆးေမာ္ရင္ဟိုကပါ သူရဲ႕တပည့္ေဟာင္း ရာမို႔စ္ကို သူရဲ႕အသင္းသစ္ ျဖစ္လာေတာ့မယ့္ ရိုးမားအသင္းအတြက္ ေခၚေဆာင္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

နည္းျပေမာ္ရင္ဟို ရီးရဲလ္မက္ဒရစ္အသင္းကို ကိုင္တြယ္ခဲ့စဥ္ အတြင္းက ၂၀၁ဝကေန ၂၀၁၃ခုႏွစ္အတြင္းထိ ရာမို႔စ္နဲ႕ လက္တြဲခဲ့ ဖူးတာျဖစ္လို႔ သူရဲ႕တပည့္ေဟာင္းကို ရိုးမားအသင္းဆီ ေခၚေဆာင္ခ်င္ ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ရာမို႔စ္ဟာ လုပ္ခလစာ ျမင့္မားတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေနတဲ့အတြက္ ဒီအခ်က္က ရိုးမားအသင္းအတြက္ အခက္အခဲတစ္ခု ျဖစ္လာနိုင္သလို

ရိုးမားအသင္းလိုပဲ ရာမို႔စ္ကို ေခၚယူခ်င္ေနတဲ့ ကလပ္အသင္းေတြထဲမွာ ေငြေၾကးအင္အားႀကီးတဲ့ အသင္းေတြ ပါဝင္ေနတာေၾကာင့္ အၿပိဳင္ကမ္းလွမ္းဖို႔က ခက္ခဲနိုင္ပါတယ္။

လတ္တေလာမွာ ရာမို႔စ္နဲ႕ သတင္းေတြ ထြက္ေပၚေနတဲ့ အသင္းကေတာ့ ပီအက္စ္ဂ်ီအသင္းျဖစ္ၿပီး အသင္းနဲ႕ လမ္းခြဲထားရတဲ့ ေနာက္ခံကစားသမားႀကီး သီယာဂိုေဆးဗားရဲ႕ေနရာမွာ

ျပန္လည္အစားထိုးဖို႔အတြက္ ရာမို႔စ္ကို အလိုရွိေနတာျဖစ္သလို ရာမို႔စ္အတြက္ကိုလည္း ျမင့္မားတဲ့ လုပ္ခလစာမ်ိဳးနဲ႕ ကမ္းလွမ္းလာဖြယ္လည္း ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္စီးတီးနဲ႕ ယူနိုက္တက္တို႔ကလည္း ရာမို႔စ္ကို ပစ္မွတ္ထား ေနၾကတာျဖစ္လို႔ ေမာ္ရင္ဟိုအေနနဲ႕ သူရဲ႕ ရိုးမားအသင္းဆီ ရာမို႔စ္ကို အရေခၚယူဖို႔က ခက္ခဲလြန္းေနပါတယ္။