Spots news

ကျွန်တော်အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး ဆိုပြီး ဝမ်းနည်းစွာပြောလိုက်တဲ့ ဟာဇက်

Unicode Version

ဘယ်လ်ဂျီယံ လက်ရွေးစင် နာမည်ကျော်ကစားသမား ဟာဇက်က ပြီးခဲ့တဲ့နှစ်ရာသီတာကာလအတွင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် တစ်ချိန်က ခြေစွမ်းမျိုးပြန်ရဖို့ မလွယ်တော့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အသက်(၃၀)နှစ် အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ ချယ်လ်ဆီး ကစားသမား ဘဝတုန်းက အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၂)ကြိမ်အပါအဝင် အဓိက ဆုဖလားတွေ

ရယူနိုင်ခဲ့ပေမယ့် ရီးရဲလ်အသင်းကို ပြောင်းရွှေ့ပြီးချိန်ကတည်းက ဒဏ်ရာ ပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရသလို (၂)ရာသီအတွင်း ပွဲ(၃၀)သာ ကစားခဲ့ရပါတယ်။

ဟာဇက်ကို အဓိက ဒုက္ခပေးနေတာက ခြေချင်းဝတ် ဒဏ်ရာပဲဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူခဲ့ရတာပါ။ ဟာဇက်က “ကစားသမား ဘဝမှာ ခြေချင်းဝတ်အရိုး ကျိုးခဲ့တာက (၃)ကြိမ်အထိ ရှိခဲ့ပါတယ်။

အရင်လို အကောင်းပကတိ ပြန်ဖြစ်နိုင် မလားဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ သေချာတာက ကစားသမားဘဝ အစပိုင်းဖြစ်တဲ့ လွန်ခဲ့တဲ့(၁၀)နှစ် လောက်တုန်းကလို အနေအထားမျိုး ပြန်မရနိုင် တော့တာပါပဲ။

တကယ်လို့ ကျွန်တော်သာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် ကွင်းထဲမှာ ဘယ်လောက် အထိစွမ်းဆောင်နို င်မလဲ၊ ကျွန်တော့် အရည်အသွေးက ဘယ်လိုအဆင့် ရှိလဲဆိုတာ ကောင်းကောင်း

ပြသ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော် ဒဏ်ရာရခဲ့တဲ့အကြိမ်က အရမ်း များလွန်းပါတယ်”လို့ ပြောကြား ခဲ့ပါတယ်။

Zawgyi Version






