Unicode Version
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာဟာ ဗီလာရီးရဲလ် နောက်ခံလူ ပါအူတောရက်စ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် သတင်းမီဒီယာ များက ဖော်ပြ သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာအခုအပြောင်းအရွှေ့ ဈေးကွက်ဈေးကွက်အတွင်း အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ထိပ်သီးနောက်ခံလူ တစ်ဦးကို အလိုရှိနေတာဖြစ်ပြီး ဥရောပရဲ့ ထိပ်သီး နောက်ခံလူတွေကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာမိုစ့် ၊ ဗာရန်း ၊ အကီ စတဲ့ နာမည်ကြီး ထိပ်တန်း နောက်ခံလူတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ရီးရဲလ်နောက်ခံလူ ဗာရန်း နဲ့ မန်စီးတီး နောက်ခံလူ အကီတို့ဟာ
ပြောင်းရွေ့ကြေး အမြောက်အမြား ပေးချေရမှာ ဖြစ်ပြီး ရာမိုစ့်ကလဲ လုပ်ခလစာ မြင့်မားတဲ့ ကစားသမား ဖြစ်တာကြောင့် တောရက်စ်ကို ပြောင်းလဲ ချဉ်းကပ်လာခြင်း ဖြစ်ပါတယ်။
တောရက်စ်ဟာ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြကြီး ဆိုးလ်ရှားကလည်း အဲ့ဒီပွဲက ခြေစွမ်းတွေကြောင့် သူ့ကို ပိုပြီး မျက်စိကျလာပါတယ်။
အသက် ၂၄ နှစ်အရွယ် စပိန်သားဟာ ဗီလာရီးရဲလ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနစ်မှာ စီနီယာအသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၇ ပွဲ ကစားပေးထားပြီး ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။
လက်ရှ်အချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ပါအူတောရက်စ် အတွက် ဗီလာရီးရဲလ် ထံသို့ စတင်ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်လျက် ရှိနေပြီး ရီးရဲလဲနောက်ခံလူ ဗာရန်းထက် ပြောင်းရွေ့ကြေး ပိုမိုသက်သာတဲ့ ကစားသမားဖြစ်လို့
အပြောင်းအရွေ့ ဖြစ်ပေါ်နိုင်ကြောင်း ဥရောပ အားကစားမီဒီယာတွေက သုံးသပ်ထားပါတယ်။ သို့ပေမယ့် ယူနိုက်တက်ဟာ ဗာရန်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှုများကိုလဲ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာဟာ ဗီလာရီးရဲလ္ ေနာက္ခံလူ ပါအူေတာရက္စ္ကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ထားၿပီ ျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာ မ်ားက ေဖာ္ျပ သြားပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္း ဟာအခုအေျပာင္းအေ႐ႊ႕ ေဈးကြက္ေဈးကြက္အတြင္း အသင္းရဲ႕ ေနာက္ခံလူ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကစားဖို႔ ထိပ္သီးေနာက္ခံလူ တစ္ဦးကို အလိုရွိေနတာျဖစ္ၿပီး ဥေရာပရဲ႕ ထိပ္သီး ေနာက္ခံလူေတြကို ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ရာမိုစ့္ ၊ ဗာရန္း ၊ အကီ စတဲ့ နာမည္ႀကီး ထိပ္တန္း ေနာက္ခံလူေတြကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေပမယ့္ ရီးရဲလ္ေနာက္ခံလူ ဗာရန္း နဲ႕ မန္စီးတီး ေနာက္ခံလူ အကီတို႔ဟာ
ေျပာင္းေ႐ြ႕ေၾကး အေျမာက္အျမား ေပးေခ်ရမွာ ျဖစ္ၿပီး ရာမိုစ့္ကလဲ လုပ္ခလစာ ျမင့္မားတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ေတာရက္စ္ကို ေျပာင္းလဲ ခ်ဥ္းကပ္လာျခင္း ျဖစ္ပါတယ္။
ေတာရက္စ္ဟာ ယူနိုက္တက္နဲ႕ ဗီလာရီးရဲလ္တို႔ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲစဥ္မွာ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ ယူနိုက္တက္နည္းျပႀကီး ဆိုးလ္ရွားကလည္း အဲ့ဒီပြဲက ေျခစြမ္းေတြေၾကာင့္ သူ႕ကို ပိုၿပီး မ်က္စိက်လာပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ စပိန္သားဟာ ဗီလာရီးရဲလ္အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးျဖစ္ၿပီး ၂၀၁၈ ခုနစ္မွာ စီနီယာအသင္းႀကီးအတြက္ စတင္ကစားခြင့္ရခဲ့ပါတယ္။ ဗီလာရီးရဲလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၈၇ ပြဲ ကစားေပးထားၿပီး ၅ ဂိုး သြင္းယူကာ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ေပးထားနိုင္ပါတယ္။
လက္ရွ္အခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ဟာ ပါအူေတာရက္စ္ အတြက္ ဗီလာရီးရဲလ္ ထံသို႔ စတင္ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္လ်က္ ရွိေနၿပီး ရီးရဲလဲေနာက္ခံလူ ဗာရန္းထက္ ေျပာင္းေ႐ြ႕ေၾကး ပိုမိုသက္သာတဲ့ ကစားသမားျဖစ္လို႔
အေျပာင္းအေ႐ြ႕ ျဖစ္ေပၚနိုင္ေၾကာင္း ဥေရာပ အားကစားမီဒီယာေတြက သုံးသပ္ထားပါတယ္။ သို႔ေပမယ့္ ယူနိုက္တက္ဟာ ဗာရန္းကို ေခၚယူဖို႔ ကမ္းလွမ္းမႈမ်ားကိုလဲ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ ဆိုၾကပါတယ္။