Spots news

နှစ်သစ်မှာ အသင်းသစ် အတွက် ဆွေးနွေး ကြတော့မယ် ကမ္ဘာကျော် ကစားသမားများ

Unicode Version

2021 ကို ရောက်ရှိ ခဲ့ပြီ ဖြစ်လို့ လက်ရှိ ကလပ်အသင်းတွေ နဲ့ စာချုပ် သက်တမ်း 6 လ သာ ကျန်တော့တဲ့ ကစားသမား တွေ အနေနဲ့ အပြောင်း အရွှေ့ ဆိုင်ရာ ကိစ္စရပ် တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရရှိ တော့မှာ  ဖြစ်ပါတယ်။

ကမ္ဘာ့ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခံ ထားရတဲ့ မက်ဆီ ၊ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး တိုက်စစ်မှုး စာရင်းဝင် အဂွေးရိုး ၊ အာဆင်နယ်ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ အိုဇေး တို့ပါ ပါဝင်လျက် ရှိနေပါတယ်။

ကိုဗစ် 19 ကပ်ရောဂါ ကြီးကြောင့် ကမ္ဘာနှင့် အဝှမ်း စီးပွားရေး ထိခိုက်မှု များစွာ ရှိခဲ့ပြီး ဘောလုံးလောက ကိုလည်း ပြင်းစွာ ရိုက်ခတ်မှု ရှိခဲ့ တာပါ။ ကစားသမား လစာ မြင့်မားစွာ ပေးချေ နေရတဲ့ ဥရောပ ထိပ်သီး ကလပ်တွေဟာ ကစားသမား လစာ ပေးချေဖို့ ရုန်းကန်မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ထိုအချက်ကြောင့် လစာမြင့်မားတဲ့ အသင်းရဲ့ ကျောရိုး အဓိက ကစားသမား‌ တွေကို‌ပင် ဆက်လက် ထိန်းထားဖို့ စာချုပ် သက်တမ်း တိုးဖို့ မကြိုးစား တော့တာကို တွေ့လာ ရပါတယ်။

စာချုပ် သက်တမ်း ပြည့်တော့မယ့် နာမည်ကြီး ကစားသမား စာရင်း –
မက်ဆီ (ဘာစီလိုနာ) အဂွေးရိုး (မန်စီးတီး) အိုဇေး (အာဆင်နယ်) အလာဘာ (ဘိုင်ယန် ) ဒီပေး (လီယွန်) ဝိုင်နယ်ဒမ် (လီဗာပူး) မီလစ် (နာပိုလီ) ဒီမာရီယာ (ပီအက်စ်ဂျီ) ဒရက်ဇ်လာ (ပီအက်စ်ဂျီ) ရာမို့စ် (ရီးရဲ) ဂျရူး (ချဲဆီး) အီဗန် (လက်စတာ) မစ်ခီတာရန် (ရိုးမား) ချာဟနိုဂလူ (အေစီ) ဘိုတန် (ဘိုင်ယန်) မူစတာဖီ (အာဆင်နယ်) ဒွန်နာရမ်မာ (အေစီ) အဲရစ် ဂါစီယာ (မန်စီးတီး) သောင်ဗင် (မာဆေး)

ဒါဟာ ကစားသမား တစ်ချို့ ရဲ့ အမည်စာရင်း ဖြစ်ပြီး တစ်ချို့ ကတော့ သက်ဆိုင်ရာ ကလပ်တွေမှာ ယခင် ကတည်းက နေရာမရလို့ လမ်းခွဲတာ ဖြစ်ပေမယ့် ၊ တစ်ချို့ က ပိုကောင်းတဲ့ အခွင့် အလမ်းတွေ ကို လိုချင်တဲ့ အတွက် လမ်းခွဲကြမယ့် သူတွေပါ။

ဒါကြောင့် အလွတ်ကြေးနဲ့ ခေါ်ယူမယ့် အသင်းတွေ အနေနဲ့လဲ လစာ များများနဲ့ ကစားသမားကို  စည်းရုံးပြီး ခေါ်ယူရမှာ ဖြစ်ပါတယ်။ အလွတ်ရခဲ့ရင် လစာ များများပေးဖို့ လက်မနှေးတဲ့ အသင်းက အထက်ပါ နာမည်ကြီး ကစားသမား တွေကို ရရှိမှာပါ။