Spots news

ယူနိုက်တက်နဲ့ သက်တမ်းတိုးရင် လစာတနင့်တပိုးရရှိမယ့် ပေါ့ဘာ

Unicode Version

ယူနိုက်တက် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ပေါ့ဘာကို လစာတိုးပေးပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ပြင်နေကြောင်းသိရပါတယ်။

ပေါ့ဘာရဲ့ စာချုပ် သက်တမ်းဟာ နောက်ဆုံးနှစ်ကို ရောက်ရှိလာပြီ ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့

စာချုပ်သက်တမ်း တိုးဖို့ ဆန္ဒသိပ် မရှိတော့ပေမယ့် ယူနိုက်တက် ဘက်က အခုလို မက်လုံးပေးပြီး ဆက်ထိန်းထားဖို့ ပြင်နေတာပါ။

ပေါ့ဘာကို ရီးရဲလ် ၊ ဂျူဗင်တပ်စ် နဲ့ PSG တို့ကလည်း အလိုရှိနေပြီး ယူနိုက်တက် တို့ဘက်က ပြောင်းရွှေ့ကြေး သန်း (၈၀) လောက်အထိ တောင်းဆိုဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် ထပ်မံထွက်ပေါ်လာတဲ့ သတင်းအရ လာမယ့်ရာသီမှာ ဆုဖလားအောင်မြင်မှု တစ်ခုခု မဖြစ်မနေ ယူပြဖို့ လိုအပ်နေတဲ့ နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းရဲ့

အဓိက ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာ ဆက်ရှိစေချင်ပြီး အသင်း တာဝန်ရှိသူတွေကလည်း အဆိုပါ ကစားသမား အတွက် လစာတိုးပေးဖို့ စီစဉ်နေတယ် လို့ဆိုပါတယ်။

ပေါ့ဘာဟာ လက်ရှိ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းရနေပြီ ယူနိုက်တက်ရဲ့ လစာအများဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ရာသီမှာ ယူနိုက်တက်ဟာ ၎င်းအတွက် တစ်ပတ် လုပ်ခ ပေါင်(၄)သိန်းအထိ တိုးပေး သွားဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပေါ့ဘာကို လစားတိုးပေးပြီး (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ ဆန္ဒရှိ နေပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ ေပါ့ဘာကို လစာတိုးေပးၿပီး အသင္းမွာ ဆက္ထိန္းထားဖို႔ျပင္ေနေၾကာင္းသိရပါတယ္။

ေပါ့ဘာရဲ႕ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆုံးႏွစ္ကိုေရာက္ရွိလာၿပီျဖစ္သလို ကစားသမားကိုယ္တိုင္ကလည္း အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵသိပ္မရွိေတာ့ေပမယ့္ ယူနိုက္တက္ဘက္က အခုလို မက္လုံးေပးၿပီး ဆက္ထိန္းထားဖို႔ျပင္ေနတာပါ။

ေပါ့ဘာကို ရီးရဲလ္ ၊ ဂ်ဴဗင္တပ္စ္ နဲ႕ PSG တို႔ကလည္း အလိုရွိေနၿပီး ယူနိုက္တက္တို႔ဘက္က ေျပာင္းေ႐ႊ႕ေၾကး သန္း (၈၀) ေလာက္အထိ ေတာင္းဆိုဖို႔ စီစဥ္ထားတာပါ။

ဒါေပမယ့္ ထပ္မံထြက္ေပၚလာတဲ့ သတင္းအရ လာမယ့္ရာသီမွာ ဆုဖလားေအာင္ျမင္မႈ တစ္ခုခု မျဖစ္မေန ယူျပဖို႔ လိုအပ္ေနတဲ့ နည္းျပဆိုးလ္ရွားအေနနဲ႕ အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေပါ့ဘာကို အသင္းမွာ ဆက္ရွိေစခ်င္ၿပီး အသင္းတာဝန္ရွိသူေတြကလည္း အဆိုပါ ကစားသမားအတြက္ လစာတိုးေပးဖို႔ စီစဥ္ေနတယ္လို႔ဆိုပါတယ္။

ေပါ့ဘာဟာ လက္ရွိ ယူနိုက္တက္မွာ တစ္ပတ္လုပ္ခ ေပါင္ (၃) သိန္းရေနၿပီ ယူနိုက္တက္ရဲ႕ လစာအမ်ားဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။

ဒါေပမယ့္ လာမယ့္ ရာသီမွာ ယူနိုက္တက္ဟာ ၎အတြက္ တစ္ပတ္ လုပ္ခ ေပါင္(၄)သိန္းအထိ တိုးေပးသြားဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ ယူနိုက္တက္ဟာ ေပါ့ဘာကို လစားတိုးေပးၿပီး (၅)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနပါတယ္။