Spots news

သမိုင်းတစ်လျှောက် အမြ့င့်မားဆုံး ပြောင်းရွေ့ကြေးဖြင့် ဟယ်ရီကိန်းကို မန်စီးတီး ကမ်းလှမ်း

Unicode Version

စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလိုနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်

စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)အထိပေးပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းစတင်ခဲ့ပါပြီ။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဟယ်ရီကိန်းဟာ ဆုဖလားတွေရယူနိုင်ဖို့အတွက် စပါးအသင်းကနေထွက်ခွာတော့မယ်လို့ ဝန်ခံပြောဆိုထားပြီး

သူ့ကိုခေါ်ယူဖို့ မန်စီးတီးအပြင် မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးအပါအဝင် ဥရောပထိပ်သီးကလပ်တွေက အပြိုင်စိတ်ဝင်စားနေကြတာပါ။

ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းနဲ့လမ်းခွဲမယ်ဆိုတဲ့အကြောင်းကို တာဝန်ရှိသူတွေဆီတရားဝင်အကြောင်းကြားစာ မပေးပို့ရသေးပေမယ့်

အသင်းက.ထွက်ခွာဖို့နဲ့ သူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရှိလာရင် လက်ခံပေးဖို့ အသင်းဥက္ကဌလီဗိုင်ကို အသိပေးပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာတော့ မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းအတွက် သူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ ဂျေးဆု၊ စတာလင်၊ လာပေ့ါတ်တို့ကိုပါ

အလိုက်ပေးပြီး စုစုပေါင်းတန်ဖိုးပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။

လီဗိုင်ကတော့ အသင်းရဲ့အဓိက တိုက်စစ်မှူးဟယ်ရီကိန်းကို ပြောင်းရွှေကြေးသီးသန့် ပေါင်သန်း(၁၅၀)အထိရမှ ရောင်းချဖို့ဆန္ဒရှိနေသလို

ကစားသမား အလိုက်ပေးတာကို လက်ခံဖို့မရှိတဲ့အတွက် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားဖို့ရှိနေပါပြီ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အပြောင်းအရွှေ့အဖြစ် မှတ်တမ်းဝင်နေတာက ၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ

ဂျူဗင်တပ်စ်အသင်းကနေ ပေ့ါဘာကို ပေါင်(၈၉)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးစံချိန်သစ်ပမာဏနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Zawgyi Version




အခုအချိန်မှာတော့ မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းအတွက် သူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ ဂျေးဆု၊ စတာလင်၊ လာပေါ့တ်တို့ကိုပါအလိုက်ပေးပြီး စုစုပေါင်းတန်ဖိုးပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။


ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အပြောင်းအရွှေ့အဖြစ် မှတ်တမ်းဝင်နေတာက ၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကနေ ပေါ့ဘာကို ပေါင်(၈၉)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးစံချိန်သစ်ပမာဏနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။