Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းက ရာသီကြို ခြေစမ်းပွဲကစားမယ့် အသင်းတွေကို ကြေညာခဲ့ပါတယ်။
အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်းက ဇူလိုင်လ ( ၁၈ ) ရက်တွင် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီရဲ့
ဒါဘီအသင်းနဲ့ Pride Park မှာ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ရှိပါတယ်။ ယူကေမှာ တစ်ပတ်တာ လေ့ကျင့်ရေး
ပြုလုပ်ပြီးနောက် ဇူလိုင်လ ( ၂၄ ) ရက်နေ့မှာ ကျူပီအာအသင်းကို အဝေးကွင်း သွားရောက်ကစားဖို့ရှိပါတယ်။
ဇူလိုင် ( ၂၈ ) ရက် နေ့မှာတော့ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဘရက်ဖို့ဒ် အသင်းကို အိုးထရတ်ဖို့ဒ်မှာ လက်ခံ ကစားဖို့ရှိပြီး သြဂုတ်လ ( ၇ ) ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ကစားဖို့
စီစဉ်ထားပါတယ်။ အိုးထရတ်ဖို့ဒ်ပွဲစဉ်အတွက် လက်မှတ်တွေ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်အားလုံးကို MUTV ကနေ တိုက်ရိုက်ထုတ်လွှင့်သွားဖို့ ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ Chief Operating Officer ကော်လက်တီ ရိုချီက “ ဒီိနှစ်ရာသီကြို ပွဲစဉ်တွေကို ခရီိးသွား ကန့်သတ်ချက်တွေ နဲ့အညီ ပြင်ဆင်ရပါတယ်။ အိုလေ နှင့် ကစားသမားတွေအနေနဲ့ လာမယ့် ရာသီအတွက်
အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ပရိသတ်တွေအနေနဲ့ အိုးထရတ်ဖို့ဒ်မှာ
ကစားမယ့် ပွဲစဉ် ( ၂ ) ခုကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။
Zawgyi Version