Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာသာရရှိခဲ့ပြီး ယူရိုပါလိဂ် ဖိုင်နယ်မှာလဲ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားလက်မဲ့ဘောလုံးရာသီကို ရင်ဆိုင်ခဲ့ရပြီး
လာမည့် ဘောလုံး ရာသီမှာ ဆုဖလားကို စိန်ခေါ်နိုင်ဖို့ လိုအပ်တဲ့ လူအင်အား ဖြည့်တင်းမှု တွေကို ယခု နွေရာသီ အပြောင်းအရွေ့မှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သိသာစွာ လိုအပ်နေတဲ့ ညာတောင်ပံ ကစားသမားတစ်ဦး၊ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ဗဟိုခံစစ်မှူးတစ်ဦးကို ဆိုးလ်ရှားက အလိုရှိနေပြီး
အဆိုပါ ကစားသမားတွေကို မရရအောင်ခေါ်ယူသွားဖို့ ရှိနေပါတယ်။ အဆိုပါ နှစ်နေရာအတွက် ဒေါ့မွန်မှ ဆန်ချို နဲ့ ရီးရဲလ်မက်ဒရစ်မှ ဗာရန်း တို့ကို ချိတ်ဆက်လျက် ရှိနေပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများအရ ဗာရန်း ရီးရဲလ်ကနေ ထွက်ခွာဖို့ တောင်းဆို ထားတယ်လို့ သိရပြီး ရီးရဲလ်အနေနဲ့
လာမယ့် နွေရာသီမှာမရောင်းချခဲ့ဘူးဆိုရင် နောက်တစ်နှစ်မှာ အလွတ်ထွက်ခွာခွင့် ပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် ပြင်သစ်နောက်ခံလူ အတွက် ထိုက်တန်တဲ့ ဈေးနှုန်း ရရှိခဲ့မယ်ဆိုရင် ရီးရဲလ်က ရောင်းချသွားဖို့ ရှိနေပြီး ယူနိုက်တက်အနေနဲ့
အကျေအလည် ဆွေးနွေးနိုင်မယ်ဆိုရင် ခေါ်ယူနိုင်လိမ့်မယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဆန်ချိုကတော့ ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ပြီး နွေရာသီမှာ ပေါင်သန်း ၁၀၀ အောက် ဈေးနှုန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကစားသမား ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာချင်နေပြီး
ယူနိုက်တက်ကို စိတ်ဝင်စားတဲ့ အမူအရာတွေပြသနေကာ ဆိုးလ်ရှားရဲ့ တောင်းဆိုမှုကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဆန်ချိုကို မရရအောင် ခေါ်ယူပေးသွားဖွယ် လည်းရှိနေပါတယ်။
မန်ချက်စတာ ညနေခင်း သတင်းစာရဲ့ ဖော်ပြချက်အရဆိုရင်တော့ ယူနိုက်တက် ဂန္ထဝင်ခံစစ်မှူး နီမန်ဂျာဗီဒစ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၅ ကို ဗာရန်း အတွက် ချန်လှပ်ထားတယ်လို့ သိရပြီး ဂျေဒန်ဆန်ချို အနေနဲ့
လက်ရှိမှာ ကာဗာနီက ကျောနံပါတ် ၇ ကို ရယူထားတာကြောင့် သူ့ရဲ့ပထမဆုံးရာသီမှာဆိုရင် ချီချာရီတို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄၊ ဗန်ပါစီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ဝတို့ကို ယူနိုက်တက်က ပြင်ဆင်ထားကြောင်း သိရပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ေနရာသာရရွိခဲ့ၿပီး ယူရိုပါလိဂ္ ဖိုင္နယ္မွာလဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဆုဖလားလက္မဲ့ေဘာလုံးရာသီကို ရင္ဆိုင္ခဲ့ရၿပီး
လာမည့္ ေဘာလုံး ရာသီမွာ ဆုဖလားကို စိန္ေခၚနိုင္ဖို႔ လိုအပ္တဲ့ လူအင္အား ျဖည့္တင္းမႈ ေတြကို ယခု ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ လုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ သိသာစြာ လိုအပ္ေနတဲ့ ညာေတာင္ပံ ကစားသမားတစ္ဦး၊ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကစားဖို႔ ဗဟိုခံစစ္မႉးတစ္ဦးကို ဆိုးလ္ရွားက အလိုရွိေနၿပီး
အဆိုပါ ကစားသမားေတြကို မရရေအာင္ေခၚယူသြားဖို႔ ရွိေနပါတယ္။ အဆိုပါ ႏွစ္ေနရာအတြက္ ေဒါ့မြန္မွ ဆန္ခ်ိဳ နဲ႕ ရီးရဲလ္မက္ဒရစ္မွ ဗာရန္း တို႔ကို ခ်ိတ္ဆက္လ်က္ ရွိေနပါတယ္။
လက္ရွိ ထြက္ေပၚေနတဲ့ သတင္းမ်ားအရ ဗာရန္း ရီးရဲလ္ကေန ထြက္ခြာဖို႔ ေတာင္းဆိုထားတယ္လို႔ သိရၿပီး ရီးရဲလ္အေနနဲ႕ လာမယ့္ ေႏြရာသီမွာမေရာင္းခ်ခဲ့ဘူးဆိုရင္ ေနာက္တစ္ႏွစ္မွာ အလြတ္ထြက္ခြာခြင့္ ေပးရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ျပင္သစ္ေနာက္ခံလူ အတြက္ ထိုက္တန္တဲ့ ေဈးႏႈန္း ရရွိခဲ့မယ္ဆိုရင္ ရီးရဲလ္က ေရာင္းခ်သြားဖို႔ ရွိေနၿပီး ယူနိုက္တက္အေနနဲ႕ အေက်အလည္ ေဆြးေႏြးနိုင္မယ္ဆိုရင္ ေခၚယူနိုင္လိမ့္မယ္လို႔ အဂၤလန္ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဆန္ခ်ိဳကေတာ့ ယူနိုက္တက္ရဲ႕ ကာလရွည္ပစ္မွတ္ျဖစ္ၿပီး ေႏြရာသီမွာ ေပါင္သန္း ၁၀၀ ေအာက္ ေဈးႏႈန္းနဲ႕ ေခၚယူနိုင္မွာ ျဖစ္ပါတယ္။ ကစားသမား ကလည္း ပရီးမီးယားလိဂ္ကို ျပန္လာခ်င္ေနၿပီး
ယူနိုက္တက္ကို စိတ္ဝင္စားတဲ့ အမူအရာေတြျပသေနကာ ဆိုးလ္ရွားရဲ႕ ေတာင္းဆိုမႈေၾကာင့္ ယူနိုက္တက္ တာဝန္ရွိသူေတြ အေနနဲ႕ ဆန္ခ်ိဳကို မရရေအာင္ ေခၚယူေပးသြားဖြယ္ လည္းရွိေနပါတယ္။
မန္ခ်က္စတာ ညေနခင္း သတင္းစာရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ ယူနိုက္တက္ ဂႏၳဝင္ခံစစ္မႉး နီမန္ဂ်ာဗီဒစ္ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၅ ကို ဗာရန္း အတြက္ ခ်န္လွပ္ထားတယ္လို႔ သိရၿပီး ေဂ်ဒန္ဆန္ခ်ိဳ အေနနဲ႕
လက္ရွိမွာ ကာဗာနီက ေက်ာနံပါတ္ ၇ ကို ရယူထားတာေၾကာင့္ သူ႕ရဲ႕ပထမဆုံးရာသီမွာဆိုရင္ ခ်ီခ်ာရီတို ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၄၊ ဗန္ပါစီဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၂ဝတို႔ကို ယူနိုက္တက္က ျပင္ဆင္ထားေၾကာင္း သိရပါတယ္။