Spots news

အခမ်းနားဆုံး တိုက်စစ်အတွဲ ဖြစ်လာမယ့် မက်ဆီ နဲ့ ရော်နယ်ဒို အတွဲကို ဖန်တီးမယ့် ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်အသင်း ကနေ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး

ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ စီမံနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ လာကြပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာ ဖြစ်သလို လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် အယ်လီဂရီနီဟာ

ရော်နယ်ဒို ကို သဘောမကျတာကြောင့် ယခုနှစ် နွေရာသီမှာပဲ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တိုက်တွန်းခဲ့ပါတယ်။

ရော်နယ်ဒိုဟာလဲ ဂျူဗင်တပ်အသင်းရဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ ကြားမှာ ဆက်ဆံရေးတွေ အေးခဲနေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန်လောက်မှာ သူ့ကို

လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ နည်းပြ အယ်လီဂရီနီရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒမရှိတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS English သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာဟာ အသင်းမှာ မလိုအပ်တော့တဲ့

ကစားသမားတွေ ဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟို ၊ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်တို့နဲ့ ရော်နယ်ဒိုကို အလဲအထပ် လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန် အထိ ထိပ်သီး တိုက်စစ်မှူး တဦး ဖြစ်နေဆဲ ဖြစ်သလို ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အတွဲအဖက်ဟာ ပရိသတ်တွေ မြင်ချင်နေကြတဲ့

အတွဲအဖက် တခု ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဝင်ငွေတွေဟာ တဟုန်ထိုး မြင့်တက်လာနိုင်တာကြောင့် လာပေါ်တာက ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ဒါပေမယ့် ရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် ကစားသမား တဦးဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့

အဓိက ကစားသမား တဦး ဖြစ်တဲ့ မက်ဆီရဲ့ ပြိုင်ဘက် ဖြစ်တာကြောင့် လာပေါ်တာဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ အတော်လေး ကြိုးစားရဖွယ် ရှိပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ဂ်ဴဗင္တပ္အသင္း ကေန ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ဖိဳ႕ စီစဥ္ေနတဲ့ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုကို ေခၚယူဖို႔ စီမံေနေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက အသီးသီး ေဖာ္ျပ လာၾကပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တာ ျဖစ္သလို လက္ရွိ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပသစ္ အယ္လီဂရီနီဟာ

ေရာ္နယ္ဒို ကို သေဘာမက်တာေၾကာင့္ ယခုႏွစ္ ေႏြရာသီမွာပဲ ေရာ္နယ္ဒိုကို ေရာင္းထုတ္ဖို႔ အသင္းရဲ႕ ဘုတ္အဖြဲ႕ထံ တိုက္တြန္းခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာလဲ ဂ်ဴဗင္တပ္အသင္းရဲ႕ ကစားသမားေတြနဲ႕ သူ႕ရဲ႕ ၾကားမွာ ဆက္ဆံေရးေတြ ေအးခဲေနသလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ေလာက္မွာ သူ႕ကို

လူသိရွင္ၾကား ေဝဖန္ခဲ့တဲ့ နည္းျပ အယ္လီဂရီနီရဲ႕ လက္ေအာက္မွာ ကစားဖို႔ ဆႏၵမရွိတာေၾကာင့္ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းကေန ထြက္ခြာဖို႔ စိုင္းျပင္းေနပါတယ္။

စပိန္နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ AS English သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌ ျဖစ္သူ လာေပၚတာဟာ အသင္းမွာ မလိုအပ္ေတာ့တဲ့

ကစားသမားေတြ ျဖစ္တဲ့ ဘရာဇီးလ္ ကြင္းလယ္လူ ေကာ္တင္ဟို ၊ ေဘာ့စနီးယား ကြင္းလယ္လူ ပီယာနစ္တို႔နဲ႕ ေရာ္နယ္ဒိုကို အလဲအထပ္ လုပ္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္ အထိ ထိပ္သီး တိုက္စစ္မႉး တဦး ျဖစ္ေနဆဲ ျဖစ္သလို ေရာ္နယ္ဒိုနဲ႕ မက္ဆီတို႔ရဲ႕ အတြဲအဖက္ဟာ ပရိသတ္ေတြ ျမင္ခ်င္ေနၾကတဲ့

အတြဲအဖက္ တခု ျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕ ဝင္ေငြေတြဟာ တဟုန္ထိုး ျမင့္တက္လာနိုင္တာေၾကာင့္ လာေပၚတာက ေရာ္နယ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။

ဒါေပမယ့္ ေရာ္နယ္ဒိုဟာ ဘာစီလိုနာအသင္းရဲ႕ မဟာၿပိဳင္ဘက္ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား တဦးျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕

အဓိက ကစားသမား တဦး ျဖစ္တဲ့ မက္ဆီရဲ႕ ၿပိဳင္ဘက္ ျဖစ္တာေၾကာင့္ လာေပၚတာဟာ ေရာ္နယ္ဒိုကို ေခၚယူနိုင္ဖို႔ အေတာ္ေလး ႀကိဳးစားရဖြယ္ ရွိပါတယ္။