Spots news

ယူနိုက်တက်ရဲ့ နှေးကွေးနေမှုကြောင့် ဆန်ချိုကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းက ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပေမယ့် ရီးရဲမက်ဒရစ် အသင်းက

ယူနိုက်တက်ရဲ့ နံပါတ် ပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်း မီဒီယာ များက ဖော်ပြသွားပါတယ်။

ရီးရဲမက်ဒရစ် နည်းပြသစ် အန်ဆလော့တီဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား ရဲ့ ခြေစွမ်းကို သဘောကျလျက်ရှိပြီး ဘာနေဗျူးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဆန်ချိုကို ပေါင် ၆၇ သန်းနဲ့ တရားဝင်စတင် ကမ်းလှမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပေါင်သန်း ၈၀ အထိ အလိုရှိ

နေတာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းကို ပယ်ချခဲ့ပါတယ်။ ထို့ကြောင့် ယူနိုက်တက်ဘက်က ပေါင် ၇၅ သန်းအထိ ထပ်မံတိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ကြန့်ကြာနေပါသေးတယ်။

 

ယူနိုက်တက်ရဲ့ ယခုလို ကြန့်ကြာနေတာက ရီးရဲမက်ဒရစ် အတွက် အဆင်ပြေနေစေပြီး ပီအက်စ်ဂျီက အမ်ဘာပေ အစား ယူနိုက်တက်ရဲ့ ပစ်မှတ်ကို ကြားဖြတ်လုယူဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဒဏ်ရာမကြာခန ရနေတဲ့ အီဒင်ဟာဇက် နှင့် လူကာ ဂျိုဗစ်တို့က ရုန်းကန်နေရတဲ့အတွက် တိုက်စစ် ကစားသမား ခေါ်ယူအားဖြည့်ရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဆန်ချိုက လက်ရှိမှအချိန်မှာ အင်္ဂလန်အသင်းနဲ့ အတူ ယူရို ( ၂၀၂၀ ) ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲပြီးဆုံးပါက လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားရမယ် ဆိုတာကို အပြောင်းအရွေ့ ပေါ်ထွက် လာဖွယ်ရာရှိပါတယ်

Zawgyi Version




ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဆန်ချိုကို ပေါင် ၆၇ သန်းနဲ့ တရားဝင်စတင် ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက ပေါင်သန်း ၈၀ အထိ အလိုရှိ



