Spots news

ယူနိုက်တက်က သူ့ရဲ့ idol ကြောင့် ပြောင်းရွေ့လာခဲ့တာပါလို့ဆိုတဲ့ လူငယ်ကြယ်ပွင့် ဒီယာလို

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုင်ဗရီကို့ ကြယ်ပွင့် တိုက်စစ် ကစားသမား ဒီယာလို ကတော့ ယူနိုက်တက် အသင်းမှာ သု့ရဲ့ Idol ပြင်သစ်ကွင်းလယ် ကစားသမား ပေါ့ဘာ ရှိနေခြင်းက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချစေခဲ့တယ် လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက်ဆီသို့ ရောက်ရှ်လာတဲ့ ဒီယာလိုဟာ
နည်းပြ ဆိုးရှားရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိထားပေမယ့် ပရိသတ်တွေက လူငယ် ကစားသမားရဲ့ ခြေစွမ်းကို အများကြီး မျှော်လင့်ထားကြပါတယ်။

လက်ရှိမာလဲ ဒီယာလိုဟာ နည်းပြ ဆိုးရှားရဲ့အနာဂတ်အစီအစဉ်မှာ ပါ၀င်နေပြီး တချို့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရလျက်ရှိနေပါတယ်။ ယူနိုက်တက်မှာ လူငယ်တွေကို နေရာပေးနေတဲ့ ဆိုးရှားက ဆန်ချို ရောက်ရှိလာခဲ့ရင်တောင် ဒီယာလိုကို အငှားချသွား ဖွယ်ရာ မရှိပါဘူး။

ဒီယာလိုက“ ကျနော် ကလေးပဲ ရှိသေးတဲ့အချိန်၊ ပေါ့ဘာ ဂျူဗင်တပ်မှာ ကစားတုန်းက သတင်းစာရှင်းလင်းပွဲပြီးတဲ့ အချိန်မှာ ဘယ်သူနဲ့ ဓါတ်ပုံရိုက်ချင်သလဲလို့ သူတို့ ကျနော်ကိုမေးခဲ့ပါတယ်။

ကျနော်က ပေါ့ဘာနဲ့လို့ ပြန်ဖြေခဲ့ပါတယ်။ သူက ကျနော့် idol ပါ။ ပြီးတဲ့နောက် ကျနော် ယူနိုက်တက်ဆီကနေ ကမ်းလှမ်းမှု ရခဲ့ပါတယ်။ ပေါလ်ပေါ့ဘာ ဒီမှာ ရှိနေခြင်းက ဒီအပြောင်းအရွှေ့ကို အဓိက ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့ကြောင့် ကျနော် ဒီကို လာဖို့ 2 ခါပြန် မစဉ်းစားခဲ့ရပါဘူး။ ”

“အခုလို သူနဲ့အတူတွဲကစားခွင့်ရတာဟာ မယုံနိုင်စရာပါပဲ ။ ဘ၀သက်တမ်းတလျောက်မှာ မမျော်လင့်တာတွေဖြစ်တတ်ပါတယ် ။ အချိန်ကာလပေးတဲ့အခါ မှာ အခွင့်အရေးကို ဖမ်းဆုပ်သွားရပါမယ်။ ပေါ့ဘာနဲ့ အတူတွဲကစားခွင့်ရတယ်ဆိုတဲ့ခံစားချက်က ဖော်ပြဖို့ အတော်ခက်ခဲပါတယ် ” လို့ ဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ အိုင္ဗရီကို႔ ၾကယ္ပြင့္ တိုက္စစ္ ကစားသမား ဒီယာလို ကေတာ့ ယူနိုက္တက္ အသင္းမွာ သု႔ရဲ႕ Idol ျပင္သစ္ကြင္းလယ္ ကစားသမား ေပါ့ဘာ ရွိေနျခင္းက ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ခ်ေစခဲ့တယ္ လို႔ ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ဆီသို႔ ေရာက္ရွ္လာတဲ့ ဒီယာလိုဟာ
နည္းျပ ဆိုးရွားရဲ႕ လက္ေအာက္မွာ ပြဲထြက္ခြင့္ အနည္းငယ္သာ ရရွိထားေပမယ့္ ပရိသတ္ေတြက လူငယ္ ကစားသမားရဲ႕ ေျခစြမ္းကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကပါတယ္။

လက္ရွိမာလဲ ဒီယာလိုဟာ နည္းျပ ဆိုးရွားရဲ႕အနာဂတ္အစီအစဥ္မွာ ပါ၀င္ေနၿပီး တခ်ိဳ႕ပြဲစဥ္ေတြမွာ ပြဲထြက္ခြင့္ ရလ်က္ရွိေနပါတယ္။ ယူနိုက္တက္မွာ လူငယ္ေတြကို ေနရာေပးေနတဲ့ ဆိုးရွားက ဆန္ခ်ိဳ ေရာက္ရွိလာခဲ့ရင္ေတာင္ ဒီယာလိုကို အငွားခ်သြား ဖြယ္ရာ မရွိပါဘူး။

ဒီယာလိုက“ က်ေနာ္ ကေလးပဲ ရွိေသးတဲ့အခ်ိန္၊ ေပါ့ဘာ ဂ်ဴဗင္တပ္မွာ ကစားတုန္းက သတင္းစာရွင္းလင္းပြဲၿပီးတဲ့ အခ်ိန္မွာ ဘယ္သူနဲ႕ ဓါတ္ပုံရိုက္ခ်င္သလဲလို႔ သူတို႔ က်ေနာ္ကိုေမးခဲ့ပါတယ္။

က်ေနာ္က ေပါ့ဘာနဲ႕လို႔ ျပန္ေျဖခဲ့ပါတယ္။ သူက က်ေနာ့္ idol ပါ။ ၿပီးတဲ့ေနာက္ က်ေနာ္ ယူနိုက္တက္ဆီကေန ကမ္းလွမ္းမႈ ရခဲ့ပါတယ္။ ေပါလ္ေပါ့ဘာ ဒီမွာ ရွိေနျခင္းက ဒီအေျပာင္းအေ႐ႊ႕ကို အဓိက ျဖစ္ေပၚေစခဲ့ပါတယ္။ သူ႕ေၾကာင့္ က်ေနာ္ ဒီကို လာဖို႔ 2 ခါျပန္ မစဥ္းစားခဲ့ရပါဘူး။ ”

“အခုလို သူနဲ႕အတူတြဲကစားခြင့္ရတာဟာ မယုံနိုင္စရာပါပဲ ။ ဘ၀သက္တမ္းတေလ်ာက္မွာ မေမ်ာ္လင့္တာေတြျဖစ္တတ္ပါတယ္ ။ အခ်ိန္ကာလေပးတဲ့အခါ မွာ အခြင့္အေရးကို ဖမ္းဆုပ္သြားရပါမယ္။ ေပါ့ဘာနဲ႕ အတူတြဲကစားခြင့္ရတယ္ဆိုတဲ့ခံစားခ်က္က ေဖာ္ျပဖို႔ အေတာ္ခက္ခဲပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။