Unicode Version
ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ခြေစွမ်းပြပြီး သွင်းဂိုးများစွာကိုလည်း သွင်းယူထားတဲ့ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး အန်ဒရေဆေးဗားကို အာဆင်နယ်အသင်းကလဲ ခေါ်ယူရန် စိတ်ဝင်စားလာခဲ့ပြီး ဆေးဗားကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အန်ဒရေဆေးဗားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေစီမီလန်ကနေ ဖရန့်ဘတ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်းမှာလည်း တစ်ရာသီ အတွင်း (၂၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသ ခဲ့သူပါ။
အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ် ပီးခဲ့တဲ့ဘောလုံးရာသီမှာ သူရဲ့ဂိုးသွင်းစွမ်းရည် ကျဆင်းသွားခဲ့ရကာ တစ်ရာသီလုံး သွင်းဂိုး(၁၅)ဂိုးသာ ရှိခဲ့ပါတယ်။
ထို့ကြောင့် အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဂိုးသွင်းစွမ်းရည် ကျဆင်းလာမှုကြောင့် နွေစျေးကွက်အတွင်းမှာ တိုက်စစ် အင်အား ဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပြီး ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ပေါ်တူဂီ ကစသမား အန်ဒရေဆေးဗားကို စိတ်ဝင်စား လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆေးဗားကို အာဆင်နယ်တစ်သင်းတည်းကသာ စိတ်ဝင်စားတာမဟုတ်ပဲ မန်ချက်စတာ မြို့ခံနှစ်သင်း အပါအဝင် ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားနေတာ ဖြစ်ပြီး ကစားသမားရဲ့ ပြောင်းရွေ့ကြေး ကိုလည်း ဖရန့်ဖတ် အသင်းက ယူရို(၃၅)သန်းခန့် သတ်မှတ်ထားပါတယ်။
Zawgyi Version
ဂ်ာမန္ဘြန္ဒစ္လီဂါၿပိဳင္ပြဲမွာ ေျခစြမ္းျပၿပီး သြင္းဂိုးမ်ားစြာကိုလည္း သြင္းယူထားတဲ့ ဖရန႔္ဖတ္အသင္းရဲ႕ တိုက္စစ္မႉး အန္ဒေရေဆးဗားကို အာဆင္နယ္အသင္းကလဲ ေခၚယူရန္ စိတ္ဝင္စားလာခဲ့ၿပီး ေဆးဗားကို ေခၚယူနိုင္ဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
အန္ဒေရေဆးဗားဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ေအစီမီလန္ကေန ဖရန႔္ဘတ္အသင္းဆီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဘြန္ဒစ္လီဂါၿပိဳင္ပြဲအတြင္းမွာလည္း တစ္ရာသီ အတြင္း (၂၈)ဂိုးအထိေတာင္ သြင္းယူနိုင္ခဲ့တဲ့အထိ ေျခစြမ္းျပသ ခဲ့သူပါ။
အာဆင္နယ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး အူဘာမီယန္းဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ (၂၉)ဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ္ ပီးခဲ့တဲ့ေဘာလုံးရာသီမွာ သူရဲ႕ဂိုးသြင္းစြမ္းရည္ က်ဆင္းသြားခဲ့ရကာ တစ္ရာသီလုံး သြင္းဂိုး(၁၅)ဂိုးသာ ရွိခဲ့ပါတယ္။
ထို႔ေၾကာင့္ အာဆင္နယ္ အသင္းဟာ တိုက္စစ္မႉး အူဘာမီယန္းရဲ႕ ဂိုးသြင္းစြမ္းရည္ က်ဆင္းလာမႈေၾကာင့္ ေႏြေစ်းကြက္အတြင္းမွာ တိုက္စစ္ အင္အား ျဖည့္တင္းဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ၿပီး ဖရန႔္ဖတ္အသင္းမွာ ေျခစြမ္းျပသေနတဲ့ ေပၚတူဂီ ကစသမား အန္ဒေရေဆးဗားကို စိတ္ဝင္စား လာတာ ျဖစ္ပါတယ္။
ဒါေပမယ့္ ေဆးဗားကို အာဆင္နယ္တစ္သင္းတည္းကသာ စိတ္ဝင္စားတာမဟုတ္ပဲ မန္ခ်က္စတာ ၿမိဳ႕ခံႏွစ္သင္း အပါအဝင္ ကလပ္အသင္းမ်ားစြာကေန ပစ္မွတ္ထားေနတာ ျဖစ္ၿပီး ကစားသမားရဲ႕ ေျပာင္းေ႐ြ႕ေၾကး ကိုလည္း ဖရန႔္ဖတ္ အသင္းက ယူရို(၃၅)သန္းခန႔္ သတ္မွတ္ထားပါတယ္။