Spots news

ယူရိုပြိုင်ပွဲမှာ ထိပ်သီးတွေနဲ့ယှဉ်ပြီး ခြေစွမ်းပြရင်း ချီးကျူးခံနေရတဲ့ ဒန်နီရယ် ဂျိမ်းစ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်ကြယ်ပွင့် ဝေးလ်တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ဟာ ဝေးလ်အသင်းအတွက် အုပ်စုပွဲစဉ်

သုံးပွဲစလုံးပါဝင် ကစားပေးခဲ့ပြီး ဝေးလ်အသင်းကို ရှုံးထွက် အဆင့်ကို ရောက်ရှိအောင် ခြေစွမ်းပြ ကူညီနိုင်ခဲ့ပါတယ်။

ဒန်နီရယ် ဂျိမ်းစ်ဟာ အုပ်စုပွဲစဉ်များအတွင်း သွင်းဂိုး သွင်းယူပေးနိုင်ခြင်း မရှိပေမယ့် ဝေးလ်အသင်း ရှုံးထွက် ၁၆သင်း

အဆင့်ကိုတက်ရောက်ရာမှာ အဓိက ပါဝင်ကာ စွမ်းဆောင်ရည် ကောင်းများ ပြသပြီး ခြေစွမ်းပြသ ခဲ့သူပါ။

တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ဥရောပဖလားအုပ်စုအဆင့်၌ အခွင့်အရေးဖန်တီးမှု(8)ကြိမ် အထိရှိကာ တခြားကစားသမားများထက် ပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက် အတွက်က ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခွင့်အရေး ဖန်တီးမှု (5) ကြိမ်သာ ရှိခဲ့ပေမယ့် ယခု ယူရိုပြိုင်ပွဲမှာတော့

အုပ်စုအဆင့်မှာပဲ အခွင့်အရေး ဖန်တီးပေးနိုင်မှု (8) ကြိမ်အထိ ရှိခဲ့ကာ အခြားသော ကစားသမားများထက် သာလွန်နေခဲ့ပါတယ်။

တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ရဲ့ ယူရိုပြိုင်ပွဲ အုပ်စုအဆင့်၌ စွမ်းဆောင်ချက်များကတော့ ပြိုင်ဘက် ဂိုးဧရိယာထဲသို့ ဘောလုံးပေးပို့မှု-(20)ကြိမ်၊

အခွင့်အရေး ဖန်တီးပေးမှု-(8)ကြိမ်၊ ဖြတ်တင်ဘောမှအခွင့်အရေးဖန်တီးပေးမှု-(5)ကြိမ်၊ ပြိုင်ဘက်ဂိုးဧရိယာထဲ၌ပြစ်ဒဏ်ကျူးလွန်ခံရမှု-(3)ကြိမ်တို့ ဖြစ်ပါတယ်။

ဝေးလ် အသင်းနဲ့ အီတလီ အသင်းတို့ရဲ့ ပွဲစဉ်မှာလဲ ဒန်နီရယ် ဂျိမ်းစ်ဟာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပြီး အီတလီရဲ့ ဂန္ဓဝင် ကစားသမားကြီး ချီလီနီ ရဲ့ ချီးကျူးပြောဆိုခြင်းကို ခံခဲ့ရပါသေးတယ်။

လက်ရှိအချိန်မှာ အသက် (23) နှစ်အရွယ်သာ ရှိသေးတဲ့ ဒန်နီရယ် ဂျိမ်းစ်ဟာ ယူရိုပြိုင်ပွဲရဲ့ ဒုတိယ အမြန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထား ရပါသေးတယ်။

ယူနိုက်တက်အသင်းရဲ့ အမြန်ဆုံး ကစားသမား အဖြစ် အသင်းဖော်တွေရဲ့ သတ်မှတ်ခြင်းခံထားရတဲ့ ဂျိမ်းစ်ဟာ  ဝေးလ်အသင်း ရဲ့တူရကီအသင်းနဲ့ပွဲမှာတော့

33.5 km/h အထိ ပြေးလွှား ပြခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်အနေနဲ့ ကလပ်အသင်း ယူနိုက်တက်မှာလဲ ခြေစွမ်းကောင်းတွေ ပြသနိုင်မလား စောင့်ကြည့်ရမာ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေဝးလ္ေတာင္ပံကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ေဝးလ္အသင္းအတြက္ အုပ္စုပြဲစဥ္သုံးပြဲစလုံးပါဝင္ ကစားေပးခဲ့ၿပီး ေဝးလ္အသင္းကို ရႈံးထြက္ အဆင့္ကို ေရာက္ရွိေအာင္ ေျခစြမ္းျပ ကူညီနိုင္ခဲ့ပါတယ္။

ဒန္နီရယ္ ဂ်ိမ္းစ္ဟာ အုပ္စုပြဲစဥ္မ်ားအတြင္း သြင္းဂိုး သြင္းယူေပးနိုင္ျခင္း မရွိေပမယ့္ ေဝးလ္အသင္း ရႈံးထြက္ ၁၆သင္းအဆင့္ကို တက္ေရာက္ရာမွာ အဓိက ပါဝင္ကာ စြမ္းေဆာင္ရည္ ေကာင္းမ်ား ျပသၿပီး ေျခစြမ္းျပသ ခဲ့သူပါ။

ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဥေရာပဖလားအုပ္စုအဆင့္၌ အခြင့္အေရးဖန္တီးမႈ(8)ႀကိမ္ အထိရွိကာ တျခားကစားသမားမ်ားထက္ ပိုမိုဖန္တီးနိုင္ခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ယူနိုက္တက္ အတြက္က ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အခြင့္အေရး ဖန္တီးမႈ (5) ႀကိမ္သာ ရွိခဲ့ေပမယ့္ ယခု ယူရိုၿပိဳင္ပြဲမွာေတာ့ အုပ္စုအဆင့္မွာပဲ အခြင့္အေရး ဖန္တီးေပးနိုင္မႈ (8) ႀကိမ္အထိ ရွိခဲ့ကာ အျခားေသာ ကစားသမားမ်ားထက္ သာလြန္ေနခဲ့ပါတယ္။

ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ ယူရိုၿပိဳင္ပြဲ အုပ္စုအဆင့္၌ စြမ္းေဆာင္ခ်က္မ်ားကေတာ့ ၿပိဳင္ဘက္ ဂိုးဧရိယာထဲသို႔ ေဘာလုံးေပးပို႔မႈ-(20)ႀကိမ္၊

အခြင့္အေရး ဖန္တီးေပးမႈ-(8)ႀကိမ္၊ ျဖတ္တင္ေဘာမွအခြင့္အေရးဖန္တီးေပးမႈ-(5)ႀကိမ္၊ ၿပိဳင္ဘက္ဂိုးဧရိယာထဲ၌ျပစ္ဒဏ္က်ဴးလြန္ခံရမႈ-(3)ႀကိမ္တို႔ ျဖစ္ပါတယ္။

ေဝးလ္ အသင္းနဲ႕ အီတလီ အသင္းတို႔ရဲ႕ ပြဲစဥ္မွာလဲ ဒန္နီရယ္ ဂ်ိမ္းစ္ဟာ အေကာင္းဆုံး ေျခစြမ္းျပ ကစားခဲ့ၿပီး အီတလီရဲ႕ ဂႏၶဝင္ ကစားသမားႀကီး ခ်ီလီနီ ရဲ႕ ခ်ီးက်ဴးေျပာဆိုျခင္းကို ခံခဲ့ရပါေသးတယ္။

လက္ရွိအခ်ိန္မွာ အသက္ (23) ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ယူရိုၿပိဳင္ပြဲရဲ႕ ဒုတိယ အျမန္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထား ရပါေသးတယ္။

ယူနိုက္တက္အသင္းရဲ႕ အျမန္ဆုံးကစားသမား အျဖစ္ အသင္းေဖာ္ေတြရဲ႕ သတ္မွတ္ျခင္းခံထားရတဲ့ ဂ်ိမ္းစ္ဟာ ေဝးလ္အသင္း ရဲ႕တူရကီအသင္းနဲ႕ပြဲမွာေတာ့ 33.5 km/h အထိ ေျပးလႊား ျပခဲ့ပါတယ္။

ယူရိုၿပိဳင္ပြဲမွာ ေျခစြမ္းျပေနတဲ့ ဂ်ိမ္းစ္အေနနဲ႕ ကလပ္အသင္း ယူနိုက္တက္မွာလဲ ေျခစြမ္းေကာင္းေတြ ျပသနိုင္မလား ေစာင့္ၾကည့္ရမာ ျဖစ္ပါတယ္။