Spots news

ဗာရန်းကို မခေါ်ယူနိုင်ခဲ့ပါက ယူနိုက်တက် စီစဉ်ထားတဲ့ ဒုတိယပစ်မှတ် နောက်ခံလူ

Unicode Version

ယူနိုက်တက် အသင်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ဖို့ နီးကပ်လာတာနဲ့အမျှ ဝယ်ယူမယ့် ကစားသမား အရေအတွက်ကလည်း တစ်နေ့တစ်ခြား များပြားလာခဲ့ပါတယ်။

သတင်းတွေအရ ရီးရဲမက်ဒရစ် အသင်းမှ ပြင်သစ်ကြယ်ပွင့် နောက်တန်း ကစားသမား ဗာရန်း ၊ ဒေါ့မွန် အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချို တို့ကတော့ အိုးလ်ထရက်ဖို့ကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။

ဒေးလီးစတားရဲ့ ဖော်ပြချက်အရ လာမယ့်ရာသီ ယူနိုက်တက်မှာ မြင်တွေ့ရနိုင်တဲ့ နောက်ထပ်ကစားသမားတွေလည်း ရှိနေပါသေးတယ်၊ယူနိုက်တက် အသင်းသည် နောက်တန်း ပိုအားသန်တဲ့ အင်္ဂလန်ကြယ်ပွင့်

နောက်တန်း ကစားသမား ဘစ်ဆာကာကို ဖိအားပေးနိုင်မယ့် တိုက်စစ်အားသန် နောက်တန်း ကစားသမား 1 ယောက် ကို ရှာဖွေနေတယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

အဆိုပါ နေရာအတွက် အက်သလက်တီ ကိုမက်ဒရစ် အသင်းမှ အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား ထရစ်ပီယာကို ခေါ်ယူမှာ ဖြစ်ပြီး

ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဂျု ကိုယ်တိုင် ထရစ်ပီယာရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီတစ်လျှောက်လုံး အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွိုင်းယား နဲ့ တွဲကစားနိုင်မယ့် နောက်တန်း ကစားသမား 1 ယောက် ကို ရှာဖွေနေခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ

နောက်တန်း ကစားသမား 1 ယောက် ကို သေချာပေါက် ခေါ်ယူသွားမှာပဲဖြစ်ပါတယ်၊နောက်တန်း နေရာအတွက် ရီးရဲမက်ဒရစ် အသင်းမှ ဗာရန်းကတော့ အဓိက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမား ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗာရန်းကိုမခေါ်ယူနိုင်ခဲ့ပါကအီတလီ စီးရီးအေကလပ် အက်တလန်တာ နောက်ခံလူ ရိုမီယာကို ဒုတိယပစ်မှတ် အဖြစ် စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

ရိုမီယာ ဟာ ဂျုဗင်တပ်ကို ဒီလစ်နဲ့ ဒီမီရယ်တို့ ရောက်ရှိလာတာကြောင့် နေရာပျောက်သွားပြီးနောက် အက်တလန်တာကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်၊အက်တလန်တာ မှာတော့ အထူးခြေစွမ်း ပြသနိုင်ခဲ့ပြီး

ပြိုင်ပွဲစုံ 42 ပွဲအထိ ကစားခွင့်ရရှိခဲ့ပါတယ်၊အက်တလန်တာ က ရိုမီယိုကို 16 သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ထားတာကြောင့် ဒီပမာဏနဲ့ဝယ်ပြီး ယူနိုက်တက်ကို 45 သန်းနဲ့ အမြတ်တင်ရောင်းဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi Version

ယူနိုက္တက္ အသင္း လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္ ဖြင့္လွစ္ဖို႔ နီးကပ္လာတာနဲ႕အမွ် ဝယ္ယူမယ့္ ကစားသမား အေရအတြက္ကလည္း တစ္ေန႕တစ္ျခား မ်ားျပားလာခဲ့ပါတယ္။

သတင္းေတြအရ ရီးရဲမက္ဒရစ္ အသင္းမွ ျပင္သစ္ၾကယ္ပြင့္ ေနာက္တန္း ကစားသမား ဗာရန္း ၊ ေဒါ့မြန္ အသင္းမွ အဂၤလန္ၾကယ္ပြင့္ တိုက္စစ္ ကစားသမား ဆန္ခ်ိဳ တို႔ကေတာ့ အိုးလ္ထရက္ဖို႔ကို ေရာက္ရွိဖို႔ အနီးစပ္ဆုံးျဖစ္ေနပါတယ္။

ေဒးလီးစတားရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္ရာသီ ယူနိုက္တက္မွာ ျမင္ေတြ႕ရနိုင္တဲ့ ေနာက္ထပ္ကစားသမားေတြလည္း ရွိေနပါေသးတယ္၊ယူနိုက္တက္ အသင္းသည္ ေနာက္တန္း ပိုအားသန္တဲ့ အဂၤလန္ၾကယ္ပြင့္

ေနာက္တန္း ကစားသမား ဘစ္ဆာကာကို ဖိအားေပးနိုင္မယ့္ တိုက္စစ္အားသန္ ေနာက္တန္း ကစားသမား 1 ေယာက္ ကို ရွာေဖြေနတယ္ဆိုတာ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ျဖစ္ပါတယ္။

အဆိုပါ ေနရာအတြက္ အက္သလက္တီ ကိုမက္ဒရစ္ အသင္းမွ အဂၤလန္ၾကယ္ပြင့္ ေနာက္တန္း ကစားသမား ထရစ္ပီယာကို ေခၚယူမွာ ျဖစ္ၿပီး

ယူနိုက္တက္ရဲ႕ အားကစားဒါရိုက္တာ ဂ်ဳ ကိုယ္တိုင္ ထရစ္ပီယာရဲ႕ အေျပာင္းအေ႐ႊ႕ကို အျမန္ဆုံး အဆုံးသတ္နိုင္ဖို႔ ႀကိဳးစားေနပါတယ္။

ယူနိုက္တက္ဟာ ဒီရာသီတစ္ေလွ်ာက္လုံး အဂၤလန္ၾကယ္ပြင့္ ေနာက္တန္း ကစားသမား မက္ဂြိုင္းယား နဲ႕ တြဲကစားနိုင္မယ့္ ေနာက္တန္း ကစားသမား 1 ေယာက္ ကို ရွာေဖြေနခဲ့ၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ

ေနာက္တန္း ကစားသမား 1 ေယာက္ ကို ေသခ်ာေပါက္ ေခၚယူသြားမွာပဲျဖစ္ပါတယ္၊ေနာက္တန္း ေနရာအတြက္ ရီးရဲမက္ဒရစ္ အသင္းမွ ဗာရန္းကေတာ့ အဓိက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ကစားသမား ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဗာရန္းကိုမေခၚယူနိုင္ခဲ့ပါကအီတလီ စီးရီးေအကလပ္ အက္တလန္တာ ေနာက္ခံလူ ရိုမီယာကို ဒုတိယပစ္မွတ္ အျဖစ္ ေစာင့္ၾကည့္ေနတာပဲ ျဖစ္ပါတယ္။

ရိုမီယာ ဟာ ဂ်ဳဗင္တပ္ကို ဒီလစ္နဲ႕ ဒီမီရယ္တို႔ ေရာက္ရွိလာတာေၾကာင့္ ေနရာေပ်ာက္သြားၿပီးေနာက္ အက္တလန္တာကို အငွားနဲ႕ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္၊အက္တလန္တာ မွာေတာ့ အထူးေျခစြမ္း ျပသနိုင္ခဲ့ၿပီး

ၿပိဳင္ပြဲစုံ 42 ပြဲအထိ ကစားခြင့္ရရွိခဲ့ပါတယ္၊အက္တလန္တာ က ရိုမီယိုကို 16 သန္းနဲ႕ အၿပီးသတ္ေခၚယူခြင့္ထားတာေၾကာင့္ ဒီပမာဏနဲ႕ဝယ္ၿပီး ယူနိုက္တက္ကို 45 သန္းနဲ႕ အျမတ္တင္ေရာင္းဖို႔ စိတ္ဝင္စားေနပါတယ္။