Spots news

မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်တော့မယ့် ဘာစီလိုနာ

Unicode Version

စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင်

လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘော တူညီမှု ရရှိခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ အသင်း ခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခင်နှစ် ဘောလုံးရာသီ အစမှာ ဘာစီလိုနာ အသင်းရဲ့ ယခင် ဥက္ကဌဟောင်း

ဘာတိုမြူနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝကို ဘာစီလိုနာ အသင်းမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို သွင်းဂိုး ၈ဂိုး အထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာကြောင့်

အသင်းကနေ ထွက်ခွာဖို့ စတင် ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အသင်းရဲ့ ဥက္ကဌသစ် လာပေါ်တာရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတာကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုအသစ်တွေ ရရှိဖို့ကိုသာ လိုလားတာကြောင့် မက်ဆီကို စာချုပ်သစ် မချုပ်ခင် ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိ သူတွေဟာ

အသင်းကို ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ရကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပြီး

မက်ဆီဟာ စာချုပ်သစ်မှာ လက်မှတ် ရေးထိုးဖို့ သဘောတူခဲ့သလို စာချုပ်သစ်ဟာ ၂၀၂၃ခုနှစ် ဇွန်လကုန်အထိ သက်တမ်း ရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးပါက မက်ဆီကို ကတိပေးထားတဲ့ အတိုင်း ထိပ်တန်း ကစားသမားတွေကို ဝယ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး

လက်ရှိမှာ သူတို့အသင်းရဲ့ ထိပ်သီး နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်ဟာ ဂျူဗင်တပ်အသင်းရဲ့ နယ်သာလန် နောက်ခံလူ ဒီလစ် ဖြစ်ကြောင်း သိထားရပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီးအသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ လာမယ့္ ဇြန္လ ၃၀ရက္ေန႕မွာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အသင္းေခါင္းေဆာင္

လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း စပိန္အေျခစိုက္ နာမည္ႀကီး သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားပါတယ္။

အသက္ ၃၃ႏွစ္ အ႐ြယ္ အာဂ်င္တီးနားအသင္းနဲ႕ ဘာစီလိုနာအသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ယခင္ႏွစ္ ေဘာလုံးရာသီ အစမွာ ဘာစီလိုနာအသင္းရဲ႕ ယခင္ ဥကၠဌေဟာင္း

ဘာတိုျမဴနဲ႕ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္ အသင္းကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

မက္ဆီဟာ သူ႕ရဲ႕ ကစားသမားဘဝကို ဘာစီလိုနာ အသင္းမွာသာ ကုန္ဆုံးခဲ့သူ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္ အသင္းကို သြင္းဂိုး ၈ဂိုး အထိ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရတာေၾကာင့္

အသင္းကေန ထြက္ခြာဖို႔ စတင္ ခဲ့တာ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲ႕ ဥကၠဌသစ္ လာေပၚတာရဲ႕ လုပ္ေဆာင္မႈေတြကို သေဘာက်တာေၾကာင့္ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။

မက္ဆီဟာ သူ႕ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္မွာ ဘာစီလိုနာအသင္းနဲ႕ ေအာင္ျမင္မႈအသစ္ေတြ ရရွိဖို႔ကိုသာ လိုလားတာေၾကာင့္ မက္ဆီကို စာခ်ဳပ္သစ္ မခ်ဳပ္ခင္ ဘာစီလိုနာအသင္းရဲ႕ တာဝန္ရွိသူေတြဟာ

အသင္းကို ေကာင္းမြန္တဲ့ အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ေပးမယ္လို႔ ကတိေပးခဲ့ရေၾကာင္း ကတ္တလန္တာ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

စပိန္နာမည္ႀကီး သတင္းဌာန ျဖစ္တဲ့ မာကာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ လာမယ့္ ရက္ပိုင္းအတြင္းမွာ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ေတာ့မွာ ျဖစ္ၿပီး

မက္ဆီဟာ စာခ်ဳပ္သစ္မွာ လက္မွတ္ ေရးထိုးဖို႔ သေဘာတူခဲ့သလို စာခ်ဳပ္သစ္ဟာ ၂၀၂၃ခုႏွစ္ ဇြန္လကုန္အထိ သက္တမ္း ရွိမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

ဘာစီလိုနာအသင္းဟာမက္ဆီနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးပါက မက္ဆီကို ကတိေပးထားတဲ့ အတိုင္း ထိပ္တန္း ကစားသမားေတြကို ဝယ္ယူဖို႔ ႀကိဳးစားသြားမွာ ျဖစ္ၿပီး

လက္ရွိမွာ သူတို႔အသင္းရဲ႕ ထိပ္သီး ေႏြရာသီ အေျပာင္းအေ႐ႊ႕ ပစ္မွတ္ဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ နယ္သာလန္ ေနာက္ခံလူ ဒီလစ္ ျဖစ္ေၾကာင္း သိထားရပါတယ္။