Spots news

ဟာလန်းကို မခေါ်ယူနိုင်ခဲ့ပါက ဒုတိယပစ်မှတ်အဖြစ် ချယ်လ်ဆီး ခေါ်ယူမယ့် ကစားသမား

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ် ဟာလန်းကို အရခေါ်ယူသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း Plan B အဖြစ်နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက

ဗီလာရီးယဲလ်အသင်းမှာ သွင်းဂိုးစွမ်းရည် ပြသပြီး အသင်းအတွက် ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဂျရတ်မော်ရီနိုကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဟာလန်းလို ငယ်ရွှယ်ပြီး တိုက်စစ်စွမ်းဆောင်ရည် ကောင်းလွန်းလှတဲ့ ကစားသမားမျိုးအတွက် ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမား ပေးချေရနိုင်သလို

ဒေါ့မွန်အသင်းဘက်ကလည်းသူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၇၀) အထိသတ်မှတ်ထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ဟာလန်းအတွက် ဒေါ့မွန်အသင်း အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ထက် တိုက်စစ်မှူးတမ်မီအေဘရာဟမ်ကို ပြောင်းရွှေ့ကြေးတချို့နဲ့ အလိုက်ပေးဖို့

ပြင်ဆင်နေတာ ဖြစ်ပြီး အဆင်မပြေနိုင်ခဲ့ရင် Plan B အဖြစ်နဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မော်ရီနိုကို သတ်မှတ်ထားတာဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်တိုက်စစ်ကစားသမားဟာ လက်ရှိအချိန်မှာ စပိန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲ

နေလျက်ရှိပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဗီလာရီးယဲလ််အသင်းမှာ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာလည်း ဗီလာရီးယဲလ်အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ

ပြိုင်ပွဲစုံသွင်းဂိုးပေါင်း(၃၀)အထိ သွင်းယူနိုင်ခဲ့တဲ့ မော်ရီနိုကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးလည်း ပါဝင်နေတာဖြစ်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ အဓိကပစ္မွတ္ ဟာလန္းကို အရေခၚယူသြားဖို႔ စီစဥ္ထားခဲ့ေပမယ့္လည္း Plan B အျဖစ္နဲ႕ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဗီလာရီးယဲလ္အသင္းမွာ သြင္းဂိုးစြမ္းရည္ ျပသၿပီး အသင္းအတြက္ ယူရိုပါလိဂ္ဖလားကို ရယူနိုင္ခဲ့တဲ့ တိုက္စစ္မႉးဂ်ရတ္ေမာ္ရီနိုကို ပစ္မွတ္ထားေနတယ္လို႔ သိရွိရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဟာလန္းလို ငယ္႐ႊယ္ၿပီး တိုက္စစ္စြမ္းေဆာင္ရည္ ေကာင္းလြန္းလွတဲ့ ကစားသမားမ်ိဳးအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ျမင့္ျမင့္မားမား ေပးေခ်ရနိုင္သလို ေဒါ့မြန္အသင္းဘက္ကလည္း သူတို႔ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း(၁၇၀) အထိသတ္မွတ္ထားတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးဟာ ဟာလန္းအတြက္ ေဒါ့မြန္အသင္း အလိုရွိေနတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကမ္းလွမ္းဖို႔ထက္ တိုက္စစ္မႉးတမ္မီေအဘရာဟမ္ကို ေျပာင္းေ႐ႊ႕ေၾကးတခ်ိဳ႕နဲ႕ အလိုက္ေပးဖို႔ ျပင္ဆင္ေနတာ ျဖစ္ၿပီး အဆင္မေျပနိုင္ခဲ့ရင္ Plan B အျဖစ္နဲ႕ စပိန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ေမာ္ရီနိုကို သတ္မွတ္ထားတာျဖစ္ပါတယ္။

အသက္(၂၉)ႏွစ္အ႐ႊယ္ရွိ စပိန္တိုက္စစ္ကစားသမားဟာ လက္ရွိအခ်ိန္မွာ စပိန္အသင္းနဲ႕အတူ ယူရို-၂၀၂ဝၿပိဳင္ပြဲကို ဝင္ေရာက္ဆင္ႏြဲေနလ်က္ရွိၿပီး မႏွစ္က ေဘာလုံးရာသီမွာလည္း ဗီလာရီးယဲလ္္အသင္းမွာ အေတာ္ေလးကို ေျခစြမ္းျပနိုင္ခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲစဥ္မွာလည္း ဗီလာရီးယဲလ္အသင္းအတြက္ သြင္းဂိုးရယူနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ၿပိဳင္ပြဲစုံ သြင္းဂိုးေပါင္း(၃၀)အထိ သြင္းယူနိုင္ခဲ့တဲ့ ေမာ္ရီနိုကို ဥေရာပထိပ္တန္း ကလပ္အသင္းေတြက စိတ္ဝင္စားလ်က္ရွိေနၿပီး ခ်ယ္လ္ဆီးလည္း ပါဝင္ေနတာျဖစ္ပါတယ္။