Spots news

ဗီလာကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ် ကို မန်စီးတီးနဲ့ အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ နည်းပြ သောမတ်တူချယ် ဟာ နွေစျေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည်သွားဖွယ်ရှိနေပြီး

အက်စတွန်ဗီလာအသင်းရဲ့ ကစားသမား ဂျက်ဂရီးလစ်ရှ်ကိုလည်း အသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပီးခဲ့တဲ့နွေက စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ကျော်လောက် သုံးစွဲပြီး ခေါ်ယူအားဖြည့်ခဲ့သလို ဒီနှစ်နွေမှာလည်း

ချန်ပီယံလိဂ် ချန်ပီယံဖြစ်ထားခဲ့ရတဲ့ အသင်းအတွက် အသင်းပိုင်ရှင်ကနေ ပြောင်းရွှေ့ကြေးများစွာကို ထပ်မံထုတ်ပေးသွားဖွယ် ရှိနေပါတယ်။

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ ဗီလာအသင်းနဲ့အတူ အသင်းအတွက်

အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။

လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲနေတဲ့ ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့

ကမ်းလှမ်းသွားဖို့အထိပါ ပြင်ဆင်နေချိန်မှာ ချယ်လ်ဆီးအသင်းက မန်စီးတီးအသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတို့မှာ ပါဝင်ကစားတတ်တဲ့ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအသင်းအတွက်

ပရီးမီးယားလိဂ်ပွဲပေါင်း (၂၆)ပွဲအထိကို ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၆)ဂိုး သွင်းယူနိုင်ခဲ့သလို (၁၂)ဂိုးအထိကို ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဗီလာနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ ဂရီးလစ်ရှ်ရဲ့ လက်ရှိတန်ကြေးက ယူရို(၆၅)သန်းဝန်းကျင် ရှိလို့နေပေမယ့် ဗီလာကဘက်ကတော့ ယူရိုသန်း(၁၀၀) လောက်အထိကို အလိုရှိနေပါတယ်။

Zawgyi Version

ချယ်လ်ဆီးအသင်းရဲ့ နည်းပြ သောမတ်တူချယ် ဟာ နွေဈေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားတချို့ကို ခေါ်ယူအားဖြည်သွားဖွယ်ရှိနေပြီး








