Spots news

ယခုနွေရာသီမှာပဲ ပီအက်စ်ဂျီအသင်းက ရောင်းချရဖွယ် ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘာပေ

Unicode Version

ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းတွေအပေါ် ယုံကြည်မှု မရှိတော့ပဲ ယခု နွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနိုင်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့လို ဘဏ္ဍာရေး တောင့်တင်းတဲ့ အသင်းတွေလည်း ပါဝင်နေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ ဟာ အင်တာဗျူး တခုမှာ အမ်ဘာပေကို ရောင်းချသွားမှာ မဟုတ်သလို ဘာပေကလည်း ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အမ်ဘာပေက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုခဲ့ပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမှာ မဟုတ်တော့ကြောင်းနဲ့ ပီအက်စ်ဂျီအသင်းကသာ အမ်ဘာပေကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချခြင်း မပြုရင် ရာသီ အကုန်မှာ အလွတ် နဲ့ ထွက်ခွာခွင့် ပြုရဖွယ် ရှိကြောင်း ဖော်ပြလာကြပါတယ်။

ထိပ်တန်း သတင်းထောက် တဦး ဖြစ်သူ ရိုင်အိုလိုက အမ်ဘာပေနဲ့ ပတ်သတ်ပြီး – “အမ်ဘာပေက ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာ လီယိုနာဒိုရဲ့ စီမံကိန်းတွေကို မယုံကြည်တော့ပါဘူး။ တကယ်လို့ သူကသာ ဒီနွေရာသီမှာ မထွက်ဖြစ်ရင် လာမယ့် နွေရာသီကျရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ သေချာပါတယ်။

အသင်းရဲ့ ပိုင်ရှင်ကတော့ အဲ့ဒီလိုမျိုး အဖြစ်ခံမယ် မထင်ပါဘူး။ ဘာပေက အသင်းသစ်ကို စပြီး ရှာဖွေရတော့မှာ ဖြစ်သလို ပီအက်စ်ဂျီအသင်းကလည်း အစားထိုး ကစားသမားကို ခေါ်ယူဖို့ ကြိုးစားရမှာပါ။ သေချာတာက အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်မနေချင်တော့ဘူး ဆိုတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက တိုက္စစ္မႉး အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ စီမံကိန္းေတြအေပၚ ယုံၾကည္မႈ မရွိေတာ့ပဲ ယခု ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာပဲ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားနိုင္ေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲက တဦး ျဖစ္တာေၾကာင့္ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ အမ်ားအျပား ရွိေနၿပီး ဘိုင္ယန္ျမဴးနစ္ ၊ ရီးရဲလ္မက္ဒရစ္နဲ႕ မန္ခ်က္စတာ စီးတီးတို႔လို ဘ႑ာေရး ေတာင့္တင္းတဲ့ အသင္းေတြလည္း ပါဝင္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌျဖစ္သူ ဟာ အင္တာဗ်ဴး တခုမွာ အမ္ဘာေပကို ေရာင္းခ်သြားမွာ မဟုတ္သလို ဘာေပကလည္း ထြက္ခြာမွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့ေပမယ့္ ျပင္သစ္လက္ေ႐ြးစင္ အသင္းနဲ႕ အတူ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ အမ္ဘာေပက သူ႕ရဲ႕ အနာဂတ္နဲ႕ ပတ္သတ္ၿပီး ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ ဆိုခဲ့ပါတယ္။

ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက အမ္ဘာေပဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တိုးမွာ မဟုတ္ေတာ့ေၾကာင္းနဲ႕ ပီအက္စ္ဂ်ီအသင္းကသာ အမ္ဘာေပကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ျခင္း မျပဳရင္ ရာသီ အကုန္မွာ အလြတ္ နဲ႕ ထြက္ခြာခြင့္ ျပဳရဖြယ္ ရွိေၾကာင္း ေဖာ္ျပလာၾကပါတယ္။

ထိပ္တန္း သတင္းေထာက္ တဦး ျဖစ္သူ ရိုင္အိုလိုက အမ္ဘာေပနဲ႕ ပတ္သတ္ၿပီး – “အမ္ဘာေပက ပီအက္စ္ဂ်ီအသင္းရဲ႕ ဒါရိုက္တာ လီယိုနာဒိုရဲ႕ စီမံကိန္းေတြကို မယုံၾကည္ေတာ့ပါဘူး။ တကယ္လို႔ သူကသာ ဒီေႏြရာသီမွာ မထြက္ျဖစ္ရင္ လာမယ့္ ေႏြရာသီက်ရင္ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာမွာ ေသခ်ာပါတယ္။

အသင္းရဲ႕ ပိုင္ရွင္ကေတာ့ အဲ့ဒီလိုမ်ိဳး အျဖစ္ခံမယ္ မထင္ပါဘူး။ ဘာေပက အသင္းသစ္ကို စၿပီး ရွာေဖြရေတာ့မွာ ျဖစ္သလို ပီအက္စ္ဂ်ီအသင္းကလည္း အစားထိုး ကစားသမားကို ေခၚယူဖို႔ ႀကိဳးစားရမွာပါ။ ေသခ်ာတာက အမ္ဘာေပဟာ ပီအက္စ္ဂ်ီမွာ ဆက္မေနခ်င္ေတာ့ဘူး ဆိုတာပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။