Spots news

ကင်စလေကိုးမန်းကို ခေါ်ယူဖို့ အခြေအနေကောင်းလာတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ် ကစားသမား ကိုးမန်းရဲ့အေးဂျင့်က ကိုးမန်းကို ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားသင့်တယ်လို့ တိုက်တွန်းခဲ့တဲ့အတွက် ကိုးမန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခေါ်ယူဖို့ အခြေအနေ ကောင်းလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင်ကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးဘဲ အခုနွေရာသီ အပြောင်း အရွှေ့ဈေးကွက်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲတော့မယ့် အကြောင်း သတင်းများထွက်ပေါ် နေပါတယ်။

တောင်ပံ ကစားသမား ကိုးမန်း ပရီးမီးယားလိပ် အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အေးဂျင့်ဖြစ်သူ ဇဟာဗီ သာမက ကိုးမန်းရဲ့ မိသားစုအသိုင်းအဝိုင်းကလည်း တိုက်တွန်းနေတယ်လို့ Sport1 သတင်းဌာနက ဂျာနယ်လစ်တစ်ဦးဖြစ်သူ ပလက်တန်ဘာ့ဂ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ပလက်တန်ဘာ့ဂ်က “ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေကတော့ ကိုးမန်းဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်ဆိုပြီး အခိုင်အမာ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ကိုးမန်းရဲ့ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီတို့က ကိုးမန်းကို ပရီးမီးယားလိဂ်အသင်း တစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဖိအားပေး တိုက်တွန်းနေကြတာပါ။

လက်ရှိအချိန်မှာ ‌ကိုးမန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားသမားရဲ့ အပြောင်းအရွေ့အတွက် ချိတ်ဆက်မှုတွေပြုလုပ်နေပြီး ယူနိုက်တက် အသင်းအပြင် လီဗာပူးကလည်း ပစ်မှတ်ထားနေတာကြောင့် ဒီနှစ်သင်း အပြိုင်ကြိုးပမ်းရမယ့်အနေအထား ဖြစ်နေပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦး ကလည်း “ကောလာဟလတွေနဲ့ ပတ်သက်လို့ ဘာမှမှတ်ချက် မပေးလိုပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့ ကင်းထောက်တွေ စေလွှတ်ထားပြီး
ကိုးမန်းဟာ အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော် သိထားရပါတယ် ” ဆိုပြီး ဖွင့်ဟပြောဆို ခဲ့တာဖြစ်ပါတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္ ေတာင္ပံတိုက္စစ္ ကစားသမား ကိုးမန္းရဲ႕ေအးဂ်င့္က ကိုးမန္းကို ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားသင့္တယ္လို႔ တိုက္တြန္းခဲ့တဲ့အတြက္ ကိုးမန္းကို ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ အဂၤလန္ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းအတြက္ ေခၚယူဖို႔ အေျခအေန ေကာင္းလာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ျပင္သစ္လက္ေ႐ြးစင္ကစားသမား ကိုးမန္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈမရေသးဘဲ အခုေႏြရာသီ အေျပာင္း အေ႐ႊ႕ေဈးကြက္မွာပဲ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕ လမ္းခြဲေတာ့မယ့္ အေၾကာင္း သတင္းမ်ားထြက္ေပၚ ေနပါတယ္။

ေတာင္ပံ ကစားသမား ကိုးမန္း ပရီးမီးယားလိပ္ အသင္းႀကီး တစ္သင္းသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေအးဂ်င့္ျဖစ္သူ ဇဟာဗီ သာမက ကိုးမန္းရဲ႕ မိသားစုအသိုင္းအဝိုင္းကလည္း တိုက္တြန္းေနတယ္လို႔ Sport1 သတင္းဌာနက ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ပလက္တန္ဘာ့ဂ္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ပလက္တန္ဘာ့ဂ္က “ဘိုင္ယန္ျမဴးနစ္တာဝန္ရွိသူေတြကေတာ့ ကိုးမန္းဟာ အသင္းနဲ႕စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵရွိေနတယ္ဆိုၿပီး အခိုင္အမာ
ယုံၾကည္ေနၾကပါတယ္။ ဒါေပမဲ့ ကိုးမန္းရဲ႕ဖခင္နဲ႕ ေအးဂ်င့္ျဖစ္သူ ဇဟာဗီတို႔က ကိုးမန္းကို ပရီးမီးယားလိဂ္အသင္း တစ္သင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဖိအားေပး တိုက္တြန္းေနၾကတာပါ။

လက္ရွိအခ်ိန္မွာ ‌ကိုးမန္းကိုေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကစားသမားရဲ႕ အေျပာင္းအေ႐ြ႕အတြက္ ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနၿပီး ယူနိုက္တက္ အသင္းအျပင္ လီဗာပူးကလည္း ပစ္မွတ္ထားေနတာေၾကာင့္ ဒီႏွစ္သင္း အၿပိဳင္ႀကိဳးပမ္းရမယ့္အေနအထား ျဖစ္ေနပါတယ္။

ယူနိုက္တက္အသင္း တာဝန္ရွိသူတစ္ဦး ကလည္း “ေကာလာဟလေတြနဲ႕ ပတ္သက္လို႔ ဘာမွမွတ္ခ်က္ မေပးလိုပါဘူး။ တစ္ကမာၻလုံးမွာ ကြၽန္ေတာ္တို႔ ကင္းေထာက္ေတြ ေစလႊတ္ထားၿပီး
ကိုးမန္းဟာ အရည္အေသြးရွိတဲ့ ကစားသမားတစ္ဦးလို႔ ကြၽန္ေတာ္ သိထားရပါတယ္ ” ဆိုၿပီး ဖြင့္ဟေျပာဆို ခဲ့တာျဖစ္ပါတယ္။