Unicode Version
ဒေါ့မွန် အသင်းဟာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုအတွက် မန်ချက်စတာ ယူနိုင်တက် အသင်းရဲ့ ဒုတိယအကြိမ် ပေါင် (၇၅)သန်း တန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးအကြိမ် တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဒေါ့မွန်အသင်းရဲ့ ယခုအကြိမ် တောင်းဆိုလိုက်တဲ့ ပြောင်းရွေ့ကြေးဟာ နောက်ဆုံးအကြိမ် သတ်မှတ်ပေးလိုက်တဲ့ စျေးနှုန်းဖြစ်ပြီး ယူနိုက်တက် အနေနဲ့ အဆိုပါပြောင်းရွှေ့ကြေးကို မပေးချေ နိုင်ပါက ထပ်မံကမ်းလှမ်းရန် မလိုတော့ဟုလည်း အသိပေးခဲ့ပါတယ်။
ယခု ဒေါ့မွန် တောင်းဆိုခဲ့တဲ့ စျေးနှုန်းဟာ ယူနိုက်တက် အသင်း မူလ ကမ်းလှမ်းခဲ့တဲ့ စျေးနှုန်းနှင့် မကွာသော်လည်း စွမ်းဆောင်ရည်အပေါ် မူတည်ကာ ထပ်မံပေးချေ ရမည့် Add-ons ပါဝင်လာခဲ့ကြောင်း သိရှိရပါတယ်။ဒေါ့မွန်အသင်းက ဆန် ချိုကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင် (၇၇)သန်း+Add-ons ပေးရန် တောင်းဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆန်ချိုအတွက် ယူနိုက်တက်အနေနဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ဇူလိုင် (၂၃) ရက် နေ့မတိုင်မီ ပြုလုပ်ရမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းမှ ကမ်းလှမ်းလာပါ က လက်ခံစဉ်းစားမည်မဟုတ်ဟု ဒေါ့မွန်အသင်းက ဆိုခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်ချိုအား (၅) နှစ်စာချုပ် ချုပ်ဆိုရန်အတွက် မူအား ဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ကလပ်အသင်းနှင့် ညှိနှိုင်းရန်သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွေ့ဟာ ယူနိုက်တက်ပရိတ်သတ်တွေ အတွက် သတင်းကောင်းပဲ ဖြစ်လာနိုင်ပါတယ်။
Zawgyi Version
ေဒါ့မြန္ အသင္းဟာ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက အသင္းရဲ႕ အဂၤလန္ လက္ေ႐ြးစင္ ေတာင္ပံကစားသမား ဆန္ခ်ိဳအတြက္ မန္ခ်က္စတာ ယူနိုင္တက္ အသင္းရဲ႕ ဒုတိယအႀကိမ္ ေပါင္ (၇၅)သန္း တန္ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီး ေနာက္ဆုံးအႀကိမ္ ေတာင္းဆိုမႈကို ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။
ေဒါ့မြန္အသင္းရဲ႕ ယခုအႀကိမ္ ေတာင္းဆိုလိုက္တဲ့ ေျပာင္းေ႐ြ႕ေၾကးဟာ ေနာက္ဆုံးအႀကိမ္ သတ္မွတ္ေပးလိုက္တဲ့ ေစ်းႏႈန္းျဖစ္ၿပီး ယူနိုက္တက္ အေနနဲ႕ အဆိုပါေျပာင္းေ႐ႊ႕ေၾကးကို မေပးေခ် နိုင္ပါက ထပ္မံကမ္းလွမ္းရန္ မလိုေတာ့ဟုလည္း အသိေပးခဲ့ပါတယ္။
ယခု ေဒါ့မြန္ ေတာင္းဆိုခဲ့တဲ့ ေစ်းႏႈန္းဟာ ယူနိုက္တက္ အသင္း မူလ ကမ္းလွမ္းခဲ့တဲ့ ေစ်းႏႈန္းႏွင့္ မကြာေသာ္လည္း စြမ္းေဆာင္ရည္အေပၚ မူတည္ကာ ထပ္မံေပးေခ် ရမည့္ Add-ons ပါဝင္လာခဲ့ေၾကာင္း သိရွိရပါတယ္။ေဒါ့မြန္အသင္းက ဆန္ ခ်ိဳကို ေခၚယူလိုပါက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၇၇)သန္း+Add-ons ေပးရန္ ေတာင္းဆိုခဲ့ျခင္းလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ဆန္ခ်ိဳအတြက္ ယူနိုက္တက္အေနနဲ႕ ေနာက္ဆုံး ကမ္းလွမ္းမႈကို ဇူလိုင္ (၂၃) ရက္ ေန႕မတိုင္မီ ျပဳလုပ္ရမည္ျဖစ္ၿပီး ယင္းကာလေနာက္ပိုင္းမွ ကမ္းလွမ္းလာပါ က လက္ခံစဥ္းစားမည္မဟုတ္ဟု ေဒါ့မြန္အသင္းက ဆိုခဲ့ေၾကာင္းလည္း မီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။
ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳအား (၅) ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္အတြက္ မူအား ျဖင့္ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္ကာ ကလပ္အသင္းႏွင့္ ညွိႏွိုင္းရန္သာ က်န္ရွိေနတာ ျဖစ္ပါတယ္။ ဆန္ခ်ိဳနဲ႕ ယူနိုက္တက္တို႔ရဲ႕ အေျပာင္းအေ႐ြ႕ဟာ ယူနိုက္တက္ပရိတ္သတ္ေတြ အတြက္ သတင္းေကာင္းပဲ ျဖစ္လာနိုင္ပါတယ္။