Unicode Version
ရီးရဲလ်မက်ဒရစ် အသင်းနဲ့ လမ်းခွဲထားတဲ့နောက်ခံလူ ရာမို့စ်ကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့
ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေ နဲ့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အသက် ၃၅နှစ် အရွယ် အသင်းခေါင်းဆောင် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးသည် အထိ ဆက်လက် ရှိနေချင်ပေမယ့်
ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်အတွက်စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းခဲ့တာကြောင့် ရုတ်တရတ်ပဲ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားရသူပါ။
လက်ရှိမှာတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ရာမို့စ်ကို စီးရီးအေ နဲ့ ပရီးမီးယားလိဂ် အသင်း တချို့က ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့်
ရာမိုစ့်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ခပ်မြန်မြန် လှုပ်ရှားနေပါတယ်။
ပြင်သစ် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းဟာ ရာမို့စ်ကို တပတ် လုပ်ခလစာ ယူရို ၂သိန်းနဲ့ ၂နှစ် သက်တမ်း ဖြင့် ကမ်းလှမ်းထားပြီး
စာချုပ်မှာလဲ မက်ဒရစ် အသင်းမှာ ရှိနေစဉ်က ရာမို့စ် လိုချင်ခဲ့တဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ စာချုပ်ဖြစ်ကြောင်း သိရပါတယ်။
ရာမို့စ်ဟာ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်းကို သက်သေပြလိုနေတာကြောင့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့်
အသင်းဆီပြောင်းရွှေ့မှာ ဖြစ်ပြီးပီအက်စ်ဂျီဟာ သူ့အတွက် အသင့်တော်ဆုံးအဖြစ် ယူဆနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့
ကစားသမားတွေကိုလည်း သူဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့တော့မယ့် အကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။
Zawgyi Version
ပြင်သစ် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းဟာ ရာမို့စ်ကို တပတ် လုပ်ခလစာ ယူရို ၂သိန်းနဲ့ ၂နှစ် သက်တမ်း ဖြင့် ကမ်းလှမ်းထားပြီး စာချုပ်မှာလဲဟာ မက်ဒရစ် အသင်းမှာ ရှိနေစဉ်က ရာမို့စ် လိုချင်ခဲ့တဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ စာချုပ်ဖြစ်ကြောင်း သိရပါတယ်။
ရာမို့စ်ဟာ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်းကို သက်သေပြလိုနေတာကြောင့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် ထိပ်တန်း အသင်းဆီ ပြောင်းရွှေ့မှာ ဖြစ်ပြီးပီအက်စ်ဂျီဟာ သူ့အတွက် အသင့်တော်ဆုံးအဖြစ် ယူဆနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။