Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းကြီးရဲ့ ကစားသမား နဲ့ လူငယ် အကယ်ဒမီကို အားဖြည့်နိုင်ဖို့အတွက် ကစားသမားသစ် ရှာဖွေမှုတွေ ပြုလုပ်လျက်
ရှိနေပြီး လက်ရှိအချိန်မှာတော ပိုလန် လူငယ်ကစားသမားလေး ကပ်စ်ပါကော့ဇ်လောစကီး ကို စိတ်ဝင်စားလျက် ရှိပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အသက် အငယ်ဆုံးကစား သမား အဖြစ် သတ်မှတ်ခံ ထားရတဲ့ အသက် ၁၇ နှစ်အရွယ် ပိုလန်လူငယ် ကစားသမား ကပ်စ်ပါကော့ဇ်လောစကီးဟာ
၂၀၁၆ ခုနှစ်က Pogon အသင်းသို့ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ၂၀၁၉ ခုနှစ်မှာ စီနီယာ အသင်းကြီး အတွက် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ပိုလန် လူငယ် ကစားသမားကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် တစ်သင်းပဲ မဟုတ်ပဲ
စပိန်ကလပ် ဘာစီလိုနာနဲ့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းတို့ ဟာလည်း လူငယ်ကြယ်ပွင့် ကို စောင့်ကြည့်လျက် ရှိနေပါတယ်။
ဘာစီလိုနာ အသင်းဥက္ကဌ ဂျိုအန်လာပေါ်တာက အသင်းကြီးကို အထောက်အကူ ပြုစေဖို့ လူငယ်အကယ်ဒမီကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ် ဖို့ ကြိုးစားနေတာ
ဖြစ်ပြီး ဒေါ့မွန်အသင်း ကင်းထောက်တွေဟာ ပိုလန်နိုင်ငံမှာ လီဝန်ဒေါစကီး ကဲ့သို့ လူငယ်ကစားသမားတွေကို ရှာဖွေနေ တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကော့ဇ်လောစကီးဟာ သရဲနီကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လက်ရှိ သရဲနီ ကစားသမား ပေါလ်ပေါ့ဘာတို့ရဲ့ ပရိသတ် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဘောလုံး ရာသီကတော့ ကော့ဇ်လောစကီးဟာ ၂၀ ပွဲ ကစားခဲ့ရပြီး တစ်ဂိုးသွင်း၊ သုံးဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းႀကီးရဲ႕ ကစားသမား နဲ႕ လူငယ္ အကယ္ဒမီကို အားျဖည့္နိုင္ဖို႔အတြက္ ကစားသမားသစ္ ရွာေဖြမႈေတြ ျပဳလုပ္လ်က္ ရွိေနၿပီး လက္ရွိအခ်ိန္မွာေတာ ပိုလန္ လူငယ္ကစားသမားေလး ကပ္စ္ပါေကာ့ဇ္ေလာစကီး ကို စိတ္ဝင္စားလ်က္ရွိပါတယ္။
ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အသက္ အငယ္ဆုံးကစား သမား အျဖစ္ သတ္မွတ္ခံထားရတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ ပိုလန္လူငယ္ကစားသမား ကပ္စ္ပါေကာ့ဇ္ေလာစကီးဟာ ၂၀၁၆ ခုႏွစ္က Pogon အသင္းသို႔ ေျပာင္းေ႐ြ႕ခဲ့တာျဖစ္ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္ ၂၀၁၉ ခုႏွစ္မွာ စီနီယာအသင္းႀကီးအတြက္ ပါဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။
ပိုလန္ လူငယ္ကစားသမားကို စိတ္ဝင္စားေနတဲ့ အသင္းေတြကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ တစ္သင္းပဲ မဟုတ္ပဲ စပိန္ကလပ္ ဘာစီလိုနာနဲ႕ ဂ်ာမန္ကလပ္ ေဒါ့မြန္အသင္းတို႔ဟာလည္း လူငယ္ၾကယ္ပြင့္ ကို ေစာင့္ၾကည့္လ်က္ရွိေနပါတယ္။
ဘာစီလိုနာအသင္းဥကၠဌ ဂ်ိဳအန္လာေပၚတာက အသင္းႀကီးကို အေထာက္အကူျပဳေစဖို႔ လူငယ္အကယ္ဒမီကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ ဖို႔ ႀကိဳးစားေနတာ ျဖစ္ၿပီး ေဒါ့မြန္အသင္း ကင္းေထာက္ေတြဟာ ပိုလန္နိုင္ငံမွာ လီဝန္ေဒါစကီး ကဲ့သို႔ လူငယ္ကစားသမားေတြကို ရွာေဖြေန တာ ျဖစ္ပါတယ္။
ဒါေပမယ့္ ေကာ့ဇ္ေလာစကီးဟာ သရဲနီကစားသမားေဟာင္း ခရစၥတီယာနိုေရာ္နယ္ဒိုနဲ႕ လက္ရွိ သရဲနီကစားသမား ေပါလ္ေပါ့ဘာတို႔ရဲ႕ ပရိသတ္တစ္ေယာက္ ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကေတာ့ ေကာ့ဇ္ေလာစကီးဟာ ၂၀ ပြဲကစားခဲ့ရၿပီး တစ္ဂိုးသြင္း၊ သုံးဂိုး ဖန္တီးနိုင္ခဲ့ပါတယ္။