Spots news
ငါမအိုသေး ဟုဆိုပြီး စံချိန်တွေ အများကြီးထပ်တင်ပြ လိုက်ပြန်တဲ့ ရော်နယ်ဒို
Unicode Version
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စု ပွဲစဉ်အပြီးမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ဟာ အီရန် ရဲ့ ဂန္ထ၀င် တိုက်စစ်မှူးကြီး အလီဒါယီရဲ့ လက်ရွေးစင် အသင်း သမိုင်းမှာ
သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ အလီဒါယီ ဟာ လက်ရွေးစင် ကစားသမား ဘ၀ တစ်လျောက် ဂိုးပေါင်း ၁၀၉ ဂိုး သွင်းယူထားနိုင်ခဲ့ တာပါ ။
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပေါ်တူဂီနဲ့ ပြင်သစ် ပွဲစဉ်မှာ ၃၁ မိနစ် အရောက် ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်ဒို က ကန်သွင်းပြီး ပေါ်တူဂီ အသင်းကို ဦးဆောင် နိုင်စေခဲ့ ပါတယ်။
ဘန်ဇီးမားရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ပြင်သစ်ဟာ ပြန်လည် ဦးဆောင် နိုင်ခဲ့ပေမယ့် မိနစ် ၆၀ မှာ ရော်နယ်ဒို က ပဲ ပေါ်တူဂီ အတွက် ချေပဂိုးကို ပင်နယ်တီ ကနေ ထပ်ပြီး သွင်းယူ ပေးသွားခဲ့ ပါတယ် ။
အခုဆိုရင် ရော်နယ်ဒို ဟာ ယူရို ၂၀၂၀ မှာ သွင်းဂိုး ၅ ဂိုး နဲ့ ရွှေဖိနပ်ဆု အတွက် ထိပ်ဆုံး ကနေ ဦးဆောင် နေပြီ ဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ အလီဒါယီ ရဲ့ စံချိန်ကို လိုက်မီ သွားနိုင်တဲ့ အပြင် ယူရို နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၂ ခုပေါင်းမှာ
သွင်းဂိုး ၂၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစား သမားလည်း ဖြစ်လာခဲ့ ပါတယ် ။ ဒါ့အပြင်
ရော်နယ်ဒို ဟာ ယူရို ပြိုင်ပွဲ သမိုင်းမှာ အုပ်စု ပွဲစဉ် အားလုံး ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစား သမားလည်း ဖြစ်လာခဲ့ ပါတယ် ။
Zawgyi Version