Spots news

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပေါင် 13 သန်းတန် လီဂူးချန်ပီယံ နောက်ခံကစားသမား စီလစ်

Unicode Version

ရာသီသစ်မှာ အသင်းရဲ့ နောက်ခံအင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လိုင်လီအသင်းမှ

တူရကီကြယ်ပွင့် နောက်တန်း ကစားသမား စီလစ် ကို ပြောင်းရွေ့ကြေး 13 သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းများက ရေးသားဖော်ပြထားပါတယ်။

တူရကီ ကြယ်ပွင့် စီလစ်ဟာ လိုင်လီ အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားပြီး အသင်းနဲ့ အတူ ပြင်သစ် လီဂူးရဲ့ ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့ပေမယ့် လက်ရှိမှာ အသင်းက ထွက်ခွာဖို့ အလားအလာ များနေတာဖြစ်ပါတယ်။

စီလစ်ဟာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း 2 နစ်ကျန်ရှိပြီး လိုင်လီ အသင်းဘက်ကတော့ ကစားသမားအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်း လာမည်ဆိုပါက ရောင်းချသွားဖွယ်ရာ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ လူငယ်နောက်ခံလူ ဝမ်ဘစ်ဆာခါဟာ တိုက်စစ်ကို လိုက်ပါတဲ့ နေရာမှာ အားနည်းမှု ရှိနေခြင်းကို အားမလို အားမရ ဖြစ်နေပြီး

အဆိုပါ နေရာအတွက် အက်သလက်တီ မက်ဒရစ် အသင်းမှ အင်္ဂလန် ကြယ်ပွင့် နောက်တန်း ကစားသမား ထရစ်ပီယာ အပြင် စီလစ် ကိုပါ ချိန်ရွယ်လာတာဖြစ်ပါတယ် ။

Zawgyi Version





