Spots news

ဘာစီလိုနာက ရောင်းချမယ့် ကော်တင်ဟိုကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ လွဲချော်ထားတဲ့ ဥရောပဝင်ခွင့်တွေကို ပြန်လည်ရယူသွားဖို့အတွက် အသင်းကို အင်အားဖြည့်တင်းသွားဖို့

ရှိနေပြီး အသင်းရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ကော်တင်ဟိုကို တစ်ဖန် ပြန်လည်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဆင်နယ်အသင်း ဘက်တစ် ကွင်းလယ်လူ ဖယ်ကီအာ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်နဲ့ လိုင်ယွန်ကွင်းလယ်လူ

အာဝါတို့ကို ပစ်မှတ်ထားနေတဲ့အပြင် ဘာစဌလိုနာအသင်းမှ ရောင်းချလို နေတဲ့ ကော်တင်ဟိုကိုပါ အလိုရှိနေတာ ဖြစ်ပါတယ်။

ကော်တင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လီဗာပူးအသင်းကနေ ဘာစီလိုနာကို စံချိန်တင် ပြောင်းရွေ့ကြေး ပေါင်(၁၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး

စပိန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ၂၀၁၉ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းဆီကိုပါ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။

လက်ရှိမှာလည်း ဒူးဒဏ်ရာ ပြသာနာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အနားယူနေရတဲ့ ကော်တင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကိုပါ ဝင်ရောက်ဆင်နွဲခွင့် မရှိခဲ့ပဲ လွဲချော်ထားခဲ့ရပါတယ်။

ထို့ကြောင့် ကော်တင်ဟိုရဲ့တန်ကြေးတွေက ယူရို(၃၃)သန်းလောက်အထိကို ကျဆင်းသွားခဲ့ရပြီး ဘာစီလိုနာ အသင်းဘက်ကနေလည်း တစ်ပတ်လုပ်ခလစာ

များစွာပေးချေနေရတဲ့ အတွက် အသင်းအတွက် သိပ်အကျိုးမပြုနိုင်တဲ့ ကော်တင်ဟိုကို အပြီးသတ်ရောင်းထုတ်သွားချင်နေပါတယ်။

တန်ကြေးကျဆင်းသွားတဲ့ ကော်တင်ဟိုကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲကမှ အာဆင်နယ်နဲ့ လက်စတာတို့ကနေ အလိုရှိနေကြပြီး

ကော်တင်ဟိုကလည်း သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်လာဖွယ် ရှိနေပါတယ်။

အာဆင်နယ်မှာကလည်း ဘရာဇီးကစားသမားတွေ အများအပြား ရှိလို့နေတာကြောင့် ကော်တင်ဟိုအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် လက်စတာထက် အာဆင်နယ်အသင်းကို ပိုမိုဦးစားပေးရွေးချယ်နိုင်ပါတယ်။

Zawgyi Version






