Spots news

ပေါတောရက်စ်အတွက် ပြောင်းရွေးကြေး သီးသန့်သာပေးဖို့ မန်ယူကို ဗီလာရီးယဲလ်တောင်းဆို

Unicode Version

ဗီလာရီးယဲလ် အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းက ပစ်မှတ်ထားနေတဲ့ နောက်ခံလူပေါတောရက်စ်ကို ပြောင်းရွှေ့ကြေးနဲ့ ကစားသမားအလိုက်ပေး

ကမ်းလှမ်း တာမျိုးကို လက်ခံမှာမဟုတ်ဘဲ ပြောင်းရွှေ့ကြေးသီးသန့်သာ  အလိုရှိနေတယ်လို့ Sport Witness ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

စပိန် အသင်းနဲ့အတူ ယူရို-၂၀၂၀ ပြိုင်ပွဲမှာခြေစွမ်းပြကစားနေတဲ့ ပေါတောရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ်

အသင်းရဲ့ခံစစ်မှာ အဓိက ကစားသမား အဖြစ် ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ရယူခဲ့သူပါ။

အဲဒါကြောင့် အခုနွေရာသီကာလအတွင်း ခံစစ်ကစားသမား တစ်ဦး ခေါ်ယူလိုနေတဲ့ ယူနိုက်တက် အသင်းဟာ ပေါတောရက်စ်ကို

မျက်စိကျနေတာဖြစ်ပြီး အခုအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ပေါတောရက်စ်ရဲ့ စာချုပ်လျော်ကြေးက ယူရို(၆၅)သန်း အထိရှိပြီး ယူနိုက်တက်အသင်းကတော့ ပေါတောရက်စ်အတွက် ပြောင်းရွှေ့ကြေးနဲ့

သူတို့အသင်းက ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းမှုကို လက်ခံဖို့အတွက် ဗီလာရီးယဲလ်အသင်းနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဗီလာရီးယဲလ်အသင်းက အဲဒီကမ်းလှမ်းမှုကို လက်မခံဘဲ ပေါတောရက်စ်ကို လက်လွတ်ခဲ့ရရင် ကစားသမားသစ်တစ်ဦး

ခေါ်ယူဖို့ ငွေကြေးလိုတာကြောင့် ပြောင်းရွှေ့ကြေးသီးသန့်နဲ့သာ ကမ်းလှမ်းမှ လက်ခံစဉ်းစားသွားဖို့ရှိနေပါပြီ။

Credit to Original Uploader

Zawgyi Version

ဗီလာရီးယဲလ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းက ပစ္မွတ္ထားေနတဲ့ ေနာက္ခံလူေပါေတာရက္စ္ကို ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကစားသမားအလိုက္ေပး ကမ္းလွမ္းတာမ်ိဳးကို လက္ခံမွာမဟုတ္ဘဲ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္သာ
အလိုရွိေနတယ္လို႔ Sport Witness ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။

စပိန္အသင္းနဲ႕အတူ ယူရို-၂၀၂၀ ၿပိဳင္ပြဲမွာေျခစြမ္းျပကစားေနတဲ့ ေပါေတာရက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ဗီလာရီးယဲလ္အသင္းရဲ႕ခံစစ္မွာ အဓိက,ကစားသမားအျဖစ္ ပါဝင္ကစားခဲ့ၿပီး အသင္းနဲ႕အတူ ယူရိုပါလိဂ္ဖလား ရယူခဲ့သူပါ။

အဲဒါေၾကာင့္ အခုေႏြရာသီကာလအတြင္း ခံစစ္ကစားသမား တစ္ဦးေခၚယူလိုေနတဲ့ ယူနိုက္တက္အသင္းဟာ ေပါေတာရက္စ္ကို မ်က္စိက်ေနတာျဖစ္ၿပီး အခုအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ေပါေတာရက္စ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက ယူရို(၆၅)သန္း အထိရွိၿပီး ယူနိုက္တက္အသင္းကေတာ့ ေပါေတာရက္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ သူတို႔အသင္းက,ကစားသမားတစ္ဦး အလိုက္ေပးကမ္းလွမ္းမႈကို လက္ခံဖို႔အတြက္ ဗီလာရီးယဲလ္အသင္းနဲ႕ ေဆြးေႏြးေနတာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဗီလာရီးယဲလ္အသင္းက အဲဒီကမ္းလွမ္းမႈကို လက္မခံဘဲ ေပါေတာရက္စ္ကို လက္လြတ္ခဲ့ရရင္ ကစားသမားသစ္တစ္ဦးေခၚယူဖို႔ ေငြေၾကးလိုတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္နဲ႕သာ ကမ္းလွမ္းမွ လက္ခံစဥ္းစားသြားဖို႔ရွိေနပါၿပီ။

Credit to Original Uploader