Spots news

ဟာလန်းကို ‌ချယ်လဲဆီးထက် လက်ဦးမှုရယူပြီး ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်သူ ဟာလန်းကို ခေါ်ယူဖို့ တိတ်တဆိတ် ကြိုးပမ်း ဆောင်ရွက်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၀အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ကြယ်ပွင့်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပြီး

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ထို့ကြောင့် ဟာလန်းကို ခေါ်ယူဖို့ ဥရောပ နာမည်ကြီး ထိပ်တန်း ကလပ် အသင်းများက စိတ်ဝင်စားနေပြီး ဒေါ့မွန်အသင်း ကတော့ ယခုနှစ်

နွေရာသီ အပြောင်းအရွှေ့မှာ လူငယ်တိုက်စစ်မှူးကို ရောင်းချလိုခြင်း မရှိပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းကတော့ ယခုအပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ကြိုးစားနေပြီး ဟာလန်းအတွက် ယူရို ၁၁၀သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းက

ချက်ချင်း ပယ်ချခဲ့ပြီး ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ အလိုရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca က ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂၀၂၂ခုနှစ်ရောက်မှ ဟာလန်းကို ခေါ်ယူပါက ယူရို ၇၅သန်းသာ သုံးစွဲရမှာ ဖြစ်ပေမယ့် အခြား ထိပ်တန်းအသင်းတွေနဲ့ မယှဉ်ပြိုင်ချင်တာကြောင့် ယခုနှစ် နွေရာသီ

အပြောင်းအရွှေ့မှာပဲ ဟာလန်းကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဟာလန်းကို ရီးရဲလ်မက်ဒရစ်သာမက ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နဲ့ ချယ်လ်ဆီး အသင်းတို့ကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi Version








