Spots news

ဟာနိုဂလူးရဲ့ နေရာကိုအစားထိုးဖို့ ယူနိုက်တက်ကွင်းလယ်လူကို ချိန်ရွယ်လာတဲ့ အေစီမီလန်

Unicode Version

အီတလီ စီးရီးအေ ကလပ် အေစီမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ

ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်းထံ သို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း အီတလီ သတင်းဌာနများက ဖော်ပြ သွားပါတယ်။

လက်ရှိအချိန်မှာ အေစီမီလန်အသင်းဟာ သူတို့ရဲ့အဓိကကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ကယ်ဟာနိုဂလူးကို အင်တာသို့ လက်လွတ် ဆုံးရှုံးရပြီ ဖြစ်တတာ ကြောင့်

ယူနိုက်တက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ နယ်သာလန် ကွင်းလယ်လူကို စိတ်ဝင်စား လာရခြင်း ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ပေါင် သန်း ၄၀ ဖြင့်

ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန် နေခဲ့ရသလို အရန်ကစားသမား အဖြစ်နဲ့ အချိန်ကုန် နေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၄ ပွဲသာ မန်ယူအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်တော်မီနေး၊ ဖရက်နှင့် မာတစ်တို့၏

နောက်မှသာ ပါဝင်ခွင့် ရရှိနေတဲ့ အတွက် ဗန်ဒီဘိခ်က ပုံမှန်ပွဲထွက်ခွင့် ရရှိနိုင်မယ့် အသင်း တစ်သင်းဆီသို့ ပြောင်းရွေ့လိုနေတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ တူရကီလက်ရွေးစင် ကွင်းလယ်လူ ကယ်ဟာနိုဂလူးဟာ မြို့ခံပြိုင်ဘက် အင်တာမီလန်ကို အလွတ်နဲ့ ပြောင်းရွေ့သွားပြီ ဖြစ်သလို

ယူနိုက်တက်ဘက်ကလဲ ဗန်ဒီဘိခ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးဆိုရင် စဉ်းစားသွားဖွယ် ရှိနေပါတယ်။

ထို့ကြောင့် အေစီမီလန်အသင်းဟာ ကယ်ဟာနိုဂလူးရဲ့နေရာမှာအစားထိုးဖို့ ဗန်ဒီဘိခ်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဗန်ဒီဘိခ်အပြင် မာဆေးလ် အသင်း

ကစားသမား ကာမာရာနဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ်တို့ကိုလည်း လျာထားစာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Zawgyi Version

အီတလီ စီးရီးေအ ကလပ္ ေအစီမီလန္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးခဲ့တဲ့ နယ္သာလန္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူဖို႔ ယူနိုက္တက္ အသင္းထံ သို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း အီတလီ သတင္းဌာနမ်ားက ေဖာ္ျပ သြားပါတယ္။

လက္ရွိအခ်ိန္မွာ ေအစီမီလန္အသင္းဟာ သူတို႔ရဲ႕အဓိကကြင္းလယ္လူ တစ္ဦးျဖစ္တဲ့ ကယ္ဟာနိုဂလူးကို အင္တာသို႔ လက္လြတ္ ဆုံးရႈံးရၿပီ ျဖစ္တတာ ေၾကာင့္ ယူနိုက္တက္ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ နယ္သာလန္ ကြင္းလယ္လူကို စိတ္ဝင္စား လာရျခင္း ျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ေအဂ်က္စ္ကေန ယူနိုက္တက္ အသင္းဆီကို ေပါင္ သန္း ၄၀ ျဖင့္ ေရာက္ရွိလာခဲ့တာ ျဖစ္ေပမယ့္ အသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ ေနခဲ့ရသလို အရန္ကစားသမား အျဖစ္နဲ႕ အခ်ိန္ကုန္ ေနရပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ ၄ ပြဲသာ မန္ယူအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး ဖာနန္ဒက္စ္၊ ေပါ့ဂ္ဘာ၊ မက္ေတာ္မီေနး၊ ဖရက္ႏွင့္ မာတစ္တို႔၏ ေနာက္မွသာ ပါဝင္ခြင့္ ရရွိေနတဲ့ အတြက္ ဗန္ဒီဘိခ္က ပုံမွန္ပြဲထြက္ခြင့္ ရရွိနိုင္မယ့္ အသင္း တစ္သင္းဆီသို႔ ေျပာင္းေ႐ြ႕လိုေနတာ ျဖစ္ပါတယ္။

ေအစီမီလန္အသင္းရဲ႕ တူရကီလက္ေ႐ြးစင္ ကြင္းလယ္လူ ကယ္ဟာနိုဂလူးဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္ကို အလြတ္နဲ႕ ေျပာင္းေ႐ြ႕သြားၿပီ ျဖစ္သလို ယူနိုက္တက္ဘက္ကလဲ ဗန္ဒီဘိခ္အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ိဳးဆိုရင္ စဥ္းစားသြားဖြယ္ ရွိေနပါတယ္။

ထို႔ေၾကာင့္ ေအစီမီလန္အသင္းဟာ ကယ္ဟာနိုဂလူးရဲ႕ေနရာမွာအစားထိုးဖို႔ ဗန္ဒီဘိခ္ကို ပစ္မွတ္ထားေနတာျဖစ္ၿပီး ဗန္ဒီဘိခ္အျပင္ မာေဆးလ္ အသင္းကစားသမား ကာမာရာနဲ႕ ခ်ယ္လ္ဆီးကြင္းလယ္လူ ကိုဗာခ်စ္တို႔ကိုလည္း လ်ာထားစာရင္းမွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။