Spots news

စာချုပ်သက်တမ်း (၅) ရက်သာကျန်တော့တဲ့မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းမှု မလုပ်ရသေးတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ ဇွန်လ (၃၀)ရက်မှာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရရှိသေးကြောင်း Goal.com က အခိုင်အမာဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်း တာဝန်ရှိသူများက အသက် (၃၄)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်း သိရှိရပါတယ်။

သို့ပေမယ့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အနေဖြင့် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မက်ဆီအနေဖြင့် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြား ထားပါတယ်။

လာပေါ်တာဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် မက်ဆီရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

လက်ရှိမှာ အာဂျင်တီးနားအသင်းနှင့် ကိုပါအမေရိကပြိုင်ပွဲ ကစားနေသည့် မက်ဆီကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဝင်ငွေများလျော့ကျခဲ့တဲ့ အတွက် လက်ရှိတွင် ကြွေးမြီ ယူရို(၁)ဘီလီယံကျော် တင်ရှိနေပြီး

မက်ဆီအား အသင်းတွင်ဆက်ထိန်းမည်ဆိုပါက အသင်း၏လစာကို လျှော့ချရန် လိုအပ်ကြောင်း လာလီဂါအဖွဲ့ချုပ်(LFP)ဥက္ကဋ္ဌ တီဘက်စ်က သတိပေး ပြောကြားခဲ့ပါ‌ သေးတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ဇြန္လ (၃၀)ရက္မွာ အသင္းႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမည့္ အသင္းေခါင္းေဆာင္ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈမရရွိေသးေၾကာင္း Goal.com က အခိုင္အမာေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္း တာဝန္ရွိသူမ်ားက အသက္ (၃၄)ႏွစ္အ႐ြယ္ရွိ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးေနေသာ္လည္း လက္ရွိအခ်ိန္အထိ တိုးတက္မႈမရွိေသးေၾကာင္း သိရွိရပါတယ္။

သို႔ေပမယ့္ ဘာစီလိုနာအသင္းဥကၠ႒ လာေပၚတာက မိမိတို႔အေနျဖင့္ မက္ဆီအား စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္မည္ဟု ယုံၾကည္ေၾကာင္းႏွင့္ မက္ဆီအေနျဖင့္ အသင္းမွထြက္ခြာမည္မဟုတ္ေၾကာင္း ေျပာၾကား ထားပါတယ္။

လာေပၚတာဟာ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ မက္ဆီရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ ဖခင္ျဖစ္သူ ေဟာ္ဟဲမက္ဆီႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေသာ္လည္း လက္ရွိအခ်ိန္ထိ တရားဝင္ ကမ္းလွမ္းျခင္း မရွိေသးေၾကာင္း သိရွိရပါတယ္။

လက္ရွိမွာ အာဂ်င္တီးနားအသင္းႏွင့္ ကိုပါအေမရိကၿပိဳင္ပြဲ ကစားေနသည့္ မက္ဆီကိုယ္တိုင္ကလည္း သူ႕ရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ ဆုံးျဖတ္ရျခင္းမရွိေသးေၾကာင္း စပိန္အားကစားသတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ဝင္ေငြမ်ားေလ်ာ့က်ခဲ့တဲ့ အတြက္ လက္ရွိတြင္ ေႂကြးၿမီ ယူရို(၁)ဘီလီယံေက်ာ္ တင္ရွိေနၿပီး မက္ဆီအား အသင္းတြင္ဆက္ထိန္းမည္ဆိုပါက အသင္း၏လစာကို ေလွ်ာ့ခ်ရန္ လိုအပ္ေၾကာင္း လာလီဂါအဖြဲ႕ခ်ဳပ္(LFP)ဥကၠ႒ တီဘက္စ္က သတိေပးေျပာၾကားခဲ့ပါ‌ ေသးတယ္။