Spots news

အေးဂျင့်ဂျော့ခ်ျမန်ဒက်စ် ရှာဖွေနေတဲ့ ရော်နယ်ဒို ပြောင်းရွေ့ကစားမယ့် အသင်းသစ်

Unicode Version

ကျင်းပလျက် ရှိနေတဲ့ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနှင့်အတူ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသော်လဲ တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ ကလပ် အသင်း ဂျူဗင်တပ် နဲ့

အနာဂတ်မှာ သေချာရေရာခြင်း မရှိပဲ အပြောင်းအရွေ့ အချိန်မရွေး ဖြစ်ပေါ်နိုင်ကြောင်း ဥရောပ သတင်းမီဒီယာ များက ဖော်ပြသွားပါတယ်။

လက်ရှိ အချိန်မှာ ရော်နယ်ဒို အနေနဲ့ ဂျူဗင်တပ်အသင်းကို စွန့်ခွာမည်ဆိုသော ကောလာဟလများမှာ တောက်လျှောက်ထွက်ပေါ်နေပြီး

ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီဟာ ရော်နယ်ဒိုရဲ့ ဦးတည်ရာဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိ နေပါတယ်။

ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂေးဇ်က ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်မှာပဲ ဆက်လက်ရှိမည်ဟု

ပြောဆိုခဲ့ပေမယ့် လက်ရှိအခြေအနေအရ ရော်နယ်ဒိုသည် ဂျူဗင်တပ်ကို စွန့်ခွာရန် ပို၍ပို၍ နီးစပ်လာ နေပါတယ်။

စီးရီးအေ ကလပ်ဂျူဗပ်တပ် အနေနဲ့လဲ အသင်းမှာ ရော်နယ်ဒိုကို ဆက်လက် ရှိနေစေချင်ပေမယ့် တစ်နှစ်လျှင် ယူရို သန်း ၆၀ ခန့် ပေးရသော ရော််နယ်ဒိုရဲ့

လစာငွေကြောင့် အသင်းပြောင်းရွေ့သွားမည်ဆိုရင်လဲ ဂျူဗင်တပ်အနေနဲ့ ငွေကြေးစီမံခန့်ခွဲမှု သက်သာသွားမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပီအက်စ်ဂျီနှင့် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် တို့ကို ပြန်လည် ပြောင်းရွေ့ ကစားနိုင်တဲ့ အခြေအနေရှိနေပြီး ပီအက်စ်ဂျီနဲ့

ယူနိုက်တက် တို့ကလဲ ရော်နယ်ဒိုကို ခေါ်ယူရေးအတွက် အိုင်ကာဒီ နှင့် ပေါ့ဘာတို့ကို အလိုက်ပေး ကမ်းလှမ်းထားကြောင်း သတင်းများက ဆိုပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ မကြာသေးမီ ရက်ပိုင်းအတွင်းက ပြင်သစ်သို့ သွားရောက်ပြီး ပီအက်စ်ဂျီအသင်းနှင့် ရော်နယ်ဒို၏

အပြောင်းအရွှေ့များကို ဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ် နေတာ ဖြစ်ပြီး ယူရိုပြိုင်ပွဲအပြီးမှာ တိကျတဲ့ အဖြေ ရရှိနိုင်ကြောင်း သတင်းများက ဆိုပါတယ်။

Zawgyi Version

က်င္းပလ်က္ ရွိေနတဲ့ ယူရိုၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းႏွင့္အတူ ရႈံးထြက္အဆင့္သို႔ တက္ေရာက္သြားေသာ္လဲ တိုက္စစ္မႉး ေရာ္နယ္ဒို အေနနဲ႕ ကလပ္ အသင္း ဂ်ဴဗင္တပ္ နဲ႕ အနာဂတ္မွာ ေသခ်ာေရရာျခင္း မရွိပဲ အေျပာင္းအေ႐ြ႕ အခ်ိန္မေ႐ြး ျဖစ္ေပၚနိုင္ေၾကာင္း ဥေရာပ သတင္းမီဒီယာ မ်ားက ေဖာ္ျပသြားပါတယ္။

လက္ရွိ အခ်ိန္မွာ ေရာ္နယ္ဒို အေနနဲ႕ ဂ်ဴဗင္တပ္အသင္းကို စြန႔္ခြာမည္ဆိုေသာ ေကာလာဟလမ်ားမွာ ေတာက္ေလွ်ာက္ထြက္ေပၚေနၿပီး ျပင္သစ္လီဂူးဝမ္းကလပ္ ပီအက္စ္ဂ်ီဟာ ေရာ္နယ္ဒိုရဲ႕ ဦးတည္ရာျဖစ္လာနိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိ ေနပါတယ္။

ေရာ္နယ္ဒိုရဲ႕ ခ်စ္သူ ေဂ်ာ္ဂ်ီနာရိုဒရီေဂးဇ္က ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒို အေနနဲ႕ အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္မွာပဲ ဆက္လက္ရွိမည္ဟု ေျပာဆိုခဲ့ေပမယ့္ လက္ရွိအေျခအေနအရ ေရာ္နယ္ဒိုသည္ ဂ်ဴဗင္တပ္ကို စြန႔္ခြာရန္ ပို၍ပို၍ နီးစပ္လာ ေနပါတယ္။

စီးရီးေအ ကလပ္ဂ်ဴဗပ္တပ္ အေနနဲ႕လဲ အသင္းမွာ ေရာ္နယ္ဒိုကို ဆက္လက္ ရွိေနေစခ်င္ေပမယ့္ တစ္ႏွစ္လွ်င္ ယူရို သန္း ၆၀ ခန႔္ ေပးရေသာ ေရာ္္နယ္ဒိုရဲ႕ လစာေငြေၾကာင့္ အသင္းေျပာင္းေ႐ြ႕သြားမည္ဆိုရင္လဲ ဂ်ဴဗင္တပ္အေနနဲ႕ ေငြေၾကးစီမံခန႔္ခြဲမႈ သက္သာသြားမွာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ပီအက္စ္ဂ်ီႏွင့္ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ တို႔ကို ျပန္လည္ ေျပာင္းေ႐ြ႕ ကစားနိုင္တဲ့ အေျခအေနရွိေနၿပီး ပီအက္စ္ဂ်ီနဲ႕ ယူနိုက္တက္ တို႔ကလဲ ေရာ္နယ္ဒိုကို ေခၚယူေရးအတြက္ အိုင္ကာဒီ ႏွင့္ ေပါ့ဘာတို႔ကို အလိုက္ေပး ကမ္းလွမ္းထားေၾကာင္း သတင္းမ်ားက ဆိုပါတယ္။

လက္ရွိမွာ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ မၾကာေသးမီ ရက္ပိုင္းအတြင္းက ျပင္သစ္သို႔ သြားေရာက္ၿပီး ပီအက္စ္ဂ်ီအသင္းႏွင့္ ေရာ္နယ္ဒို၏ အေျပာင္းအေ႐ႊ႕မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚ ေနတာ ျဖစ္ၿပီး ယူရိုၿပိဳင္ပြဲအၿပီးမွာ တိက်တဲ့ အေျဖ ရရွိနိုင္ေၾကာင္း သတင္းမ်ားက ဆိုပါတယ္။